Home »
သတင်း
» အစိုးရနဲ့ KIO ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
အစိုးရနဲ့ KIO ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
"အစိုးရနဲ့
KIO ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လက်ရှိအခြေအနေမှာတော့ KIO ဒုတိယ
စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ ကာကွယ်ရေး ၀န်ကြီးဌာနက
အထူးစစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးတို့ ဆွေးနွေးပွဲကို
မတက်ရောက်တဲ့ ကိစ္စက အရေးပါနေတဲ့ အခြေအနေ ရှိပါတယ်။ အစိုးရ ငြိမ်းချမ်းရေး
ကိုယ်စားလှယ်တွေက ဗိုလ်ချုပ် ဂွမ်မော်သာ ပါလာမယ်ဆိုရင် တပ်ကိစ္စတွေကို
ဆွေးနွေးနိုင်မယ်လို့ ပြောပါတယ်။ ဗိုလ်ချုပ် ဂွမ်မော် မလာလို့
ဗိုလ်ချုပ်ကြီး မြင့်စိုး မတက်တဲ့အတွက် တပ်ကိစ္စ ပြောဖို့ အခက်အခဲ
ရှိတယ်လို့ ဆိုပါတယ်။
ဒီနှစ်ထဲမှာပဲ ဦးအောင်မင်းနဲ့ ဗိုလ်ချုပ်
ဂွမ်မော်တို့ အလွတ်သဘော သုံးကြိမ်တွေ့ထားပါတယ်။ နောက်ဆုံး တစ်ကြိမ်
တွေ့ဆုံခဲ့ချိန်မှာ နှစ်ဖက်တပ်တွေ ရွေ့ပေးရေး ကိစ္စကို ဆွေးနွေးခဲ့ပါတယ်။
နေရာ ၄၀ လောက် ရှိပါတယ်။ ဒါပေမယ့် အဲတာတွေကို ဆွေးနွေးနိုင်ဖို့က
ဗိုလ်ချုပ် ဂွမ်မော်နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးတို့ မရှိတဲ့ အတွက်
အဖြေထွက်ဖို့ ခက်သွားတယ်လို့ ဦးအောင်မင်းက ပြောပါတယ်။
အစိုးရ
ကိုယ်စားလှယ်အဖွဲ့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကိုယ်စားလှယ်
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က
တပ်ကိစ္စနဲ့ ပတ်သက်ပြီး ပြောခဲ့တာ တစ်ချို့ရှိပါတယ်။ သူတို့အနေနဲ့
ခုခံကာကွယ်ရုံက လွဲပြီး တိုက်ခိုက်တာ မရှိဘူးလို့ ပြောပါတယ်။ နောက်ပြီး
တပ်မတော်ဟာ ဗမာ တပ်မတော် မဟုတ်ဘဲ ပြည်ထောင်စု တပ်မတော် ဖြစ်တယ်။
တပ်မတော်ထဲမှာ ပြည်ထောင်စု တိုင်းရင်းသားတွေ ပါဝင်တယ် ဆိုတဲ့ အချက်ကို
ပြောပါတယ်။
ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ရဲ့ ဆွေးနွေးမှုကို KIO
ဘက်က ဦးလဖိုင်လက ပြန်ပြီးတော့ ရှင်းပါတယ်။ တပ်မတော်ဘက်က ၁၀၅ မမ ၁၀၂ မမ
တွေနဲ့ ပစ်တဲ့ အချက်ကို ပြောပါတယ်။
ဒီအချက်ကို ဦးအောင်မင်းက
ပြန်ရှင်းခဲ့ပါတယ်။ ၁၀၅ မမ ပစ်မိန့်ကို ကက(ကြည်း)ကပဲ
အမိန့်ပေးနိုင်တယ်ဆိုတဲ့ အချက်ပါ။ အကယ်၍ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသာ
ရှိနေမယ်ဆိုရင် အဖြေပေးနိုင် လိမ့်မယ်လို့ ဆိုပါတယ်။ နောက်ပြီး ဗိုလ်ချုပ်
ဂွမ်မော်ကို တွေ့ချင်ကြောင်းနဲ့ မူဆယ်မှာ ဒီညနေအထိ သူရှိနေမယ်လို့
ပြောပါတယ်။
ဦးအောင်မင်းရဲ့ ဆွေးနွေးမှု အပြီးမှာတော့ KIO က
ဦးဇော်ရော်က ဆက်ပြောပါတယ်။ ဒီလ ၂၄ ရက်နောက်ပိုင်းမှာ တပ်မတော်ဘက်က ထိုးစစ်
ပိုများလာတယ်ဆိုတဲ့ အချက်ပါ။ ပြီးခဲ့ ၂၈၊ ၂၉ ရက်မှာတင် KIO ရဲ့ တပ်မဟာ (၄)
ဧရိယာကို ထိုးစစ်ပိုများလာတာ ဖြစ်တဲ့အတွက် ဗိုလ်ချုပ် ဂွမ်မော်အနေနဲ့
ဦးစီးချုပ် ဖြစ်တာကြောင့် သူ့တပ်ကို ပစ်ထားခဲ့လို့ မရဘူး၊ လာဖို့
အဆင်မပြေနိုင်ဘူးလို့ ပြောပါတယ်။ ဒီလထဲမှာတင် တိုက်ပွဲပေါင်း(၉၀) ကျော်
ဖြစ်ထားတယ်၊ ၁၀၅ ကို ကက(ကြည်း)က ပစ်မိန့်ရမှ ပစ်ရတယ်ဆိုတာကို အခုမှ
သူသိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီလ ၂၄ ရက်နေ ၂၈ ကြားမှာ KIO ကို
ဗဟိုဌာနချုပ်ကို ၁၀၅ နဲ့ ၁၄ ကြိမ် ပစ်တာ ခံခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်
ထွန်းထွန်းနောင်ပြောတဲ့ ပြည်ထောင်စု တပ်မတော် ကိစ္စကိုတော့ သူ ကျေနပ်ကြောင်း
ဦးဇော်ရော်က ပြောခဲ့ပါတယ်။
အခုချိန်မှာတော့ ဆွေးနွေးမှုကို
ဆက်လုပ်နေပါတယ်။ ဦးအောင်မင်းကတော့ အခုဆွေးနွေးပွဲဟာ နောက်လုပ်မယ့်
ဆွေးနွေးပွဲအတွက် ခြေလှမ်းအစဖြစ်တယ်။ နောက်တစ်ကြိမ်ကို မူဆယ်မှာဖြစ်ဖြစ်
ဗန်းမော်မှာ ဖြစ်ဖြစ် လုပ်ဖို့ ကမ်းလှမ်းထားပါတယ်။ KIO ဘက်ကတော့ အားလုံး
ပြေလည်နိုင်ဖို့အတွက် နိုင်ငံရေး နည်းလမ်းအရ ဆွေးနွေးမှုတွေကသာ
အဖြေထွက်နိုင်လိမ့်မယ်လို့ ပြောထားပါတယ်”ဟု ဆွေးနွေးပွဲကို တက်ရောက်
သတင်းယူနေသည့် Eleven Media Group သတင်းထောက်က ပြောပါသည်။
0 comments:
Post a Comment