ခေါင်းကြီးသတင်း — နိုဝင်ဘာလ ၁၅၊ ၂၀၁၂
မေး။ မြန်မာနိုင်ငံက အနှစ်နှစ်ဆယ် နီးပါး ကြာမြင့်အောင် ခွဲခွာနေခဲ့ပေ မယ့် တစ်ခါက မြန်မာစာပေလောက မှာ ထုတ်ဝေသူ တစ်ပိုင်း၊ စာရေးသူ တစ်ပိုင်း ဖြတ်သန်းဖူးသူမို့ ဒီနေ့ စာပေစိစစ်ရေးကို တင်ဖို့မလိုတော့တဲ့ အနေအထား မှာ တွေ့ရ တဲ့ မြန်မာ စာပေလောကရဲ့ အခင်းအကျင်းကို ဘယ်လို မြင်ပါသလဲ။
ဖြေ။ ဒီနေ့ စာပေလောကမှာ ဘယ် လောက်တိုးတက်မှုရှိလဲဆိုရင် စာစောင်တွေ အများကြီး မြင်ရတယ်။ ၁ဝဝ ကျော် မယ်နော်။ ကျွန်မလည်း ဟိုကနေ မေးကြည့်ပြီးတော့ သိတယ်။ အဲတော့ အဲဒီအပိုင်းတွေ ကတော့ တိုးတက်မှု ရှိတယ် လို့ ပြောရမှာပေါ့။ စာငတ်နေကြတာပေါ့။ မြန်မာလူမျိုးတွေက စာငတ်နေကြတော့ အများကြီး ထွက်လာတဲ့အခါ ကျတော့ စာဖတ်ခွင့် ရှိတယ်။ ဒါပေမယ့် စိတ်ထဲမှာ ကိုယ် မျှော်မှန်းထားတဲ့စာတွေ သိပ်မတွေ့ရသေးဘူး။ တချို့ကတော့ ဆင် တူလေးတွေ ဖြစ်နေတယ်။ ကိုယ် ဖတ်ချင်တာက Analysis ကောင်းကောင်း ဖတ်ချင်တယ်။ သုံးသပ်တာ တွေပေါ့။ ဘက်ပေါင်းစုံကနေ သုံးသပ်တာပေါ့။ နောက်တစ်ခါ ပြည်သူက ဘာသိချင်မလဲပေါ့။ အဲဒီဟာလေးတွေ ဦးစားပေးစေချင် တယ်။ ဒီတိုင်းပြည်မှာနေတဲ့လူတွေက ဒီမလွတ်လပ်တဲ့ဟာကို အကြာကြီး ခံစားခဲ့ရတော့ Debate Culture မရှိဘူး။ Debate Culture နေရာမှာ အခြေ အတင် ပြောရဲရမယ်။ ပြီးရင် သူငယ်ချင်း အချင်းချင်းလည်း ဝေဖန်ရဲရမယ်။ နောက် Constructive Criticism ပေါ့။ တစ်ယောက်ကို တစ်ယောက် ပုဂ္ဂိုလ်ရေး ဝေဖန်တာတို့၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ်တာတို့ မလိုချင်ဘူး။ အဲဒါ အင်မတန်အဆင့် အတန်းနိမ့်တဲ့ စာပေပဲ။ ဒီ Constructive Criticism ပေါ့။ အပြုသဘောနဲ့ ဝေဖန်ချက်တွေကို များများ ဖတ်ချင်တာပါ။ နာမည်တော့ မပြောချင်ပါဘူး။ မဂ္ဂဇင်းတစ်စောင် တွေ့တယ်။ အရမ်းလေးတာပဲ။ ကြည့်လိုက်တော့ ကြော်ငြာချည်းပဲ။ ဒါပေမယ့် ဒီမဂ္ဂဇင်းက အရမ်း အောင်မြင်တာပဲတဲ့။ သူကတော့ ကြွားတယ်။ အဲဒါကို ကျွန်မ ကျမ်းစာတွေ ဘာတွေဖတ်တဲ့ စာစင်ပေါ်မှာ တင်ဖတ်ရမလားမသိဘူးလို့။ စာအုပ်က လေးလွန်း လို့။ စာအုပ်ဆိုတာ ဆိုဖာပေါ်မှာ ဖတ်ချင်တယ်။ ကုတင်ပေါ်မှာ လဲလျောင်းပြီး ဖတ်ချင်တယ်။ ဒီစာအုပ်ကို ဘယ်လိုမှ အဲဒီလို မဖတ်နိုင်ဘူး။ လေးလွန်းလို့ ဖွင့်ကြည့်လိုက်တော့လည်း ကြော်ငြာတွေချည်းပဲ။ Art Paper တွေနဲ့ ရိုက်ထားတာ။ စာမူကလည်း ဒီလောက် မပါဘူး။ အရင်တုန်းက ကိုယ်လည်း မဂ္ဂဇင်းတွေ ထုတ်လာ တာပါ။ မဂ္ဂဇင်းတွေမှာဆို တကယ့် စာရေးဆရာကြီးတွေ၊ ဝါရင့်စာရေး ဆရာကြီးတွေရေးတာ အရမ်းဖတ် ကောင်းတာ။ အဲဒီလိုတစ်အုပ်ဆို မျက်နှာဖုံးကနေ ကျောဖုံးထိ ဖတ်တာပေါ့။ အစကနေ အဆုံးအထိ ဖတ်တယ်။ လက်မလွှတ်နိုင်ဘူး။ အခုကျတော့ ကိုယ်က စာငတ်တဲ့သူ ဆိုတော့ စာပဲဖတ်ချင်တာ။ အဲဒီမှာ ကိုယ်တကယ် ဖတ်ချင်တဲ့ စာမတွေ့ဘူး။ အခုက ဂျာနယ်တွေက များတော့ ရွေးချယ်လို့ရပါတယ်။ ကိုယ် ဖတ်ချင်တဲ့ ဂျာနယ် ကို ရွေးဖတ်လို့ ရပါတယ်။ ဒါကတော့ ပထမဆုံး အဆင့်ပေါ့။ လွတ်လပ်တဲ့ တိုင်းပြည်၊ ထွန်းကားတဲ့ တိုင်းပြည် ကနေ လာတာဆိုတော့ ဟိုက စာပေထုတ်ဝေတဲ့သူတွေကလည်း စိတ်ဝင်စား ကြတယ်။ ဒီတိုင်းပြည်မှာ စာအုပ် ထုတ်ချင်တယ်။ ကျွန်မကို မြန်မာပြည်က မှန်းလည်း သိတယ်။ နောက်တစ်ခါ ဒီစာအုပ် လုပ်ငန်းကနေ လာတယ် ဆိုတာလည်း သိတော့ စာအုပ်လုပ်ငန်း အတွေ့အကြုံလည်း ရှိတော့ သူတို့က စာအုပ်ထုတ်ချင် တယ်။ သတင်းစာ ထုတ်ချင်တယ်။ ပြောတာပေါ့ ။ နေပါဦး။ ကျွန်မက သူတို့ကို တားရတယ်။ ငါအရင် သွားပါရစေ။ သူတို့ပါ လိုက်မယ်တဲ့။ နင် လိုက်ခဲ့တဲ့။ အပိုင်ပဲ သူတို့ က ပြန်ကြားရေး ဝန်ကြီးနဲ့ တွေ့ချင်တယ်။ သူတို့က တွေ့ချင်တဲ့သူ စာရင်းတောင် ပို့လိုက်သေးတယ်။ နေပါဦးလို့။ နင် လိုက်ခဲ့တဲ့၊ ဒီလူတွေကို အင်တာဗျူး ချိန်းပေး ပေါ့။ နေပါဦးလို့ မနည်းတားရတယ်။ ငါ အချက်အလက် ရှာဖွေရေး ခရီးအနေ နဲ့ အရင်ဝင်ကြည့် ပါရစေ။ ပြီးတော့ နင်တို့ကို ပြောပြပါ့မယ်လို့။ သူတို့က အာဖရိကမှာလည်း အာဏာရှင် အစိုးရတွေပဲ အုပ်ချုပ် တာတဲ့။ အဲ ဒီတိုင်းပြည်တွေမှာတောင် သူတို့ စာအုပ် ထုတ်ခဲ့တာ အရမ်းအောင်မြင်တယ်တဲ့။ မြန်မာပြည်က အဲဒီလောက်ကြီး ဆိုးတာမှ မဟုတ်တာတဲ့။ အဲဒါ နင်တို့အမြင်လို့၊ ငါတို့က အတွင်းကလူလို့၊ သိတယ်လို့ ။ အဲဒီ တော့ အောင် လည်း အောင်မြင်နိုင်တယ်။ မအောင်လည်း မအောင်မြင်နိုင်ဘူး။ မသိဘူး။ အဲဒီတော့ အရင် သွားကြည့် ပါရစေလို့။ အခုတော့ မြန်မာတိုင်းမ်စ်က သတင်းစာထုတ်မယ်။ ဒီရောက်မှ ကြားတာပေါ့။ အများအား ဖြင့်တော့ ရှေ့နှစ်ဖြစ်ချင်ဖြစ် မယ်ပေါ့။ ကောင်းပါတယ်။ အင်္ဂလိပ်စာအုပ်တွေ ထွက်လာတယ် ဆိုတာ မြန်မာတွေ ဖတ်စရာအများ ကြီးရတာပေါ့နော်။ လူတွေ ဘယ်လောက်ပဲပြောပြော၊ ဒီနေ့အထိ အင်္ဂလိပ်စာ၊ စကားမတတ်ရင် နိုင်ငံတကာနဲ့ ဆက်သွယ်တဲ့အခါ အခက်အခဲ ရှိတာပဲ။ အင်္ဂလိပ်စာ ပြန့်ပွားတဲ့ဘက်မှာ ကျွန်မတို့က ပံ့ပိုးပေး ချင်တာပေါ့။ ပံ့ပိုးပေးမယ့်သူ ရှိရင်လည်း ကိုယ်က ကြိုဆိုရ မှာပေါ့။ ဒါပေမယ့် အဲဒီအချိန် မှာလည်း ရိုးရိုး စာစောင်တွေ ပိတ်ခံထိတဲ့ သတင်းကြား တဲ့အခါကျတော့ ကျွန်မပိုတောင် စိတ်မချဖြစ်သွား တယ်။ နောက် ကိုယ်ကကြားထဲက တာဝန်ခံပေးရမယ် ဆိုတော့ ဒီလုပ်ငန်းတွေ တာဝန်မခံရဲဘူး။ အဲဒီအဆင့်တွေ ကျန်နေသေးတယ်။ ခဏနေပါဦးလို့ပဲ သူတို့ကို ပြောခဲ့တယ်။ စိတ်ဝင်စား ကြပါတယ်။ သူတို့က ဗမာပြည်ကို အလားအလာရှိတဲ့ ဈေးကွက်လို့ မြင်သွားကြပြီ။ အနောက်နိုင်ငံ အမြင်နဲ့ အပြင်လူတွေရဲ့ အမြင်နဲ့ ကျွန်မတို့ အတွင်းအမြင် နဲ့ နောက် ဗမာလူ မျိုးရဲ့စိတ်ဓာတ်က မတူတာလေး တွေရှိတယ်။ အစိုးရပိုင်းတွေက အများအားဖြင့်တော့ နိုင်ငံခြားက လူကြီးတွေကိုတော့ ကောင်းကောင်း မွန်မွန် ကြိုဆိုတယ်။ ဧည့်ခံတယ်။ မြန်မာလူမျိုး အချင်းချင်းကျတော့ မတူသလို မတန်သလို။ အဲဒါကလည်း တစ်မျိုးပဲ။ သူတို့နဲ့ကျရင်တော့ ပြေလည်ရင် ပြေလည်မှာပေါ့။ ကိုယ် ကြားဝင်မှ မပြေမ လည် ဖြစ်နေဦးမယ်။ အဲဒါလည်း တစ်ပိုင်း။ ကျွန်မက သူ တို့ကို ဒါတွေ ဘယ်လိုလုပ် ပြန်ပြောမလဲ။
မေး။ နိုင်ငံခြားကနေပြီး ဒီနိုင်ငံမှာ သတင်းစာထုတ်ဖို့ သူတို့စိတ်ဝင်စား ကြတယ်နော်။
ဖြေ။ စာအုပ်ထုတ်ချင်တယ်။ သတင်းစာ ထုတ်ချင်တယ်။ သူတို့က ဟိုမှာ စာအုပ်ထုတ်ပြီးသား လူတွေလေ။ သူတို့ ကလည်း ဒီလို အာဏာရှင်တွေ အုပ်ချုပ်တဲ့ တိုင်းပြည်တွေမှာ စာအုပ်ထုတ်တယ်။ စာအုပ် လုပ်ငန်းတွေ လုပ်တာတောင်မှ အောင်မြင် တယ်။ ဗမာပြည်မှာ ဘာလို့ မအောင်မြင်ရမှာလည်း ဆိုပြီးတော့ ပြောကြတာ။ ကျွန်မကို သူတို့က ထောက်တာ။ ကျွန်မ သူတို့ကိုတော့ အဖြေမပေးနိုင်ဘူး။ ကိုယ်လည်း ပြန်ကြားရေး ဝန်ကြီးနဲ့ လည်း တွေ့ဖို့ မလွယ်သေးပါဘူး။ ကိုယ့်လည်း အင်တာဗျူးတွေဘာတွေလည်း ပေး မလုပ်ပါဘူး။ ရမယ် မရဘူး ဆိုတာလည်း မပြောပါဘူး။ ဒီက ရှေ့ကို ဘယ်လို သွားရမလဲ ဆိုတာ မပြောနိုင်ဘူး။ ကိုယ့်စာပေသမား အချင်း ချင်းကိုလည်း ကျွန်မ လိုက်ပြီးတော့ ကိုယ်နဲ့ ကြုံရာ ဆုံရာလေး တွေကိုပဲ မေးကြည့်တာပေါ့။
မေး။ ဘီဘီစီ အနေနဲ့ကတော့ အရင် တုန်းကမြန်မာအစိုးရကို ဝေဖန်တာ ပြင်းပြင်းထန်ထန်ဝေဖန်တာတွေရှိ တယ်ပေါ့။ အခုကျတော့ ဒီမြန်မာအစိုးရနဲ့ မြန်မာနိုင်ငံ အပေါ်မှာ ရှုမြင် ချဉ်းကပ်ပုံကတော့ အရင်နဲ့မတူတဲ့ ပုံစံမျိုး ချဉ်းကပ်လာ သလားလို့။
ဖြေ။ ကျွန်မ ဘီဘီစီအနေနဲ့တော့ မပြောချင်ဘူး။ ကျွန်မက အလုပ် တာဝန်နဲ့ လာတာမဟုတ်တော့လေ။ ကျွန်မ ကိုယ်ပိုင်ခရီးအဖြစ်လာတာ။ ဒါပေမယ့် ကျွန်မအမြင်ကို ပြောမယ်နော်။ ကျွန်မတို့က အပြင်ကနေ သတင်းကို ယူရတာ။ ကျွန်မတို့ သတင်းထောက်တွေက ဝင်ခွင့်မရှိဘူး။ အပြင်က သတင်းထောက် တွေက နယ်စပ်တွေ ကနေ ယူရတယ်။ ထိုင်းမှာ၊ အိန္ဒိယမှာ၊ ကူမင်းဘက်မှာ သတင်းထောက်တွေ ထားတာမျိုး လုပ်တယ်။ သဘောကတော့ မြန်မာပြည်ကြီးကို ဝိုင်းနေတာပေါ့။ သတင်းကိုထုတ်ရတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ပြည်တွင်းက လူတွေက ပြည်တွင်းမှာ ဘာဖြစ်မှန်း သူတို့က ဘယ်တော့မှ မသိဘူး။ ကျွန်မတို့က အပြင်ကနေ သိတယ်။ အပြင်ကနေ သိရအောင် လည်း ဒီနည်းတွေနဲ့ သတင်းကို လိုက်ကြတာပေါ့။ တစ်ခါတစ်ခါ လည်း ကိုယ့်မိတ်ဆွေတွေကို ဟို ဖုန်းဆက်၊ ဒီဖုန်းဆက် တစ်ခါတစ်ခါ အထဲက လူတွေက သတင်း ဖြစ်နေမှန်း သူတို့ ကိုယ်တိုင် သူတို့ မသိဘူး။ တခါတလေလည်း သူတို့ နဲ့ စကားပြောမှ သတင်းပဲဆိုပြီး ကိုယ်က ပြန်လိုက် ရတယ်။ အဲဒါမျိုးတွေပေါ့။ အခုကျတော့ စာစောင်တွေက အများကြီး ထွက်လာပြီ။ Facebook မှာ ရန်ကုန်မှာ ဗုံးကွဲတယ်လို့၊ မီးလောင်တယ်လို့ သတင်းက ချက်ခြင်း သိတယ်။ Facebook မှာ တက်တာ။ တက်တော့ အဲဒီ သတင်းအစလေး ရပြီဆိုတော့ ဒါကို လိုက်တော့တာ။ အဲဒီကျမှ ဖုန်းတွေ ဆက်၊ သတင်းထောက်တွေကို လိုက် ခိုင်းပေါ့။ လိုက်ကြတော့ ဒီနေရာမှာ ဘာဖြစ်နေပြီ။ ဘယ်လောက်ထိ ဆိုးလဲ၊ ဘယ်လောက်ထိ ကောင်းလဲပေါ့။ သတင်းရဲ့ဆုံချက် က ပြည်တွင်း ဖြစ်သွားပြီ။ သတင်းဆုံချက် ပြည်တွင်းဖြစ်တဲ့အခါ ကိုယ်က အပြင်ကနေ ထောက်လှမ်းနေတာ။ အပြင်ကနေ သတင်းယူနေတာ သဘာဝမကျတော့ဘူး။ ပြည်တွင်းကို နေရာများများ ယူနိုင်ရင် ပိုပြီးတော့ အကျိုးရှိတယ်။ အားလုံး သတင်းဌာန တွေပေါ့။ ဘီဘီစီ တစ်ခုထဲ မဟုတ်ပါဘူး။ RFA ရော DVB ရော၊ VOA ရော ဒီထဲကို ခြေကုတ်ယူကြ တာပဲ။ ပြည်တွင်းက သတင်းကို ပြည်တွင်းက ယူတာက အခိုင်မာ ဆုံးပဲ။ ပိုပြီးတော့လည်း သတင်းက မှန်မှန်ကန်ကန်နဲ့ သိက္ခာရှိတဲ့ သတင်း၊ မှန်ကန်တဲ့ သတင်း ဖြစ်တယ် ဆိုပြီး တော့ အကုန်လုံးက ပြည်တွင်းကို ဦးတည်ထား လိုက်တာပေါ့။ အဲဒီပုံစံဖြစ်သွားတယ်။
မေး။ အခုတော့ ဘီဘီစီနဲ့ မြန်မာအစိုးရတို့ ပြေလည်တယ်လို့ ပြောလို့ ရတာပေါ့နော်။
ဖြေ။ ပြေလည်ပါတယ်။ လူကြီးတွေကလည်း ဗမာပြည်ကို လာရတယ်ဆိုတော့ ပျော်နေကြတယ်။ ကိုယ်ကလည်း ပြန်လို့ ရတယ် ဆိုပြီးတော့ ပြန်လာတာပေါ့။ ကိုယ်က တစ်ခေတ် နောက်ကျနေပြီ။
နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့ဖူးသည့် ဒေါ်ရင်ရင်မေ (ခ) မေအောင်စိုးသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံရုံးတွင် တာဝန် ထမ်း ဆောင်နေစဉ်အတွင်း အကျဉ်းကျခံခဲ့ရ သူဖြစ်ကာ အကျဉ်းထောင်မှ လွတ်မြောက်ပြီး နှစ်အနည်းငယ် အကြာ တွင် ပြည်ပ သို့ ထွက်ခွာသွားခဲ့ကာ ယခုအခါ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် နေထိုင်လျက် ရှိသည်။
0 comments:
Post a Comment