Home » » ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယ ခရီးစဉ် နိုဝင်ဘာ ၁၃ တွင် စတင်မည်၊ အိန္ဒိယက မြန်မာသာမက ဗဟိုအာရှနှင့် အာဖရိကနိုင်ငံများသို့ ဩဇာနယ်ပယ် ချဲ့ထွင်ရန် ကြံစည်

ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယ ခရီးစဉ် နိုဝင်ဘာ ၁၃ တွင် စတင်မည်၊ အိန္ဒိယက မြန်မာသာမက ဗဟိုအာရှနှင့် အာဖရိကနိုင်ငံများသို့ ဩဇာနယ်ပယ် ချဲ့ထွင်ရန် ကြံစည်



ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးဖြစ်သော အိန္ဒိယနိုင်ငံ ဒေ လီမြို့သို့ နိုဝင်ဘာ ၁၃ ရက်တွင် ရောက်ရှိရန် စီစဉ်ထားသည်။ ဤခရီးစဉ်မှာ ၁၉၆ဝ ခုနှစ်များ အတွင်းက သူ့မိခင် သံအမတ် ကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ရာသို့ နှစ် ၄ဝ အတွင်း သွားရောက်မည့် ပထမဆုံး ခရီးစဉ် ဖြစ်သည်။ သို့သော် အိန္ဒိယနှင့်မြန်မာကြား ဂရုတစိုက် သတိထားရမည့် ဆက်ဆံရေး အနေ အထားကြောင့် အိန္ဒိယ ခေါင်းဆောင် များနှင့် တွေ့ ဆုံရာတွင် အစိုးရချင်း ကိစ္စများကို တရားဝင် ဆွေးနွေး မည့်ဟန် မရှိချေ။

လွန်ခဲ့သည့်နှစ်တွင် မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာနှင့် ဆက်ဆံရေးကို ဖွင့်လှစ်ခဲ့ရာ အိန္ဒိယက အလယ်အလတ် လမ်းစဉ်ကို စတင် ကျင့်သုံးခဲ့သည်။ ဦးသိန်းစိန်၏ အိန္ဒိယခရီးစဉ်က အိန္ဒိယ၏ အလယ် အလတ်လမ်းစဉ်ကို အခိုင်အမာဖြစ် စေခဲ့သည်။ ယခုနှစ် မေလနှောင်း ပိုင်းက မြန်မာနိုင်ငံ ရန်ကုန်နှင့် နေပြည်တော်သို့ သွားရောက် ခဲ့သော ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ ခရီးစဉ်ကလည်း အိန္ဒိယ၏ မြန်မာဘက်သို့ ပြန်လှည့် လာခြင်းကို အချက် ပြခဲ့သည်။

အိန္ဒိယသည် မြန်မာဗိုလ်ချုပ်ကြီး များနှင့် တရုတ်နိုင်ငံ အကြား၌ သပ်လျှိုရန်ကြိုးစားခဲ့ပြီး လစ်ဟာသွားမည့် နေရာတွင် အိန္ဒိယ၏ စီးပွားရေး လုပ်ငန်းများဖြင့် ဖြည့်ဆည်းရန် မျှော်လင့်ထားခဲ့သည်။ သို့သော် နိုင်ငံရေး မဟာဗျူဟာနှင့် စီးပွားရေးကို အရှည် တည်တံ့အောင် မစွမ်းဆောင်နိုင်ခဲ့သဖြင့် အိန္ဒိယဩဇာ နယ်ပယ်ကို မချဲ့ထွင်နိုင်ခဲ့ပေ။

ထို့ကြောင့် အိန္ဒိယ အစိုးရနှင့်  စီးပွားရေးလုပ်ငန်းကြီးများသည် မြန်မာသာမက ဗဟိုအာရှနှင့် အာဖရိက နိုင်ငံများ သို့ အိန္ဒိယ အမှတ်တံဆိပ်ကို တင်ပို့နိုင်ရန် အချင်းချင်း ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်နေသေးကြောင်း လေ့လာသူ များက သုံးသပ်ကြသည်။

Ref: times of India,IST
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG