ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံစီမံကိန်း လုပ်နေတဲ့ ကုမ္ပဏီက ပြန်ဖို အတွက် နောက်ဆုံးကျန်ရှိသော စက်ပစ္စည်းများကို
သိမ်းဆည်းနေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး က ပြောလိုက်ပါတယ် ။ “အခုပြန်ဖို့ နောက်ဆုံးအသုတ်ပစ္စည်းတွေ သိမ်းနေပြီ၊ ပစ္စည်းတွေသိမ်းပြီး ပြန်ကြတော့မယ်”ဟု ဦးအောင်မင်းက ပြောခဲ့ပါတယ် ။
အောက်တိုဘာ ၂၁ ရက်တွင်ပြောခဲ့တယ် ။
မြစ်ဆုံစီမံကိန်းဆောင်ရွက်ခဲ့ရာတွင် မြေအတွင်းဝင်သွားသော ကုန်ကျစရိတ်တန်ဖိုးမှာပင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့်ရှိပြိး စီမံကိန်းကြောင့် CPI ကုမ္ပဏီ၏ ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့်ရှိကြောင်း သူကပြောခဲ့တယ် ။
စက်ပစ္စည်းများ သယ်ယူရန် မြန်မာအစိုးရက ခွင့်ပြုပြီးဖြစ်သော်လည်း ကေအိုင်အေနယ်မြေအတွင်းရှိ ခုနစ်ရောင်ခြယ်တံတားကျိုးနေပြီး၊ ကေအိုင်အေက တံတားပြန်ဆောက်ရန် ခွင့်မပြုသည့်အတွက် သယ်မရသေးကြောင်း CPI ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ မစ္စတာ Xia Zhong က ပြောခဲ့သည် ။

0 comments:
Post a Comment