Home » » ကချင် ဒုက္ခသည်များ အတွက် လုံခြုံရေး ပြင်ဆင်

ကချင် ဒုက္ခသည်များ အတွက် လုံခြုံရေး ပြင်ဆင်


KNU 01အစိုးရ စစ်ဆင်ရေးကြောင့် KIO ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ပြေး ဒုက္ခသည်များသည် ၄င်းတို့လုံခြုံရေးအတွက် အကာအကွယ် အစီအမံ များ ပြင်ဆင် ဆောင်ရွက်ထားကြရန် နှိုးဆော်ထားကြောင်း ကချင် ဒုက္ခသည် စခန်း တာဝန်ခံ ဦးဒွဲပီဆာက ပြောပါသည်။
“မတော်တဆ လက်နက် ကြီး/ငယ် ကျည်ဆံတွေ စခန်းဘက် ကျလာရင် ဘေးကင်းဖို့ အတွက် ကြိုတင် ပြင်ဆင် မှုတွေ လုပ်ထား ဖို့ကို ကျနော်တို့ နှိုးဆော်ထားတာဖြစ်တယ် စခန်းအတွင်း လက်နက်ကြီး ခိုကျင်းတွေ တူးထားဖို့ရယ် ပြီးတော့ စခန်းအပြင်မထွက်ဖို့ရယ်။ တိုက်ပွဲ ဖြစ်လာရင်လည်း စခန်းထဲမှာပဲ စုစုစည်းစည်း နေကြဖို့ စီစဉ်ထားတာဖြစ်ပါတယ်” ဟု ဆိုပါသည်။
မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၏ ရာဇသံနှင့်အတူ စစ်ရေး ပြင်ဆင် အင်အား ဖြည့်တင်း ထားမှု အရ ယခု ကဲ့သို့ လိုက်လံနှိုးဆော် ထားရခြင်းဖြစ်သည် ဟုလည်း ဆိုပါသည်။

တိုက်ပွဲ ဖြစ်ပွားပါက အစိုးရ တပ်ဖွဲ့ များမှ ကချင် အမျိုးသား များအား KIA တပ်သား များဟု စွပ်စွဲကာ ပစ်သတ်လေ့ ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန် လာပါက စခန်း အတွင်း၌ နေထိုင်ကြရန် ကိုလည်း တိုက်တွန်း ထားပါသည်။
နိုဝင်ဘာလ (၂၇) ရက်နေ့က ရှမ်းမြောက်ပိုင်းရှိ မူဆယ်မြို့နယ် ဖိုင်ကောင်ကျေးရွာအနီးတွင် အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့က တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ အစိုးရတပ်ဖွဲ့ ခမရ (၂၄၀) တပ်ဖွဲ့တို့က တိုက်ပွဲအတွင်း အထိနာနေသောကြောင့် ရွာအနာရှိ ဖိုင်ကောင်ဒုက္ခသည်စခန်းကို ဝင်ရောက် မီးရှို့ဖျက်ဆီး ခဲ့သည့်အပြင် ဒုက္ခသည် (၂၀) ဦးကိုလည်း ဖမ်းဆီးညှင်းပန်း နှိပ်စက်ခဲ့ပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2441-2012-11-30-10-39-18.html


“ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၇) ရက်နေ့က ရှမ်းမြောက် ပိုင်းမှာ ရှိတဲ့ ဒုက္ခသည် စခန်း တစ်ခုဖြစ်တဲ့ (ဖိုင်ကောင်) စခန်းကို အစိုးရတပ်ဖွဲ့ တို့က လာရောက် မီးရှို့ ဖျက်စီး လိုက်တယ်။ ဒုက္ခသည် တွေကို ဖမ်းဆီး တာတို့ ရှိခဲ့တယ် ဆိုတော့ သိမ့်ပြီးတော့ စိတ်မချ ရဘူးး။ ဒါပေမဲ့ အ ကောင်းဆုံး ဖြစ်အောင်တော့ စီစဉ် ထားပေး ပါတယ်။” ဟု ၄င်းက ဆိုပါသည်။






တချို့ဒုက္ခသည်စခန်း ရိက္ခာများ ပြတ်တောက်နေပြီး အအေးဓါတ်လွန်ကဲမှုနှင့်အတူ ကလေးနှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး လည်း စိုးရိမ်စရာရှိသည်ဟု ဆိုပါသည်။
ကချင် လွတ်လပ်ရေး တပ်မတော်နှင့် အစိုးရ တပ်ဖွဲ့ တို့၏ တစ်နှစ် ကျော်ကြာ ဖြစ်ပွား ခဲ့သည့် ပြည်တွင်း စစ်ကြောင့် စစ်ပြေး ဒုက္ခ သည်များ သိန်းဂဏန်း ဝန်းကျင် အထိပင် ရှိခဲ့ကာ ဒုက္ခသည် စုစုပေါင်း၏ သုံးပုံ နှစ်ပုံမှာ KIO ထိန်းချုပ် ဧရိယာ အတွင်းတွင် ခိုလှုံလျက် ရှိကြသည်။ 

စခန်း ကော်မီတီ များ၏ ထုတ်ဖော် ပြောကြားချက်များ အရ ဒုက္ခသည် ၆ဝ, ဝဝဝ ကျော် တို့သည် KIO ထိန်းချုပ် ဧရိယာ အတွင်းတွင် ခိုလှုံလျက် ရှိကြပြီး ကျန် ၃ဝ, ဝဝဝ ကျော်မှာ အစိုးရတပ် ထိန်းချုပ် နယ်မြေ များတွင် ခိုလှုံလျက် ရှိကြသည်။
ကုလသမဂ (UN) မှလည်း ၄င်း KIO ထိန်းချုပ် နယ်မြေတွင်းရှိ ဒုက္ခသည်များအား လူသားချင်း စာနာမှု အကူအညီ ပေးအပ်နိုင်ရန် အတွက် မြန်မာ အစိုးရအား ကမ်းလှမ်း ပြောဆို ထားသော်လည်း လုံခြုံရေး အကြောင်းပြချက်ဖြင့် ငြင်းဆိုထားဆဲဖြစ်ပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2489-kia-un-.html
အစိုးရတပ်များသည် ရွာထဲပစ်ခတ်ခြင်းကို လုပ်လေ့ရှိသည့်အတွက် ဒုက္ခသည် စခန်းကိုလ
ည်း ပစ်ခတ်တိုက်ခိုက်လိမ့်မည် ဖြစ်ပါသည်။ ဤသို့ကြောင့် စခန်းတွင်းနေထိုင်သူများ၏ လုံခြုံရေးကို စိုးရိမ်စရာရှိနေ၍ အကာအကွယ် အစီအမံများ လုပ်ဆောင်ထားရန် KIO ဘက်မှ လည်းအကြံပြုထားပါသည်။


http://www.phophtaw.org/burmese/
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG