လှပသော လိပ်ပြာ လေး ၃ ကောင်၊ ပက်ထရီရှာ၊ မီနာဗာ၊ မာရီရာ ၊ နိုဝင်ဘာ ၂၅ ၁၉၆၀ မှာ ကျဆုံးခြင်း အမှတ်တရ။

ဒီနေ. နိုဝင်ဘာ ၂၅ ရက်။ ဒီနေ.ဟာ
တကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးအားလုံးအပေါ်က အကြမ်းဖက်မှုအ၀၀ကို ဆန်.ကျင်သော
နေ.ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှ စ၍ ကုလသမဂ္ဂ အဖွဲ.ကြီးက နိုဝင်ဘာ ၂၅ ရက် ကို
အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၅၄/၁၃၄ အရ ( The 25th November as the International Day for the Elimination of Violence Against Women
(Resolution 54/134) ကမ္ဘာ.အမျိုးသမီးများအပေါ်ကျရောက်တဲ. ကြမ်းတမ်း
ရက်စက်မှု အ၀၀ပပျောက်ရေးနေ.လို.သတ်မှတ်ခဲ.ပါတယ်။ ဒီလို ကုလသမဂ္ဂ၏
ဆုံးဖြတ်ချက်ဟာ ၁၉၅၀-၁၉၆၀ နှစ်များ အတွင်း ဒိုမေရိကန် ရီပတ်ဘလစ် နိုင်ငံက
အကြမ်းဖက်တဲ.အာဏာရှင်ကို မကြောက်ပဲဖီဆန်ခဲ.တဲ. အထူးဖြောင်.မတ် ရဲရင်တဲ.
မျိုးချစ် အမျိုးသမီး ကလေး ၃ ဦးကို ရည်စူး ဂုဏ်ပြု ခဲ.ခြင်းဖြစ်ပါတယ်။
ဒိဆောင်းပါးလေးဖတ်ပြီး ရင်--၁၉၆၀ နိုဝင်ဘာ ၂၅ နေ.မှာ ကြမ်းတမ်းတဲ. အာဏာရှင်
လက်ချက်နဲ. ကျဆုံးခဲ. တဲ. လိပ်ပြာမယ်လေး၃ယောက် ဖြစ်လေတဲ.
ဒိုမေရီကန်ရီပတ်ဘလစ် နိုင်ငံက ပက်ထရီရှာ၊ မီနာဗာ၊ မာရီရာ တို. ညီအမ ၃ယောက်
ကို အမှတ်ရစေချင်ပါတယ်။ ။
ဒီနေ. နိုဝင်ဘာ ၂၅ ၂၀၁၂၊ လိပ်ပြာလေး ၃ ကောင် ကို ရာဖဲ ထျူဇီဂျို ဆိုတဲ.စစ်အာဏာ ရှင်တစ်ဦးက သူ.ဘေးက ထောက်လှန်းရေး လူမိုက်လူဆိုးတွေသုံးပြီး ခြေမွ ဖျက်ဆီးခဲ.တာ ဒီနေ.ဆို ၅၂ နှစ် ပြည်.ခဲ.ပါပြီ။ စစ်အာဏာရှင် ထျူဇီဂျိုက သူတို. အသက်ကိုပဲ ဖျက်ဆီး နိုင်ခဲ.ပါတယ်။ သူရဲကောင်းဆိုတာ သူတို. ဂုဏ်သိက္ခာ နဲ. သမိုင်းကို ဘယ်သူဖျက်ဖျက်၊ဘယ်သူသတ်သတ် ပျက်ရိုးထုံးစံ မရှိပါ။ သူတို.ခြေရာ၊သူတို.အစွမ်းသတ္တိတွေကို ဘယ်သူတွေက ဘယ်လောက်ပဲဆိုးတဲ. အကြမ်းဖက်တဲ.နည်းတွေသုံးသုံး သူတို. ဖျက်ဆီးချင်တိုင်း ဖျက်ဆီးလို. မရနိုင်ပါ။ ကြည်.တတ်ရင် ဒီလိပ်ပြာလေး ၃ ကောင် က သူတို.ချစ်တဲ.ဒိုမေနီကန် ကျွန်ူးနိုင်ငံလေး ရဲ. ကောင်းကင်မှာ ပျံဝဲနေဆဲဆိုတာတွေ.လိမ်.မယ်။
လိပ်ပြာ ၃ ကောင် ဘယ်လိုနည်းနဲ. သူတို. ဤကမ္ဘာမြေက စွန်.ခွာ ခဲ.ရသလဲ။
၁၉၆၀ နိုဝင်ဘာ ၂၅ မိုး တည ၊ Victoria Penitentiary in Santo Domingo ဆန်ဒို ဒိုမင်ဂိုမှာ ရှိတဲ. ၀ိတိုရိယ အကျဉ်းထောင်ထဲ က ခင်ပွန်းတွေစီ ညီ အမ ၃ ယောက် ထောင်ဝင်စာ သွားတွေ.ကြတယ်။ ညနေဖက် အိမ်အပြန်တောလမ်းမှာ သူရဲကာင်း ညီ အမ ၃ယောက် စလုံး တပြိုင်နက် လုပ်ကြံခံရတယ်။ သူတို.ညီအမတွေရဲ.ခင်ပွန်းတွေ နိုင်ငံရေးကြောင်.ထောင်ထဲရောက်နေကြတယ်။ ထောင်ကနေသူတို.နေတဲ. မြို.ကိုပြန်လာတဲ.အခါ လူသွားလူလာနည်းတဲ. တောလမ်းလေး မှာ သူတို. စိးလာသော ကားကို ထျူဇီဂျို ၏ စစ်ထောက်လှန်းရေး လက်မရွံ.လူသတ်သမားများက တားပြီး ညီ အမ ၃ ယောက် နှင်.ကားမောင်းသူ ကို ကားရပ်ပြီးဆင်းခိုင်းပါတယ်။ ပြီးတော. အနီးအနားက ပြောင်း ဖူးခင်းထဲသို.လူခွဲပြီး ခေါ်သွားပါတယ်။အဲဒီ.ညမှာပဲ သူတို. ၄ ယောက်ကို ဒုတ်တွေနှင်. မသေမခြင်း ရက်ရက်စက်စက် ရိုက်သက်ခဲ.ပါတယ်။ မာရီ ဘဲလ် ညီ အမလေးယောက်မှာ နံပါတ် ၂ ဖြစ်တဲ. ဒီးဒီး တစ်ယောက်ပဲ နိုင်ငံရေးသိပ် မလုပ်လို. သကံမရောက် သက်မပျောက် ကျန်ရစ်ခဲ.ပါတယ်။ ဒါတောင် သူမက အဲဒီ.နေ.က သူတို.နဲ. လိုက်မသွားဖြစ်ပါတယ်။ ထိုညမှာ ဒီးးဒီးလည်း သူ.အမ နဲ.ညီမတွေစီးတဲ. ဂျစ်ကားလေး ပေါ်မှာ ရှိနေခဲ.ရင်၊ ဒီ ကံဆိုးမိုးမှောင်ကျတဲ.အဖြစ်ဆိုးက သူမ ဘယ်လိုနည်းနှင်.မှ လွတ်မှာ မဟုတ်ပါဘူး။ သူမလည်းပဲ ကားဒရိုက်ဗာ လို သူ. အမ ညီမလေးတွေနဲ.အတူ ပြန်လမ်းမရှိတဲ. တစ်ခရီးထဲ သွားခဲ.ရမှာပါ။
အာဏာရှင် ရာဖဲ ထျူဇီဂျိုရဲ. အစီအစဉ်က ဒီလိုပါ၊ သူတို.ရိုက်သတ်ထားတဲ. လူ ၄ ယောက်ကို သတ်ပြီး အလောင်းတွေကို စီး လာတဲ. ဂျစ်ကားထဲ ပြန်ထဲ.ပြီး ကျောက်ကမ်းပါးက ပြစ်ချလိုက်တယ်။ ကားမှောက်ပြီးသေတဲ.ပုံမျိုး ဖြစ်ကတတ်စမ်းလုပ်ပြစ်ခဲ.တယ်။ ကြေမွနေအောင်ခေါင်းကို ထုရိုက်တာခံခဲ.ရတဲ. ညီအမ၃ ဦး၏ ကြေကွဲဖွယ်ဇတ်လမ်းက ဒိုမေရိကန် ကျွန်းနိုင်ငံလေးမှာ ရာသက်ပန် ရှင်သန်နေဆဲ သူရဲကောင်းပုံပြင် တစ်ပုဒ် ဖြစ်တယ်။ အာဏာရှင် ထျူဇီဂျို လက်အောက်က လွတ်မြောက်ဖို.၊ သူတို.မိသားစုတခုလုံး ပေးဆပ်ခဲ.ကြတယ်။
ဒေသမှာထင်ရှားတဲ. မီရာဘဲလ် မိသားစု
မီရာဘဲလ် ညီအမတွေ ဟာ ချမ်းသာပြီး အထက်တန်းလွှာလို.ခေါ်နိုင်တဲ. မိသားစုမှာ ကြီးပြင်းခဲ.သူများဖြစ်တယ်။ ဖခင် အင်ယူးကီ က ကျွန်းမြောက်ပိုင်း က ဆဲစီဒိုဆိုတဲ. မြို.မှာ ချမ်းသာလို. လျှမ်းလျှမ်းတောက် နံမည်ကြီး တဲ. မိသားစုက ဖြစ်တယ်။
မြို.တော် ဆန်ဒီရေဂို နဲ. မနီးမဝေး တန်ဘိုရီဆိုတဲ. တောမြို.လေးမှာ
ချမ်းသာအောင်မြင်တဲ. လယ်လုပ်ငန်းပိုင်ရှင် တစ်ဦးဖြစ်တယ်။ မိခင် မာဆေးဒီး
ကလည်း ကြွယ်ဝတဲ. လူလတ်တန်းစားမိသားစုကဆင်းသက်လာသူဖြစ်တယ်။ ဖခင်က ဆန်စက်၊
ကော်ဖီကြိတ်စက်၊ လယ်ယာမြေ၊ များစွာနဲ.တကွ အသားဈေး၊ ဆန်ဒိုင်ကြီးတွေ
ပါပိုင်ဆိုင်ထားတယ်။ ငွေကြေး ပြည်.စုံတဲ. မလိုင်လို. ခေါ်လို.ရတဲ. မိရာဘဲလ်
မိသားစု မှာ ကြင်နာမှု၊ အဆင်.မြင်. ယဉ်ကျေးမှု နဲ. အသိဥာဏ် ရှိတယ်။
ဖခင်ကသမီးတွေ အားလုံးကို အကောင်းဆုံးဆိုတဲ. ကျောင်းကောင်းတွေမှာထားတယ်။
မိသားစုမှာ ချစ်ခြင်းမေတ္တာ တွေသာမက၊ စီးပွား၊ စာပေယဉ်ကျေးမှု။ ဂိတကို
မြတ်နိုးမှု ဒီ တန်ဖိုးတွေနဲ. ဖုံးလွှမ်းနေတယ်။ သူတို. အိမ်မှာ
ကျောင်းပိတ်ရက်တွေ ဆိုရင်၊ အသွင်တူ သူငယ်ချင်းတွေနဲ. မြိုင်နေတယ်။
စကားဝိုင်းတွေလုပ်တယ်။ ပါတီတွေပေးတယ်။ ဒိတော. သူတို. အိမ်ဟာ ဂီတသံ
စာသံကဗျာသံ၊ စားစရာတွေ မိတ်ဆွေတွေနဲ. ပြည်.စုံနေပါတယ်။ စိတ်ကောင်းရှိ
ရုံတင်မက၊ မွန်ရည် အဆင်.အတန်းရှိတဲ.၊လူတန်းစားမခွဲခြားတတ်တဲ. မီရာဘဲလ်
မိသားစုကို မြို.ကလူတွေ ကပါ အားကျ ချစ်ခင်ကြတယ်။
ပထမသမီး ပက်ထရီရှာ ၁၉၂၄-၁၉၆၀ (တတိယလိပ်ပြာ )
ဖေဖေါ်ဝါရီ ၂၇ ၁၉၂၄ မှာ ဒိုမေနီကန်ရီ ပတ်ဘလစ် နိုင်ငံ လွတ်လပ်ရေးနေ.မှာ မွေးတယ်။ ပက်ထရစ်ရှာ ဆိုတဲ. အဓိ့္ပါယ်က အဖနိုင်ငံတော် လို.ဆိုတယ်။ အကြီးမ ပက်ထရစ်ရှာက ပုံဆွဲ ပန်းချီရေးဝါသနာပါတယ်။ သူမ အသက် ၁၄ နှစ် အရွယ်မှာ လာ ဗာဂါ အရပ်က ကက်သလစ်ကျောင်းမှာ အိပ်ကျောင်းစား သွားနေရတယ်။ သူမ က အနေအေးဆေးတယ်။ ရွေးချယ်ခွင်.ရှိရင် အိမ်ရှင်မပဲ လုပ်ချင်တယ် ဆိုတဲ.သူမျိုး။ သိမ်မွေ.ပြီး ဘာသာရေးကိုင်း ရှိုင်းတယ်။ ငယ်ငယ်ကဆို သီလရှင် လုပ်ချင်တယ် လို.ပြောတတ်သူ ပက်ထရီရှာဖြစ်တယ်။ ဒါပေမဲ.သူမ ငယ်ငယ် ရွယ်ရွယ် နဲ. အိမ်ထောင်ကျခဲ.တယ်။
ခင်ပွန်းက
သူတို. အရပ်မှာပဲ တွေ.တဲ. လယ်သမားတစ်ဦးပဲ။ ပျော်ရျွှင်နေသော
အိမ်ရှင်မဖြစ်ပြီး ဒါပေမဲ. ၁၉၅၅ နောက်ပိုင်းမှာ သူမရော သူမ၏ခင်ပွန်းဖြစ်သူ
ပါ ထျူဇီဂျို ၇ဲ. ကြမ်းကြုတ် ရက်စက်လွန်းတဲ. စစ်အုပ်ချုပ်ရေးကို သတ္တိ
ရှိရှိ ဆန်.ကျင်ခဲ.ကြတယ်။ ၁၉၅၉ ဂျွန်လ မှာ ခရမ်းရောင်တောင်တန်းများလို.
အမည်ရတဲ.ကွန်စတန်ဇာ တောင်ပိုင်းကို သူမ ရောက်ခဲ.တယ်။ အာဏာ ရှင် ထျူဇီရျို၏
လက်မရွ့.ံ စ်သားတွေ ရဲတွေက လူငယ် ကလေးတွေကို သတ်ဖြတ်တာ
ကိုယ်တိုင်မြင်ပြီးကတည်း က ပက် ထရစ် ရှာ ဟာ နောက်မဆုတ်တော.ပဲ ပို ရဲရင်.
တက်ကြွလာခဲ.တယ်။ သူမ အသတ်ခံ၇ပြီးနောက် သားသမီး ၄ ယောက် ကျန်ခဲ.တယ်။ သူမ
ပြောလေ. ရှိတဲ.စကားတခွန်း ရှိတယ်။
---ဒီလောက်ခြစားပျက်ဆီးနေပြီး ဒီလောက် ရက်စက် ရိုင်းစိုင်းတဲ. အာဏာရှင်လက်အောက်မှာ ကလေးတွေကို ကြီးပြင်းလူဖြစ်ခွင်.ပေးလို. မရနိုင်ပါ။ ဒီတော. ရတဲ.နည်းသုံးပြီး တော်လှန်ဆန်.ကျင်ရလိမ်.မယ်။ ကျမ ဖက်ကတော. အသက်ပင်မက အရာရာ ပေးဆပ်ဖို. ပြင်ဆင်ထားပြီးဖြစ်တယ်--လို. ပက်ထရစ်ရှာ ပြောခဲ.တယ်။ သူမပြောခဲ.တဲ. အတိုင်း ဒီ အာဏာ ရှင်က သူမရဲ. အသက်ကို ၁၉၆၀ နိုဝင်ဘာ ၂၅ နေ.မှာ အကြမ်းဖက်ပြီး ယူခဲ.တယ်။
ဒုတိယသမီး ဒီးဒီး ၁၉၂၅- လက်၇ှိ အသက်ရှင်နေဆဲ
မူလက ညီမ မီနာ ကို ထောက်ခံပြီးနိုင်ငံရေး ထဲ ၀င်ပတ်သက်ခဲ.တယ်။
ဒီနေ. နိုဝင်ဘာ ၂၅ ၂၀၁၂၊ လိပ်ပြာလေး ၃ ကောင် ကို ရာဖဲ ထျူဇီဂျို ဆိုတဲ.စစ်အာဏာ ရှင်တစ်ဦးက သူ.ဘေးက ထောက်လှန်းရေး လူမိုက်လူဆိုးတွေသုံးပြီး ခြေမွ ဖျက်ဆီးခဲ.တာ ဒီနေ.ဆို ၅၂ နှစ် ပြည်.ခဲ.ပါပြီ။ စစ်အာဏာရှင် ထျူဇီဂျိုက သူတို. အသက်ကိုပဲ ဖျက်ဆီး နိုင်ခဲ.ပါတယ်။ သူရဲကောင်းဆိုတာ သူတို. ဂုဏ်သိက္ခာ နဲ. သမိုင်းကို ဘယ်သူဖျက်ဖျက်၊ဘယ်သူသတ်သတ် ပျက်ရိုးထုံးစံ မရှိပါ။ သူတို.ခြေရာ၊သူတို.အစွမ်းသတ္တိတွေကို ဘယ်သူတွေက ဘယ်လောက်ပဲဆိုးတဲ. အကြမ်းဖက်တဲ.နည်းတွေသုံးသုံး သူတို. ဖျက်ဆီးချင်တိုင်း ဖျက်ဆီးလို. မရနိုင်ပါ။ ကြည်.တတ်ရင် ဒီလိပ်ပြာလေး ၃ ကောင် က သူတို.ချစ်တဲ.ဒိုမေနီကန် ကျွန်ူးနိုင်ငံလေး ရဲ. ကောင်းကင်မှာ ပျံဝဲနေဆဲဆိုတာတွေ.လိမ်.မယ်။
လိပ်ပြာ ၃ ကောင် ဘယ်လိုနည်းနဲ. သူတို. ဤကမ္ဘာမြေက စွန်.ခွာ ခဲ.ရသလဲ။
၁၉၆၀ နိုဝင်ဘာ ၂၅ မိုး တည ၊ Victoria Penitentiary in Santo Domingo ဆန်ဒို ဒိုမင်ဂိုမှာ ရှိတဲ. ၀ိတိုရိယ အကျဉ်းထောင်ထဲ က ခင်ပွန်းတွေစီ ညီ အမ ၃ ယောက် ထောင်ဝင်စာ သွားတွေ.ကြတယ်။ ညနေဖက် အိမ်အပြန်တောလမ်းမှာ သူရဲကာင်း ညီ အမ ၃ယောက် စလုံး တပြိုင်နက် လုပ်ကြံခံရတယ်။ သူတို.ညီအမတွေရဲ.ခင်ပွန်းတွေ နိုင်ငံရေးကြောင်.ထောင်ထဲရောက်နေကြတယ်။ ထောင်ကနေသူတို.နေတဲ. မြို.ကိုပြန်လာတဲ.အခါ လူသွားလူလာနည်းတဲ. တောလမ်းလေး မှာ သူတို. စိးလာသော ကားကို ထျူဇီဂျို ၏ စစ်ထောက်လှန်းရေး လက်မရွံ.လူသတ်သမားများက တားပြီး ညီ အမ ၃ ယောက် နှင်.ကားမောင်းသူ ကို ကားရပ်ပြီးဆင်းခိုင်းပါတယ်။ ပြီးတော. အနီးအနားက ပြောင်း ဖူးခင်းထဲသို.လူခွဲပြီး ခေါ်သွားပါတယ်။အဲဒီ.ညမှာပဲ သူတို. ၄ ယောက်ကို ဒုတ်တွေနှင်. မသေမခြင်း ရက်ရက်စက်စက် ရိုက်သက်ခဲ.ပါတယ်။ မာရီ ဘဲလ် ညီ အမလေးယောက်မှာ နံပါတ် ၂ ဖြစ်တဲ. ဒီးဒီး တစ်ယောက်ပဲ နိုင်ငံရေးသိပ် မလုပ်လို. သကံမရောက် သက်မပျောက် ကျန်ရစ်ခဲ.ပါတယ်။ ဒါတောင် သူမက အဲဒီ.နေ.က သူတို.နဲ. လိုက်မသွားဖြစ်ပါတယ်။ ထိုညမှာ ဒီးးဒီးလည်း သူ.အမ နဲ.ညီမတွေစီးတဲ. ဂျစ်ကားလေး ပေါ်မှာ ရှိနေခဲ.ရင်၊ ဒီ ကံဆိုးမိုးမှောင်ကျတဲ.အဖြစ်ဆိုးက သူမ ဘယ်လိုနည်းနှင်.မှ လွတ်မှာ မဟုတ်ပါဘူး။ သူမလည်းပဲ ကားဒရိုက်ဗာ လို သူ. အမ ညီမလေးတွေနဲ.အတူ ပြန်လမ်းမရှိတဲ. တစ်ခရီးထဲ သွားခဲ.ရမှာပါ။
အာဏာရှင် ရာဖဲ ထျူဇီဂျိုရဲ. အစီအစဉ်က ဒီလိုပါ၊ သူတို.ရိုက်သတ်ထားတဲ. လူ ၄ ယောက်ကို သတ်ပြီး အလောင်းတွေကို စီး လာတဲ. ဂျစ်ကားထဲ ပြန်ထဲ.ပြီး ကျောက်ကမ်းပါးက ပြစ်ချလိုက်တယ်။ ကားမှောက်ပြီးသေတဲ.ပုံမျိုး ဖြစ်ကတတ်စမ်းလုပ်ပြစ်ခဲ.တယ်။ ကြေမွနေအောင်ခေါင်းကို ထုရိုက်တာခံခဲ.ရတဲ. ညီအမ၃ ဦး၏ ကြေကွဲဖွယ်ဇတ်လမ်းက ဒိုမေရိကန် ကျွန်းနိုင်ငံလေးမှာ ရာသက်ပန် ရှင်သန်နေဆဲ သူရဲကောင်းပုံပြင် တစ်ပုဒ် ဖြစ်တယ်။ အာဏာရှင် ထျူဇီဂျို လက်အောက်က လွတ်မြောက်ဖို.၊ သူတို.မိသားစုတခုလုံး ပေးဆပ်ခဲ.ကြတယ်။
ဒေသမှာထင်ရှားတဲ. မီရာဘဲလ် မိသားစု
မီရာဘဲလ် ညီအမတွေ ဟာ ချမ်းသာပြီး အထက်တန်းလွှာလို.ခေါ်နိုင်တဲ. မိသားစုမှာ ကြီးပြင်းခဲ.သူများဖြစ်တယ်။ ဖခင် အင်ယူးကီ က ကျွန်းမြောက်ပိုင်း က ဆဲစီဒိုဆိုတဲ. မြို.မှာ ချမ်းသာလို. လျှမ်းလျှမ်းတောက် နံမည်ကြီး တဲ. မိသားစုက ဖြစ်တယ်။

ပထမသမီး ပက်ထရီရှာ ၁၉၂၄-၁၉၆၀ (တတိယလိပ်ပြာ )
ဖေဖေါ်ဝါရီ ၂၇ ၁၉၂၄ မှာ ဒိုမေနီကန်ရီ ပတ်ဘလစ် နိုင်ငံ လွတ်လပ်ရေးနေ.မှာ မွေးတယ်။ ပက်ထရစ်ရှာ ဆိုတဲ. အဓိ့္ပါယ်က အဖနိုင်ငံတော် လို.ဆိုတယ်။ အကြီးမ ပက်ထရစ်ရှာက ပုံဆွဲ ပန်းချီရေးဝါသနာပါတယ်။ သူမ အသက် ၁၄ နှစ် အရွယ်မှာ လာ ဗာဂါ အရပ်က ကက်သလစ်ကျောင်းမှာ အိပ်ကျောင်းစား သွားနေရတယ်။ သူမ က အနေအေးဆေးတယ်။ ရွေးချယ်ခွင်.ရှိရင် အိမ်ရှင်မပဲ လုပ်ချင်တယ် ဆိုတဲ.သူမျိုး။ သိမ်မွေ.ပြီး ဘာသာရေးကိုင်း ရှိုင်းတယ်။ ငယ်ငယ်ကဆို သီလရှင် လုပ်ချင်တယ် လို.ပြောတတ်သူ ပက်ထရီရှာဖြစ်တယ်။ ဒါပေမဲ.သူမ ငယ်ငယ် ရွယ်ရွယ် နဲ. အိမ်ထောင်ကျခဲ.တယ်။

---ဒီလောက်ခြစားပျက်ဆီးနေပြီး ဒီလောက် ရက်စက် ရိုင်းစိုင်းတဲ. အာဏာရှင်လက်အောက်မှာ ကလေးတွေကို ကြီးပြင်းလူဖြစ်ခွင်.ပေးလို. မရနိုင်ပါ။ ဒီတော. ရတဲ.နည်းသုံးပြီး တော်လှန်ဆန်.ကျင်ရလိမ်.မယ်။ ကျမ ဖက်ကတော. အသက်ပင်မက အရာရာ ပေးဆပ်ဖို. ပြင်ဆင်ထားပြီးဖြစ်တယ်--လို. ပက်ထရစ်ရှာ ပြောခဲ.တယ်။ သူမပြောခဲ.တဲ. အတိုင်း ဒီ အာဏာ ရှင်က သူမရဲ. အသက်ကို ၁၉၆၀ နိုဝင်ဘာ ၂၅ နေ.မှာ အကြမ်းဖက်ပြီး ယူခဲ.တယ်။
ဒုတိယသမီး ဒီးဒီး ၁၉၂၅- လက်၇ှိ အသက်ရှင်နေဆဲ
မူလက ညီမ မီနာ ကို ထောက်ခံပြီးနိုင်ငံရေး ထဲ ၀င်ပတ်သက်ခဲ.တယ်။

Dede Mirabal မသေပဲ ကျန်ခဲ.သူ
ဒါပေမဲ. နောက်ပိုင်းမှာ သူမခင်ပွန်းက
အားမပေးတာနဲ. ကလေးတွေနဲ.မိသားစုမျက်နှာထောက်ပြီး ခပ်အေးအေးနေခဲ.တယ်။
ကျန်တဲ.ညီအမ ၃ ယောက်လောက် လောက် မပြင်းထန်တဲ.အတွက်၊ နောက်တချက်က နိုဝင်ဘာ
၂၅ ညမှာ၊ အသတ်ခံရမဲ.သူတွေနဲ. ကားတစ်စီးထဲ ပေါ်မှာ ရှိမနေတဲ. အတွက်ကြောင်.
အသက်ရှင်ခွင်.ရခဲ.တယ်လိုပဲ မှတ်ယူနိုင်ပါတယ်။
ကျန်ရစ်ခဲ.တဲ. ဒီးဒီး က ခု မာရီဘဲလ်
လိပ်ပြာတို.နောက်ဆုံး ၉ လ နေခြ.တဲ. တော အိမ်လေးကို မွမ်းမ့ပြီူး
အထိမ်းအမှတ် ပြတိုက်ဖွင်.ထားပါတယ်။ ပြတိုက်ကို ဦးစီးစောင်.ရှောက်နေပါတယ်။
ညီအမတွေ လုပ်ကြံခ့ရပြီးတော. သေသွားတဲ. ညီ အမ ၃ ယောက် က စုစုပေါင်ူ
မိတဆိုးကလေး ၆ယောက်၊ ကျန်ရစ်လေတော.၊ သူ. သားအရင်း ၃ ယောက် စုစုပေါင်းကလေူ ၉
ယောက် ကို ပြုစုပျိုးထောင်ပေးခဲ.ပါတယ်။ နံပါတ် ၁ အမကမွေးတဲ. သမီးတယောက်က
ခုထိ နိုင်ငံရေး အရ ထက်ထက်မြက်မြက် ရှိနေပြီး လက်၇ှိ ဒိုမေနိကန်က
အောက်လွှတ်တော် မှာ နိုငငံရေးတာဝန်တွေ ထမ်းဆောင်လျက်ရှိပါတယ်။
နို. ညှာသမီး မီနာဗာ ၁၉၂၆ -၁၉၆၀ (ပထမလိပ်ပြာ)
မီနာက အမ ပက်ထရီရှာထက် ၂ နှစ်ငယ်တယ်။ ညီ အမ ၎
ယောက်ထဲမှာ အထူးချွန်ဆုံး၊ အသွက်ဆုံး၊ အလှ ဆုံး၊ ခေါင်းဆောင် ဖြစ်နေတဲ.
လိပ်ပြာ မယ်လေးလို.ပြောရင်ရမယ်။ 

မီနာဗာ လိပ်ပြာ တို.၏ခေါင်းဆောင်
အသက်ငယ်ငယ်လေးကတည်းက သူမတူတဲ.ဥာဏ်ရည်နဲ.
နေပုံထိုင်ပုံ စရိုက်ရှိတယ်။ ၇နှစ်သမီး အရွယ်မှာ ပြင်သစ်လို ကဗျာတွေ
တဂျောင်းဂျောင်း ရွတ်နိုင်နေပြီ။ အနုပညာ ကို သိပ်ခုံမင်တယ်။ သူမ ၀ါသနာပါတာ က
စာဖတ်၊ စာရေး၊ ကဗျာ ဖတ်တဲ.။ ပက်ဘလို နယူးဒါ ကဗျာတွေကို အလွတ်ရပြီး
အထူးခုံမင်နှစ်သက်သူ။ အမ ပက်ထရီရှာ တက်တဲ. ကက်သလစ် ဘော်ဒါ ကျောင်းမှာပဲ
တက်ခဲ.တယ်။ ဆန်တိုဒိုမင်ဂိုဆိုတဲ. တက္ကသိုလ်မှာ သူမ အစိုးရဆန်.ကျင်ရေးတွေကို
တချိန်ခင်ပွန်းဖြစ်လာမဲ. ---အတူ မရပ်မနားလုပ်တယ်။ ရီးဇားဖြစ်သူနဲ. ၀ါသနာတူ
အကျင်.တူ၊ ။ ၁၉၄၉ ခုနှစ်မှာ သူတို.မိသားစု တခုလုံး ထျူဇီဂျို
ကဒုက္ခပေးခဲ.တယ်။ အဖေကို ထောင်ထဲ .ခဲ.တယ်။ မိခင်နဲ. မီနာ က အိမ်မှာ
အပြင်ထွက်ခွင်.မရှိ အကျယ်ချုပ်ကျနေတယ်။ ခင်ပွန်းလောင်းက လည်း
ခွေးပြေးဝက်ပြေးတိမ်းရှောင်နေရတယ်။ ၁၉၅၅ မှာ သူ. ချစ်သူနဲ.လက်ထပ်ပြီး သူမ
အသတ်ခံရတဲ. အချိန်မှာ ခင်ပွန်းက ထောင်ထဲမှာ။ သူမ မရှိတောတဲ. နောက်မှာ
လူမမယ်ကလေး ငယ် ၂ ယောက်ကျန်ခဲ.တယ်။
မီနာ က သူတို. ကျောင်းသား ပညာတတ်တွေ ကြားမှာ
ရဲရဲတောက် အဖြစ်ဆုံးမို. ထျူဇီဂျိုက သူမကို ပစ်မှတ် နံပါတ် တစ် အနေ နဲ.
အမျက် ပို ထားတယ်။ မြို.တော် က ဧည်.ခံပွဲ တခုမှာ အာဏာ ရှင် ထျူဇီ ဂျိုကို
မီနာဗာက သူမ ဥပေးကျောင်းသူဘ၀နဲ. မင်းပွဲ စိုးပွဲ တခု တက်ရင်း က ကြုံတုန်း
အရှက်ခွဲခဲ.သေးတယ်။ ကြုံတိုင်း ထျူ ဇီ ဂျိုက မီနာဗာ ကို လို ချင်လို.
ချဉ်းကပ်တယ်။ ဖခင်ကို ထောင်ချလည်း မီနာက မမှုဘူး၊ သူမ ကိုထောင် အကြိမ်ကြိမ်
ချလည်း သူမ က လုံးလုံး အညံ.မခံဘူး။ ထျူဇီဂျိုကလည်း တေးထားမှတ်ထားတယ်။
သူ၎ ကြိမ်တိုင်တိုင် ထောင်ချ၊ပက်ပက်စက်စက် နှိပ်စက်ခဲ.သည်.တိုင် သူဘယ်လို
ချိုးချိုး လုံးလုံးမကျိုး နိုင်တဲ. မီ နာ .၏ စိတ်ဓါတ်နဲ. လှုံ.ဆော်
မှုတွေကို ထျူဇီ ဂျိုက တနေ.တခြား လန်.သထက်လန်.လာတယ်။
၁၉၅၈ နောက်ပိုင်းမှာ သူလူရင်းတွေကို ဒီအာဏာ ရှင်က ထုတ်တောင်ပြောဖူးလေသတဲ.။-----ဒီတိုင်းပြည်မှာ ငါက အားလုံးအပေါ်နိုင် ချင်တိုင်းနိုင်လို.ရတယ်။ ဒါပေမဲ.၊ ကက်သလစ် ချာ.ခ်ျ တွေနဲ. မီနာဗာကို ပဲ ငါလန်.၇တာ
ကွ---- လို.သူ.လူတွေကို ပြော ခဲ. တယ် ဆိုတဲ. မှတ်တမ်းတွေ ကျန်ခဲ.တယ်။
မီနာ ၏ အရှိန် အဟုန်ကလဲ မသေး။ ဒိုမေနိကန်က တဆင်. တခြား လက်တင် အမေရိက က
မြေအောက် လှုပ်ရှားမှုတွေ ၊ခေါင်းဆောင်ကြီးတွေ နားအထိ သူမ သတင်းက ရောက်တယ်။
၁၉၄၉ နောက်ပိုင်းမှာ ဒိုမေနီကန် တနိုင်ငံလုံး ဘယ်သွားသွား
ရဲရင်.တောက်ပြောင်လွန်းတဲ. မီ နာ. နဲ. သူမ၏ နိုင်ငံရေးလှုပ်ရှားမှုတွေ က
တောပိုင်းတွေအထိ စိမ်.၀င်နေပြီ။ လိပ်ပြာဆိုတဲ. လှို.၀ှက် သင်္ကေံတကို မီနာဗာက
ပဲရွေး ချယ်ခဲ.တယ်။ သူ ဦးဆောင်တဲ. မြေအောက်အဖွဲ.တွေကြားမှာ သူမ ကို
လိပ်ပြာ လို.ပဲ အားလုံးက ခေါ်ဝေါ် သတ်မှတ်ထားကြတယ်။ ထျူဇီဂျိုက
တားမြစ်ထားလို.သူမခင်မြာ၊ ဥပဒေနဲ. ဘွဲ.ရပေမဲ. ရှေ.နေလုပ်ခွင်.လိုင်စင်
မရခဲ.၊ ဥပဒေကျောင်းသူအနေနဲ. သူမတင်ခဲ.တဲ.စာတမ်းခေါင်းစဉ်က
နိုင်ငံအုပ်ချုပ်ရေးဥပဒေကြောင်းရာ နှင်. တရားစီ ရင်ရေး ကဏ္ဍ
ကူးလူးဆက်သွယ်ချက် လို. အမည် ရပါတယ်။ ဒီခေါင်းစဉ်ကြောင်. ထျူဇီဂျို က
ယမ်းပုံမီးကျဖြစ်ခဲ.ပါတယ်။ မီနာဗာ ထောင်အကြိမ်ကြိမ်ကျခဲ.ရခြင်းမှာ သူမရဲ.
အကြောက်အလန်.မရှိ ဖီဆန်ပုံတွေ ကြောင်. ထျူဇီဂျို အကြိမ်ကြိမ်အရှက်ကွဲ
ခဲ.ရတဲ.တကြောင်းလဲ ပါဝင်ပါတယ်။
မီနာဗာ က ကျူးဘားက တော်လှန်ရေးခေါင်းဆောင်
ကက်စထျိုကို လေးစားတယ်။ ကက်စထျို၏ မြေသားဆန်ဆန် လူထုနဲ.နီးတဲ. ဦးဆောင်မှု
က သူမရဲ.ကျာင်းသား လူငယ် ဘ၀မှာ ကြီးစွာ လွှမ်းမိုးထားတယ်။ ကက်စထျိုရဲ.
နံမည်ကြီး စကားတခွန်းကိုပါ သူမ က မကြာခဏ ကိုးကားပြီး မိန်.ခွန်းတွေ
တက်ပြောတယ်။ စာရွက်တွေဝေတယ်။ တရားဟောတယ်။----သမိုင်းက ကျုပ်ကိုမကြိုက်လို. ကျုပ်အမည်ကို အရေဖျော်လိုက်ရင်တောင် ရသေးတယ်၊ ကျုပ်ကိုပဲ ရှုံချမပြစ်တင်ကြ---တဲ.။ သူမနှစ်သက်တဲ.ကက်စထျို၏ စကားများ။
တက္ကသိုလ် ရောက်တော. ကျောင်းဝင်းထဲက မြေအောက်
လှုပ်ရှားတဲ. အဖွဲ.တွေကြားမှာအတက်ကြွဆုံး ၊သဘောတရားအရ ခေါင်းဆောင်မှု
အပေးနိုင်ဆုံး သူတစ်ယောက်ဖြစ်တဲ. မီနာနဲ. ဆုံဖူးတဲ.သူတွေက သူမ
ပြောခဲ.တာတွေကို ဘယ်လိုမှ မမေ.နိုင်ကြဘူး။----ဒီလောက်
ကြေကွဲစရာ၊စိတ်ထိခိုက်စရာတွေများတဲ.နိုင်ငံမှာ မိမိတိုင်းပြည် အတွက်
တတ်နိုင်တဲ. တစုံတခု လုပ်ဆောင်ပေးခြင်းဖြင်.သာ မိမိ အတွက်
ပျော်ရွှင်ကျေနပ် မှုရစေတယ်။ ဘာမှ မလုပ်ပဲ လက်ပိုက်ထိုင်ကြည်.နေရမယ်ဆိုတာ
ဝမ်းနည်းဖို.ကောင်းလွန်းတယ်-----လို. ပြောတတ် လှုံဆော် တတ်တဲ. လိပ်ပြာလေးကို လွမ်းကြ အမှတ်ရကြတယ်လို. ကျန်ရစ်ခဲ.တဲ. ရဲဘော် တော်လှန်ရေးသမားတွေကပြောတယ်။
အငယ်ဆုံးသမီး မာရီယာ။၁၉၃၅-၁၉၆၀ (ဒုတိယလိပ်ပြာ)
အသတ်ခံရသော အချိန်တွင် သူမ က ၂၄ နှစ်သာ
ရှိပါသေးတယ်။ အမ မီနာတက်ခဲ.တဲ. ဘော်ဒါကျောင်းထွက်၊ ပြီးတော တက္ကသိုလ်မှာ
သင်္ချာံ နှင်. အင်ဂျင်နီယာ ပညာ ကို လေ.လာခဲ.တယ်။ အာဏာ ရှင်ဆန်.ကျင်ရေး
မြေအောက်နိုင်ငံရေးထဲ ပါဝင်လာတဲ. အဓိက အကြောင်း က အမလတ်ဖြစ်သူ မီနာ. ကို
ကြည်.ပြီး အထင်ကြီး အားကျရာကစတယ်။ အမအတွက်ဂုဏ်ယူတယ်။ အမကို ကူညီပေးရင်း သူမ
ကို ပါ ထျူဇီဂျိုက က ခြေမှုန်းရမဲ. စာရင်းထဲ ထဲ.ခဲ.တယ်။ ၁၉၆၀ သူမတို.
ညီအမတွေအသတ်ခံရမဲ. နှစ်မှာ မီနာ နဲ. မာ ရီ ယာကို ထောင် ၅
နှစ်ထပ်ချလိုက်ပြန်တယ်။ အယူခံဝင်ခဲ.တဲ. အတွက် ၅ နှစ် က ၃ နှစ်ကို
လျှော.ချပြီးပါမှ၊ အသတ်ခံရမဲ. နို ၀င်ဘာ မရောက်ခင် ၃ လ အလို မှာ ညီ မ
၂ယောက်စလုံးကို ထောင် က လွှတ်ပေးခဲ.ပါတယ်။ ထောင်ထဲမှာ သတ် ရင်
လက်စဖျောက်ရမှာ ခက်ခဲ နိုင်တဲ. အတွက် လွှတ်ပေးပြီးမှ ၂ လ အကြာ တော လမ်းမှာ
လူမိုက်တစုနဲ. ထျူဇီ ဂျို ၏ အထူးတပ်ဖွဲ. လူယုံများက အစီအစဉ် ရှိရှိ
လုပ်ကြံခဲ. ခြင်းဖြစ်တယ်။
မာ ရီ ယာ အသတ်ခါံရတဲ. အချိန်မှာ အသက် ၂နှစ်အရွယ် ရှိတဲ. ဂျက်ကလင်း လို.ခေါ်တဲ. လူ မမည် သမီးလေး တစ်ယောက် ကျန်ခဲ.ပါတယ်။

-----ကျမသေရမှာ မကြောက်ဖူးနော်။
တိုင်းပြည်အတွက် အလုပ်လုပ်ရင် သေဖို. နီးစပ်တယ်။
တကယ်တမ်းကျမတို.နဲ.အနီးဆုံးဆိုတဲ. တရားသဘော က သေခြင်းပဲ
ဖြစ်ကောင်းဖြစ်နိုင်တယ်။ တရားမျှတမှုတွေ ဖြစ်ပေါ်စေဖို.
ဆက်တိုင်ပွဲဝင်ရမှာပဲ----လို. ပြောတတ်လေ.ရှိတဲ.
လိပ်ပြာမယ်လေး မာ ရီယာ ၏ အသက်ကို လက်မရွှံ. လူသတ်သမားတွေက ဒုတ်ဒါးတွေ
သုံးပြီး လွန်ခဲ. ခဲ. ၅၂နှစ် နိုဝင်ဘာ ၂၅ ရက် ၁၉၆၀ မှာ မရအရယူခဲ.ပါတယ်။
သေပြီးတဲ. နောက်ပိုင်း
အောင်.မေ.ဘွယ်အခန်းအနား လုပ် ကြတဲ.အခါ၊ ကျန်ရစ်တဲ.မိသားစုတွေက (နံပါတ် ၂ အမ
ဒီးဒီး ဦးဆောင်ပြီး) ပုလင်းကွဲစတွေ၊ သွေးတွေ၊ ဖုန်မှုံ.တွေ အလိမ်းလိမ်း
ကပ်နေတဲ. သူမရဲ. ကျစ်ဆံမြီး ရှည် ကြီးကို သိမ်းဆီးထားဖို.ဆုံးဖြတ်ကြတယ်။
ပြီးတော.- သူမ အလောင်းက နောက်ဆုံးကျန်တဲ.အမှတ်တရပစ္စည်းအနေနဲ. ကျစ်ဆံမြီး
ရှည် ကို ဖြတ်ယူထားလိုက်ကြတယ်။
ဒီးဒီး Salcedo ဆယ်စီဒို မှာ ဖွင်.ထားသော
မီရာဘဲဘ် ညီ အမများ ပြတိုက်မှာ အ ငယ်ဆုံးမာရီ ယာ ၏ ကျစ်ဆံမြီး ကို
ပြသထားတယ်လို. ကြားပါတယ်။ သူတို.ညီအမတွေနောက်ဆုံး၁၀ လ နေခဲ.တဲ. အိမ်က ခု
သူတို.ပြတိုက်ဖြစ်နေပါပြီ။ မီနာ. အမျိုးသား မန်နို လည်း ၁၉၆၃ မှာ
ထျူဇီဂျိုကို အာဏာကို ဆက်ခံတဲ. အဖွဲ.က လုပ်ကြံလို.
သေနတ်ပစ်ခံသေဆုံးခဲ.ရပါတယ်။ ညီအမ ၃ ဦးနဲ. ထားတဲ. င်္သံခ်ျိုင်းမှာပဲ မန်နို
ကို သူ. ဇနီး မီနာဗာ အုတ်ဂူဘေးမှာ ဒီးဒီး က မြှပ်နှံခဲ.ပါတယ်။ သူတို.
ပြတိုက် ရှေ.က မြက်ခင်းမှာလည်း ကျဆုံးသွားတဲ. ညီ အမ ၃
ဦး၏ကျောက်ရုပ်ထုများကို တွေ.နိုင်ပါတယ်။
မီရာဘဲလ် မိသားစု ၏နိုငငံရေးသမိုင်း (၁၉၄၀ နောက်ပိုင်းနှစ်များ)
ကာရစ်ဘီယန်ပင်လယ်က ဒိုမေနီကန်
ကျွန်းနိုင်ငံလေးမှာ မှာ အာဏာရှင် ရပ်ဖဲလ် ထျူဇီဂျို လက်ချက်နဲ.၁၉၆၀
နိုဝင်ဘာ ၂၅ ရက်နေ.မှာ အသက်ဆုံးရှုံခဲ.ရရှာတဲ. သူရဲကောင်းမလေး ၃ ယောက်
မှာ ပထမလိပ်ပြာလေး မီနာဗာ က အဓိကကျပါတယ်။ သူဆွဲဆောင်ရာ မနေသာလို.
မိသားစုတခုလုံး စစ်အာဏာ ရှင်ဆန်.ကျင်ရေးမှာ ရှေ.ဆုံးကမီနာနောက်ကို သစ္စာ
ရှိရှိ လိုက်ပါခဲ.ကြခြင်းဖြစ်တယ်။ ဒီမိသားစုမှာ နံပါတ် ၃ ဖြစ်တဲ. အထက်ဆုံး
အရဲဆုံး မီနာဗာ ၏ ဦးဆောင်နိုင်စွမ်း၊ သတ္တိနဲ. သူမ တော်လှန်ရေးစိတ်ဓါတ်
တွေ က ငယ်ငယ်ကတည်းက ထင်ရှားခဲ.ပါတယ်။
ကွန်ဗင်.တက်နေတဲ. ဆယ်ကျော်သက် အရွယ် ကတည်း က
ကျောင်းနေဖက်သူငယ်ချင်းတွေ ရဲ.ဆွေမျိုးတွေ မိဘတွေကို အာဏာ ရှင် ထျူဇီဂျို
နှိပ်စက်ညှင်းပမ်းတဲ. သတင်းတွေကြားတိုင်း သူမ လုံးဝမခံမရပ်နိုင်ဖြစ်ခဲ.တယ်။
ကောလိပ်တက်တော.လည်း ဦးလေးဖြစ်သူက သူမ၏မျိုးချစ်စိတ်၊
နိုင်ငံရေးထက်သက်မှုတွေကို ဆက် အားပေးတယ်။ တွဲမိတဲ.
ကျောင်းနေဖက်သူငယ်ချင်းတွေကလည်း မှန်ကန်ခဲ.တယ်။ လူထု ဆိုရှယ်လစ်ပါတီ၏
ခေါင်းဆောင်ဖြစ်လာမဲ.ပရီဆဲဖရန်ကို နဲ. ခင်မင်ပြီး သူ. သြဇာ ကို မီနာ
သက်ဝင် ယုံကြည် သွားတယ်။ ဒိုမေနီကန် မှာ မတရားရေဒီယို လိုင်းများဆိုပြီး
တရားဝင် နားထောင်လို.မရတဲ. ကျူ ဘားးနဲ. ဗင်နီ ဇွဲလားက ရေဒီ ယို ချန်နယ်
၂ခုကို လည်း မီ နာ က အမြဲနားထောင်တယ်။ တချန်သူမ ယူဖြစ်မဲ. ချစ်သူကိုလည်း
ကောလိပ်မှာတွေ.ခဲ.တယ်။ မြေအောက်လှုပ်ရှားမှုတွေ အတူတူ လုပ်ခဲ.ကြတယ်။
၁၉၄၂ အာဏာ ရှင် ထျူဇီဂျိုက အရပ်က က သူ.
စံအိမ်တော်မှာ ခန်းနားထည်ဝါတဲ. ကပွဲကြီးပေးတယ်။ မာ ရီ ဘဲလ် တို. မိ
ထင်းနေတဲ.သားစု က လည်း ဒေသမှာ ကြေးရေတတ် မျက်နှာဖုံး တွေ ဆိုတော.
ကပွဲတက်ဖို. ဖိတ်ကြားတာခံရတယ်။ အဖေ၊အမေ၊ အိမ်ထောင်ကျနေပြီဖြစ်တဲ. အထက်က အမ ၂
ယောက်၊သူတို.ခင်ပွန်း၂ယောက် နဲ. အတူ ဒီပွဲကိုမီနာဗာ တက်ခဲ.တယ်။ ၁၇ နှစ်
အရွယ် လှ ချင်တိုင်းလှ၊ ကပွဲမှာ အလှ ဆုံး ကျောင်းသူလေး မီနာကို ထျူဇီဂျိုက
မျက်စိကျသွားတယ်။ သူမတို.မိသားစုက တော. အာဏာရှင်ကြီးကို မျက်နှာ
လုပ်ဖို.ဝေးစွ၊ ဒီ ဖန်စီ ကပွဲကြီး က ဘယ်လို ထွက်ပြေးရမလဲ လို.ပဲ
အကြံထုတ်နေကြတယ်။ ရုတ်တရက် ပွဲသဘင် တန်းလို.တန်းလန်းနဲ.ပဲ
မိုးကြီးလေကြီးတွေကျလာ။ မီး ခဏပြတ်သွား၊ ဒါကို အခွင်.ကောင်းယူပြီး
မာရီဘဲလ်မိသားစုက သူတို. ရွံရှာ မုန်းတီးတဲ. ထျူဇီဂျို၏ ညစာစားပွဲကြီးကို
အဖြစ် တက်ပြပြီး၊ ပွဲမပြီးခင် နောက် ဖေးပေါက်က ထွက် ၊ဒီနည်းနဲ. အာဏာ
ရှင်ကြီး ကို ကြီးစွာ အရှက်ရစေတယ်။
ထျူဗီဂျိုက မောက်မာ
ဘ၀င်မြင်.ခက်ထန်သူဖြစ်တယ်။ ပါတီက ပွဲ မပြီးခင်ထွက်သွားတဲ.မိသားစုက သူ. ကို
စော်ကားတာပဲ ၊သူ. သိက္ခာကျအောင် တမင်လုပ် သွားတာပဲဆိုပြီး -သူ.လူတွေ
လွှတ်ပြီး နောက် က လိုက်ခေါ်တယ်။စစ်ထောက်လှမ်းရေးတွေက လမ်းတွေ ဂိတ်ပေါက်တွေ က
ဆီး ပိတ်ဖမ်းဖို.ကြိုးစားပေမဲ. နောက်ကျသွားတယ်။ သိပ်လှတဲ. ၁ရနှစ်သမီး
မီနာကိုလည်း၊ အကြီးအကျယ် သဘောကျသွားပေမဲ. ဒီ မိသားစုကို
ငါ.အကြောင်းသိရစေမယ်လို. သူ.စိတ်ထဲမှာ တေးထားတယ်။ သူမကို ချိုးချင်တာ
တစ်ပိုင်း။ သူမ အလှနဲ.ငယ်ရွယ်မှုကို မက်မောတာကတစ်ပိုင်း၊
ယုတ်ညံ.တဲ.နည်းတွေနဲ. ကြိုးပမ်းတော.တယ်။ ဖခင်ကိုဖမ်းတယ်။ စစ်ပလိပ်တွေက
မီနာကို ခေါ်စစ်တယ်။ ပြည်နယ် က လွှတ်တော် အမတ်က မီနာ တို. အိမ် ရောက်လာပြီး
ထျူဇီဂျို ကျေနပ်သွားအောင် တောင်းပန်စာ ရေးရမယ်လို.ဆိုတယ်။ ဖခင်ကြီးက
ရှောင် ရင် မလွတ်နိုင်လို. နောက်တနေ.မှာ
တောင်းပန်စာတစ်စောင် ရေးပြီး
ပို.ခဲ.သည်တိုင် အာဏာ ရှင်ပေးတဲ.ဒုက္ခတွေက သူတို. မိသားစု မလွတ်ခဲ.ပါ။
မိနာဗာ ၁၇ နှစ်သမီး ကတည်းက သူမ ကို မျက်စိကျခဲ.တဲ. ဗိုလ်ချုပ်ကြီးဟာ မီနာဗာ
ကို လုံးလုံး မရခဲ.ပဲ ၊ သူမ ဦးဆောင်တဲ. မြေအောက်
ဒိုမေနီကန်လှုပ်ရှားမှုတွေကြောင်.သာ နောက်ဆုံး သူ. အာဏာစက် လည်း
အပိုင်းပိုင်းကျိုးခဲ.ရပါတယ်။
မီနာဗာ၏ ကဏ္ဍ၊ နှင်. ဂျွန် ၁၄ ရက် လူပရင် ၁၉၅၉ ထိုးစစ်တိုက်ပွဲ The June 14th Luperion Invasion
ဒိုမေနိကန်လွတ်မြောက်ရေး မြေအောက်တပ်ဖွဲ.က
ထျူဇီဂျိုကို ဂျွန် ၁၄ ၁၉၅၉မှာ မြောက်ပိုင်း ကမ်းရိုးတမ်းဖက်က စပြိး
ဝင်တိုက်ခဲ.ပါတယ်။ ရှုံးနိမ်.ခဲ.ပါတယ်။ စစ်ရေးအရ မအောင်မြင်ခဲ.သော်လည်း
ဒိုမေနီကန် နိုငငံတခု လုံးမှာ ထျူဇီဂျို ကို အပြုတ် မတိုက်ရင် မရ တော.ဖူး
လို. ခိုင်မာပြင်းထန်တဲ.တော်လှန်ရေးမျိုးစေ.ကို ဒီလူပရင် တိုက်ဲပွဲက
ထားပစ်ခဲ.ပါတယ်။ ကျူးဘားတော်လှန်ရး သမားတွေနောက်ကွယ်က ကူညီပေးတဲ. ဒီ
လှုပ်ရှားမှု ကို ထျူဇီ ဂျို ၏ စစ်တပ်နဲ.လေတပ် က လက် ဦးမှု
ယူပြီးဖြိုခွင်းခဲ.ပါတယ်။ ဒါပေမဲ. ၁၉၅၉ ဂျွန် လနာက်ပိုင်းမှာ
စစ်ထောက်လှန်းရေးတွေက အဖမ်း အဆီးတွေ တိုး လုပ်လာသည်.တိုင် မီနာဗာ တို.
မိသားစုရဲ. အကြောက်အလန်.မရှိ ထိပ်တိုက် တိုးတဲ. စတိုင်နဲ.နိုင်ငံရေး
ဦးဆောင်မှုတွေက ပြန်.နှံ.တယ်။လူပရင် ထိုးစစ်ရဲ.နောက်ဆက်တွဲ အဖြစ် ၁၉၆၀
နှစ်ဆန်းမှာ မီနာ နဲ. မာ ရီယာတို. ထပ်မံဖမ်းဆီးခံရ အနှိပ်စက်ခံရပါတယ်၊
မီနာ. ယောင်္ကျာံး၊၊မန်နို Manolo (Manuel
Tavarez)၊ မာ ရိယာ ယောင်္ကျာံး လင်ဒရို Leandro Guzmán တို.က ဂျွန်၁၄ လူပရင်
၁၉၅၉ တော်လှန်ရေး ၏ နောက် က အဓိက နေ ရာ က ခေါင်းဆောင်တွေဖြစ်လို.
အဖမ်းခံရတယ်။။ အကြမ်းဆုံး အဆိုးဆုံးဆိုတဲ. ၀ိတိုရိယအကျဉ်းထောင်မှာ
ခင်ပွန်းတွေကိုထားတယ်။ နံပါတ်၁ အမ ပက်ထရစ်ရှာ ၏ယောင်္ကျာံးပါ အဖမ်းခံရတယ်။
လူပရင် ထိုးစစ် ရှုံးနိမ်.ခဲ.ပေမဲ. ဒေသ အတွင်းမှာ လက် နက်
ခဲယမ်းမီးကျောက်တွေကို သူတို. မိသားစုနဲ. အတူ အခြား မြေအောက် အုပ်စုတွေက စ
စုဆောင်း လာကြပြီ။ အသတ်မခံရခင် ၃ လ အလိုမှာ မီနာနဲ. မာ ရီယာ ကို ထောင် က
လွှတ်ပေးလိုက်တယ်။ တနိုင်ငံလုံးက ကက်သလစ် ဘုန်ူကြီးတွေက ဒီညီ အမ နဲ.အခြား
မြို.ပေါ်က ပညာတတ် လူလတ်တန်းစား လူ ငယ် ၁၀၀ ကျော် ကို ဖမ်းဆီး
အရေးယူခဲ.မှုကို ၁၉၅၉-၁၉၆၀ နှစ်တွေမှာ အပြင်းအထန် ရှု.ံချခဲ.တယ်။
ဒီဖိအားတွေကို ၁၉၆၀ တနှစ်လုံး ထျူဇီဂျို မခံမရပ် နိုင်အောင်ဖြစ်လာတဲ.အတွက်
လူတွေကို လှည်.စားနှစ်သိမ်.ဖို. မိန်းကလေးနိုင်ငံရေးအကျဉ်းသားတွေကို
ဟန်ပြလွှတ်ပေးလိုက်တယ်။ ပြီးမှ လိပ်ပြာတို.တပ်ဖွဲ. ခေါင်းဆောင်
မိန်းကလေးများကို အသေသတ်ခြေမှုန်းခဲ.ဟန်ရှိပါတယ်။
၁၉၆၁ မေ ၃၀ အာဏာ ရှင် ရာဖဲ ထျူဇီဂျို၏ ဇတ်သိမ်း
နှစ် ၃၀ အာဏာရှင် ဖြစ်ခဲ.တဲ.
လမ်းကြောင်းမှာ၊ ၁၉၅၉ အထိ အမေရိကန် ပြည်ထောင်စုနဲ. သင်.မြတ်ခဲ.တယ်။ ဗင်နီ
ဇွဲလားနဲ. ကျူဗန်းနိုင်ငံက ခေါင်းဆောင်တွေကို အမေ ရိက အားကိုးနဲ.
ပြင်းပြင်း ထန် ထန် ရှုံချ တတ်တယ်။ သူ. ဟာ တိုင်းပြည်ဝင်ငွေတွေကို
အလွဲသုံးစားလုပ်ပြီး စစ်တပ် က အရာ ရျိကြီးတွေနဲ. သူ. အိပ်ဆောင်တပိဖွဲ.
စစ်ထောက်လှန်းရေး အုပ်စုကို အထူး အခွင်.အရေးတွေပေးခဲ.တယ်။ ၁၉၃၇ မှာ
အနောက်ဖက်ခြမ်းက အိမ်နီူးချင်း ဟေတီ နိုငငံက ၀င်လာ အလုပ်လုပ်သူတွေကို ပါစလီ
လူသတ်ပွဲလို. အမည်တွင် ရတဲ. အထိ သွေးချောင်းစီးအောင်၊ ပြင်းပြင်းထန်ထန်
နှိပ်ကွပ်ခဲ.တယ်။ အသားရောင် မှောင်မဲနေတဲ. အာဖရီကန် နွယ်ဖွားဟေတီ
အလုပ်သမားတွေကို အကြမ်းဖက်ပြီး နှိမ်နင်းတဲ.အခါ လူပေါင်း ၂၀၀၀၀-၃၀၀၀၀ ခန်.
သေဆုံး တယ်လို. ခန်.မှန်းကြတယ်။
၁၉၆၀မှာ ဗင်နီ ဇွဲလား က ခေါင်းဆောင်ကို
လုပ်ကြံဖို. လည်း သူက ၀င် စွက်ဖက်ခဲ.သေးတယ်။ ကျူးဗန်းမှာ သင်တန်း
ယူလေ.ကျင်.ခဲ.တဲ.၊ ကျူးဗန်း ပျောက်ကျားတွေ က ထောက်ခံ ကူညိတဈြ။ ဒိုမေနီကန်
တော်လက်နက်ကိုင်တော်လှန်ရေး က ၁၉၅၉ ဂျွန် လ ၁၄ မှာ စခဲ.တယ်။ ၁၉၅၈ -၅၉ မှာ
ဒိုမိနိကန် တနိုင်ငံလုံး မှာ ထျူဇီဂျို ဆန်.ကျင်.ရေးစိတ်ဓါတ်တွေက
ပြန်.နေပြီ။ အာဏာရှင် ကြီး ကိုယ်တိုင်လည်း နိုငငံရေး အရ စီးပွားရေး အရ
တိုင်းပြည် ကို ဆက်ထိန်းထားနိုင်စွမ်းမရှိတော.။ သူတို.နိုင်ငံမှာ လူထုအကြား
သြဇာကြီးလှတဲ. ကက်သလစ် ဘုရား ရှစ်ခိုးကျောင်းတွေကပါ
ထျူဇီဂျိုဆန်.ကျင်ရေးတွေ ဗြောင် တရားဟောလာနေကြတယ်။ မိ နာဗာ တို. ညီ
အမတွေလို လူငယ်ပညာတတ်တွေ၊ပြည်ပ အဖွဲ.အစည်းတွေ ထောက်ခံအားပေးတဲ. မြေအောက်
တော်လှန်ရေး လူထု လှုပ်ရှားမှုတွေ ကို သူ မထိမ်းနိုင်တော.ဘူး။
တချိန်ထဲမှာပဲ နိုငငံခြား အစိုးရတွေက သူ.
အုပ်ချုပ်ရေးကို ဗြောင်ဝေဖန်နေကြပြီ။ ၁၉၅၉ ဂျွန်လ က မအောင်မြင် လိုက်တဲ.
ဒိုမီနိကန် လက်နက်ကိုင် တိုက်ပွဲ နောက်ပိုင်း၊ ထျူဇီ ဂျိုဟာ
အိပ်မက်ဆိုးတွေရ၊ တော်တော် တုန်လှုပ်ကျန်ခဲ.တယ်။ သူ.ကို ဖြုတ်ချမဲ. လူငယ်
နိုးကြားသူတွေကို တယောက် မကျန် လိုက်ဖမ်း၊ ထောင်ထဲထည်.၊ နှိပ်ဆက်မှုတွေ
ဒင်းကြမ်းလုပ်လာတော. သူဘယ်လောက်ကြောက်နေသလဲဆိုတာ ပေါ်လွင်နေပြီ။ လူ၁၀၀ကျော်
အဖမ်းခံရတဲ.သူတွေ ကြားမှာ မြို.နေ ပညာတတ်လူ.မလိုင် အသိုင်း အ၀ိုင်းက
တက္ကသိုလ်ကျောင်းသားတွေ၊ ပညာရှင်တွေ ပါ ပါ လာ တဲ. အခါ၊ ထျူဇီ ဂျို ကိုအာဏာက
ဖြုတ်ချချင်တဲ.သူတွေက သူ. အတွင်းစည်း မှာရော၊ ပြည်တွင်း ပြည်ပ မှာပါ
တိုးတိုး လာနေ ပြီ။ ကျူးဗား နဲ. ဗင်နီ ဇွဲလား က ဒိုမေနီကန် က သူပုန်ထမဲ.
ကျောင်းသား ပညာတတ်တွေ၊မြေအောက် ဆို ရှယ်လစ်ပါတီကို ကူတယ်။ တခြား တောင်
အမေရိက မှာ ရှိတဲ. နိုင်ငံရေး အဖွဲ. အားလုံး က လည်း ထျူဇီ ဂျို ကို စတင်
ဖိအားပေးလာကြပြီ။ အမေရိကနဲ.လည်း မတည်.တော.ဘူး။ နောက်ဆုံးတော. ၁၉၆၁
ခုနှစ်မှာ-- လူပေါင်းထောင်သောင်း ချီပြီး ရက်ရက် စက်စက် သတ်ဖြတ်ပြီး အာဏာ
ထူထောင်ခဲ.တဲ. ထျူဇီဂျို၏ နိဂုံး ရောက်လာပါတော.တယ်။
မီရာဘဲလ်တို.ညီအမတွေကို လုပ်ကြံသတ်ဖြတ်ပြီး ၆
လ နဲ. ၅ ရက်အကြာ မေလ ၃၀ ရက် ၁၉၆၁ မှာ အာဏာရှင် ထျူဇီဂျိုကိုယ်တိုင်လည်း
လုပ်ကြံသတ်ဖြတ်ခံရပါတယ်။ ထျူဇီဂျိုကို တောက်လျှောက်ထောက်ခံလာခဲ.တဲ. အမေရီက က
စီအိုင်အေ ကိုယ်တိုင် ပါဝင်စွက်ဖက် ကူညီပေးခဲ.တဲ.လုပ်ကြံမှုဖြစ်ပါတယ်။
မာ ရီ ဘဲလ် ညီ အမတွေ အာဇာနည်များကဲ.သို. ကျဆုံးမှုဟာ သူတို.တိုင်းပြည်မှာ
ဘယ်သူမှ အလိုမရှိတော.တဲ. အာဏာ ရှင်သူယုတ်မာတစ်ဦး ကျဆုံးခန်းကို
အပြီးသတ်ဆုံးဖြတ်ပေးတဲ. သမိုင်းအချိုးအကွေ.ဖြစ်ပါတယ်။ လိပ်ပြာလေး ၃ ကောင် ၏
သမိုင်းကတော. ရှင်သန်နေဆဲဖြစ်ပါတယ်။ ကမ္ဘာကြီးပေါ်က ဘယ်လိုအာဏာ
ရှင်မျိုးမဆို အဆုံးတနေ.မှာ သူနဲ.ထိုက်တန်တဲ.နိဂုံး ဆိုတာရှိ နေတယ်။

ကမ္ဘာမြေပေါ် မှာ လူ.အခွင်.အရေး၊ တရားမျှတမှု၊
လွတ်လပ်မှု ၊ အကြမ်းဖက်မှုများးပပျောက်ရေး၊ ဒါတွေကို ဆက်လက်
တိုက်ပွဲဝင်နေသေးတဲ. နိုးကြားနေသေးတဲ. သူများ သိန်းသန်းချီ အများကြီး
ကျန်သေးတယ်။ ဒီလိုလူမျိုးတွေက လိပ်ပြာလေးတွေကို ချစ်ကြတယ်။ ဒိုမေနီကန်က
ကျောင်းတွေမှာမက အခြား လက်တင် အမေရိကနိုင်ငံအချို.ကကျောင်းတွေမှာ ဒီနေ.
ကလေးငယ်တွေက လိပ်ပြာရင်ထိုးများ ကျောင်းဝတ်စုံတွေမှာတပ်ဆင်လို.
မီရာဘဲလ်တို.ညီအမတွေကို ဂုဏ်ပြုလွမ်းဆွတ်နေကြပြီ။ တကယ်တန်းပြောရရင်--
မတရားတဲ.၊ကြမ်းကြုပ်တဲ.အာဏာရှင်စနစ်မှန်သမျှကို ရဲဝင်.စွာ
ဆန်.ကျင်သူအားလုံးဟာ ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ် တစ်ဦးနဲ.တစ်ဦး
ဆက်သွယ်နေကြတယ်။ ဒီကမ္ဘာမြေပေါ်မှာ မတရားဖိနှိပ်တဲ.အာဏာရှင်တွေကိုတော်လှန်သူ
အားလုံးဟာ တနည်းမဟုတ် တနည်းနဲ. မောင် နှစ် မ ညီအမ တော်စပ်သူတွေ
မဟုတ်ပါလား။
ကမ္ဘာကြီးပေါ်ကလူသားအားလုံး ကြမ်းကြုပ်ရက်စက်ခြင်းဒဏ်အားလုံးမှ ကင်းဝေးကြပါစေ၊
ကျေးဇူးပါ။
အေးအေးစိုးဝင်း
0 comments:
Post a Comment