ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်၊ ဦးဝင်းထွန်းနှင့် ရှမ်းပြည် နယ် ဝန်ကြီးချုပ် စဝ်အောင်မြတ်တို့ တက်ရောက်ခဲ့သည်။ ကေအိုင်အို ကိုယ်စားပြု၍ ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် တက်ရောက်မည်ဟု သိရှိထားရသော်လည်း ယနေ့ဆွေးနွေးပွဲသို့ ဗိုလ်မှူးချုပ် ဂွမ်မော် တက်ရောက်ခြင်း မရှိသလို ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား တက်ရောက်ရန် စီစဉ်ထားခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးလည်း တက်ရောက်မှု မရှိကြောင်း ဦးလှမောင်ရွေ၏ ပြောကြားချက်အရ သိရှိရသည်။
နိုဝင်ဘာလတွင် ကျင်းပမည့် ပဉ္စမအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို မြန်မာပြည်တွင်း၌ ကျင်းပရန် ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့က အဆိုပြုထားပြီး မူဆယ် သို့မဟုတ် ဗန်းမော်မြို့တွင် ကျင်းပရန် ကမ်းလှမ်း ချက်ကို ကေအိုင်အို မှ ငြင်းဆိုခြင်း မရှိသည့်အတွက် သဘောတူညီချက် ရသည်ဟု သတ်မှတ်ရမှာ ဖြစ်ကြောင်း၊ အဆိုပါ တွေ့ဆုံပွဲ တွင် နိုင် ငံရေး ဆွေးနွေးမှုများ ပါဝင်မှာဖြစ်ကြောင်း၊ ယနေ့ ဆွေးနွေးပွဲတွင် ကေအိုင်အေမှ ဗိုလ်မှူးချုပ် ဂွမ်မော် တက်ရောက်ခြင်း မရှိသည့်အတွက် စစ်ရေးကိစ္စများ ဆွေးနွေးနိုင်မှု မရှိကြောင်း၊ ဆွေးနွေးမှု များကိုလည်း နှစ်ဖက် သဘောတူညီချက် လက်မှတ် ရေးထိုးထားခြင်း မရှိကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ဦးလှမောင်ရွှေ ၏ ပြောကြားချက်အရ သိရှိရပါသည်။
ယနေ့ ဆွေးနွေးပွဲကို တရုတ် မြန်မာနယ်စပ်ရှိ ရွှေလီမြို့၊ Jing Cheng ဟိုတယ်၌ မနက် ၁ဝး၃ဝ အချိန်တွင် ကျင်းပ ခဲ့ခြင်းဖြစ်ပြီး နေ့လယ် ၂ နာရီခွဲအချိန်တွင် ဆွေးနွေးပွဲ ပြီးဆုံးခဲ့ပါသည်။

0 comments:
Post a Comment