ကျွန်တော်တို့ရဲ့
ဦးတည်ချက်က နိုင်ငံရေးဆွေးနွေးဖို့အ တွက်။ ကျဆုံးနေတဲ့ ကျွန်တော်တို့
တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးအတွက် ကျွန်တော်တို့ တိုင်
ပင်ချင်တယ်။ ဆွေးနွေးချင်တယ်။ တင်ပြချင်တယ်။ လုပ်ချင်တယ်။ လိုချင်တယ်။
အဲခါကျတော့ လွန်ခဲ့သော ၁၉၉၄ခုနှစ်တုန်းကတော်တော် ကြိုးစား သုံးလေးနှစ်လောက်
ကြိုးစားပြီးမှ အပစ်အခတ်ရပ်စဲရေးရပါ တယ်။ အဲဒါက တပ်မတော်အစိုးရ
ဖြစ်တယ်ဆိုလို့ သူတို့က နောက်တက်လာမယ့် အစိုးရနဲ့နိုင်ငံရေး ဆွေးနွေးပါ။
အဲလိုပြောထားပြီးသား ဖြစ်တယ်။
အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီး
ခင်ညွန့် သူကိုယ်တိုင်လာပါတယ်။ သူက ဘာပြောလဲ။ နိုင်ငံရေးအစိုးရ
တက်လာလို့ရှိရင် ကျွန်တော်တို့တောင် ဘယ်ပြန်ရမလဲမသိဘူး။ စစ်
တန်းလျားပြန်ရမယ်။ အဲဒီလိုပြောတယ်။ ကျွန်တော်တို့လည်း စောင့်ရင်းစောင့်ရင်း
သည်းညည်းခံရင်းနဲ့ ညီလာခံလည်း တက်ပါတယ်။ တင်ပြပါတယ်။ ၁၉ ချက်။ ၁၃ ဖွဲ့တွေ
အများကြီးတင်ပြပါတယ်။ အဲဒါ အားလုံး ဘယ်ရောက်သွားလဲဆိုတော့ မှတ်တမ်းတင်ထား
ပေးပါ့မယ် ရောက်သွားတယ်။ ကျွန်တော်တို့ အတွက် ဘာတစ်ခုမှမရလိုက်ဘူး။
နောက်တစ်ခုကျတော့ တပ်ကနေ နိုင်ငံရေးဆွေးနွေးဖို့ အတွက် ကျွန်တော်တို့ကို အပစ်အခတ်
ရပ်စဲရေး
ထိုးခိုင်းတယ်။ ထိုးတယ်။ ကျွန်တော်တို့လည်း သဘောတူတယ်။ ဒါပေမယ့် ဘာလုပ်သလဲ
လက်နက်ချခိုင်းတယ်။ ပါတီဖွဲ့ကွာတဲ့။ လွှတ်တော် ထဲဝင်ပါ။အဲလိုဆိုတော့
ကျွန်တော်တို့အတွက်က KIO အနေနဲ့ ကချင် တိုင်းရင်းသားတွေ အနေနဲ့က ဘာမှ
မျှော်လင့်ချက်မရှိပါဘူး။ ဒါပေမယ့် ဆက်ကို ဆက်သွားနိုင်ရပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စု ဆိုတာကို တိုင်းရင်းသား အများကြီး
စုပြီးထားတဲ့ ပြည်ထောင်စု၊ ပင်လုံ (ပင်လုံစာချုပ်) မရှိရင် ပြည်ထောင်စု
မြန်မာနိုင်ငံဆိုတာ မရှိပါဘူး။ ကျွန်တော်တို့လိုချင်တာက ကချင်အုပ်စု၊
ရှမ်းစုအစုတွေ အများကြီးရှိပါတယ်။
အဲဒီတော့ ဘာပဲဖြစ်ဖြစ် နိုင်ငံသား တစ်ဦးရဲ့ရပိုင်ခွင့်နဲ့ပတ်သက်ြ ပီးပဲ
ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ အတွက်က စုပေါင်းအခွင့်အရေး
အဲဒါမရှိလို့ကတော့ တိုင်းရင်းသားတွေအတွက် အုပ်စုအတွက် ရပ်ကွက်
ကျေးရွာအုပ်စုတွေအတွက်က ဘယ်လိုမှ ရပိုင်ခွင့်ကမရှိနိုင်ဘူး။ အဲဒါကြောင့်
ကျွန်တော်တို့ တိုင်းရင်းသားတွေဘက်က ဒါကိုပဲ ဆွေးနွေးချင်ပါတယ်။
နိုင်ငံရေးပိုင်းမှာ။
( KIO ကိုယ်စားလှယ်အဖွဲ့ဝင် ဦးဂျီးနောင် )
အဲဒီတော့ ဘာပဲဖြစ်ဖြစ် နိုင်ငံသား တစ်ဦးရဲ့ရပိုင်ခွင့်နဲ့ပတ်သက်ြ
( KIO ကိုယ်စားလှယ်အဖွဲ့ဝင် ဦးဂျီးနောင် )
0 comments:
Post a Comment