Home » » ပုဂ္ဂလိက နေ့စဉ်သတင်းစာများ ဧပြီ ၁ တွင် စတင်ထုတ်ဝေခွင့်ပြုမည်

ပုဂ္ဂလိက နေ့စဉ်သတင်းစာများ ဧပြီ ၁ တွင် စတင်ထုတ်ဝေခွင့်ပြုမည်



လွတ်လပ်သော ပုဂ္ဂလိကပိုင် နေ့စဉ်သတင်းစာများကို လက်ရှိအစိုးရ၏ သက်တမ်း ၂ နှစ်ပြည့်သည့် ၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ထုတ်ဝေခွင့်ပြုမည်ဟု ပြန်ကြားရေးဌာနက ကြေညာ လိုက်သည်။

နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခံထားရသူက တဦးတည်းပိုင် (သို့မဟုတ်) အဖွဲ့အစည်းပိုင် အနေဖြင့် ၂ဝ၁၃ ခုနှစ်၊
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ပြန်ကြားရေးဝန်ကြီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း သောကြာနေ့က ထုတ်ပြန်အသိပေးလိုက်သည်။

ထုတ်ဝေရာတွင် တိုင်းရင်းသားဘာသာ တမျိုးမျိုးနှင့်ဖြင့်စေ နိုင်ငံခြားဘာသာ တမျိုးမျိုးနှင့်ဖြစ်စေ ထုတ်ဝေခွင့်ပြုမည် ဟုဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ရာနှင့်ချီသော အပတ်စဉ်ထုတ်ဂျာနယ်များအနက် အနည်းဆုံး ဂျာနယ်ကြီး လေးစောင်မှာ
နေ့စဉ်သတင်းစာအဖြစ် ထုတ်ဝေသွားနိုင်ရန် အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG