၂၄
နှစ်ကျော် ချင်းအမျိုးသားတော်လှန်ရေးတိုက်ပွဲဆင်နွှဲ့လာခဲ့သည့်
ချင်းအမျိုးသားတပ်ဦး၏ ပထမ ဆုံး အကြိမ် တပ်မ တော် အရာရှိ မွမ်းမံသင်တန်း
ကို စစ်ဖက်ရေးရာကော်မီတီ ဥက္ကဌ ဦးဆောင်မှုဖြင့် အောင်မြင်စွာ
ပြုလုပ်ပြီးဆုံး ကြောင်း သိရသည်။
အိန္ဒိယ – မြန်မာ နယ်စပ် တနေရာတွင် ယခုလအောက်တိုဘာ ပထမ ပတ်မှ ကျင်းပခဲ့သည့် အရာရှိ သင်တန်းတွင် စီအဲန် အက်ဖ်၏ အဓိပတီကောင်စီ ၀င်များ၊
ပါတီဗဟိုအလုပ် အမှုဆောင်ကော် မီတီဝင်များ၊ စစ်ဖက်ရေးရာ ကော်မီတီဝင်များ အပါ အ၀င်တပ်မတော် အရာရှိ စုစုပေါင်း ၁၇ ဦး တက်ရောက် ခဲ့သည်။
“ အခု သင်တန်းက စီအဲန်အက်ဖ်၊ စီအဲန်အေတွင်း ပထမဆုံးအကြိမ် အရာရှိမွမ်းမံ
သင်တန်းဖြစ်ပါ တယ်၊ အခု စာတွေ့ပိုင်း ကို အဓိက လေ့လာတယ်၊
လက်တွေ့ပိုင်းကို ဆက်လုပ်မှာလည်း ဖြစ်တယ်” ဟု စစ်ဖက် ရေးရာ ကော်မီတီအ
တွင်းရေး မှူး ပူး ဆော်လမွန်က ပြောသည်။
ချင်းအမျိုးသားတပ်ဦးသည် အစိုးရနှင့် သဘောတူထားသည့် သတ်မှတ်နေရာတွင် အခြေချတော့ မှာဖြစ်သဖြင့် ချင်းပြည် သူလူထုနှင့် သော်၎င်း၊ အစိုးရ နှင့် သော်၎င်း အနီးကပ် ဆက်ဆံတော့မှာ ဖြစ်သောကြောင့် အဆိုပါ သင်တန်းတွင် လူထု ဆက်ဆံရေးဘာသာရပ်ကိုလည်း ထည့်သွင်းသင်ကြား ကြကြောင်း သိရသည်။
“ ဘယ်လက်နက်ကိုင်အဖွဲ့ဖြစ်ဖြစ်၊ နိုင်ငံရေးအဖွဲ့အစည်းဖြစ်ဖြစ် လူထုနဲ့ ချစ်ကြည်ရင်းနှီးမှုက အင်မတန်အရေးကြီးတယ်၊ ယခုသင်တန်းက လက်တွေ့ လုပ်ငန်းဖော်ဆောင်မှုမှာ အင်မတန်အကျိုးပြု မှာပါ” ဟု တပ်မတော် အရာရှိငယ်တဦးက ပြော သည်။
သင်တန်းအတွက် ဘတ်ဂျက်ငွေ၊ စစ်သုံး ကိရိယာ နှင့် စခန်းအတွက် လိုအပ်သည့် အထောက်အကူ ပစ္စည်းများ၊ ဆေးဝါး ပစ္စည်းများကို ကနေဒါ၊ ၀ါရှင်တန်ဒီစီ၊ အင်ဒီယားနားရှိ ချင်းမိသားစု အသိုင်း အ၀ိုင်းများမှ ပံ့ပိုးကူညီကြသည်ဟု ထပ်မံ သိရသည်။
စီအဲန်အက်ဖ်သည် ကချင် ကေအိုင်အိုထံမှ စစ်ပညာကို လက်ဆင့်ကမ်းရယူပြီး တော်လှန်တိုက်ပွဲဝင် လာခဲ့သည့် တခု တည်းသော ချင်းအမျိုးသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။
khonumthung
အိန္ဒိယ – မြန်မာ နယ်စပ် တနေရာတွင် ယခုလအောက်တိုဘာ ပထမ ပတ်မှ ကျင်းပခဲ့သည့် အရာရှိ သင်တန်းတွင် စီအဲန် အက်ဖ်၏ အဓိပတီကောင်စီ ၀င်များ၊
ပါတီဗဟိုအလုပ် အမှုဆောင်ကော် မီတီဝင်များ၊ စစ်ဖက်ရေးရာ ကော်မီတီဝင်များ အပါ အ၀င်တပ်မတော် အရာရှိ စုစုပေါင်း ၁၇ ဦး တက်ရောက် ခဲ့သည်။

ချင်းအမျိုးသားတပ်ဦးသည် အစိုးရနှင့် သဘောတူထားသည့် သတ်မှတ်နေရာတွင် အခြေချတော့ မှာဖြစ်သဖြင့် ချင်းပြည် သူလူထုနှင့် သော်၎င်း၊ အစိုးရ နှင့် သော်၎င်း အနီးကပ် ဆက်ဆံတော့မှာ ဖြစ်သောကြောင့် အဆိုပါ သင်တန်းတွင် လူထု ဆက်ဆံရေးဘာသာရပ်ကိုလည်း ထည့်သွင်းသင်ကြား ကြကြောင်း သိရသည်။
“ ဘယ်လက်နက်ကိုင်အဖွဲ့ဖြစ်ဖြစ်၊ နိုင်ငံရေးအဖွဲ့အစည်းဖြစ်ဖြစ် လူထုနဲ့ ချစ်ကြည်ရင်းနှီးမှုက အင်မတန်အရေးကြီးတယ်၊ ယခုသင်တန်းက လက်တွေ့ လုပ်ငန်းဖော်ဆောင်မှုမှာ အင်မတန်အကျိုးပြု မှာပါ” ဟု တပ်မတော် အရာရှိငယ်တဦးက ပြော သည်။
သင်တန်းအတွက် ဘတ်ဂျက်ငွေ၊ စစ်သုံး ကိရိယာ နှင့် စခန်းအတွက် လိုအပ်သည့် အထောက်အကူ ပစ္စည်းများ၊ ဆေးဝါး ပစ္စည်းများကို ကနေဒါ၊ ၀ါရှင်တန်ဒီစီ၊ အင်ဒီယားနားရှိ ချင်းမိသားစု အသိုင်း အ၀ိုင်းများမှ ပံ့ပိုးကူညီကြသည်ဟု ထပ်မံ သိရသည်။
စီအဲန်အက်ဖ်သည် ကချင် ကေအိုင်အိုထံမှ စစ်ပညာကို လက်ဆင့်ကမ်းရယူပြီး တော်လှန်တိုက်ပွဲဝင် လာခဲ့သည့် တခု တည်းသော ချင်းအမျိုးသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။
khonumthung
0 comments:
Post a Comment