Home » » ကချင်စစ်ဘေးကြောင့် ပြည်နယ်အစိုးရ တာဝန်ယူ ကျောင်းထားပေးရသူ ၈ဝဝဝ ခန့်ရှိပြီ

ကချင်စစ်ဘေးကြောင့် ပြည်နယ်အစိုးရ တာဝန်ယူ ကျောင်းထားပေးရသူ ၈ဝဝဝ ခန့်ရှိပြီ



                             ကချင်ဒုက္ခသည်
၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်မှစ၍ စစ်ကြောင့် ကချင်ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် တာဝန်ယူကျောင်းထားပေးခဲ့ရမှုမှာ ကျောင်းသား၊ ကျောင်းသူ ၈ဝဝဝ နီးပါးခန့်ရှိနေ ပြီဖြစ်ကြောင်း ပညာရေးဌာနစာရင်းများအရ သိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ မှ တာဝန်ရှိသူက ”၂ဝ၁၁ ဇွန်လ ၁၅ ရက်နေ့ကနေ ၂ဝ၁၂ သြဂုတ်လ ၁၈ ရက်နေ့အထိကို တာဝန်ယူ ကျောင်းထားပေးခဲ့ရတဲ့ စာရင်းက ၇၉၇၂ ဦးရှိသွားပြီ’ဟု ပြောသည်။
နိုင်ငံတော်သို့ ငွေကြေးပေးသွင်းကာ ကျောင်းထားပေးခဲ့မှုမှာ စစ်ရှောင်စခန်းသို့ ရောက်ရှိနေကြသော ကျောင်းသား၊ ကျောင်းသူတို့ ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။

”ဒီဘက်ကို ပြေးမလာတဲ့ စာရင်းတော့မသိဘူး။ ဒီကလေး တွေကိုစစ်ရှောင်စခန်းတွေမှာနဲ့ မြို့ ပေါ်ကကျောင်းတွေမှာထားပေးပါတယ်”ဟု ၄င်းကပြောသည်။
ကချင်အရေးလှုပ်ရှားနေသူတို့က စစ်ကြောင့် ပညာသင်နှစ် နှစ်လုံး၌ ပညာသင်ယူခွင့် ဆုံးရှုံး နေရသော ကျောင်းသားအရွယ် ကလေးတို့နှင့် မဖွင့်လှစ်နိုင်သော ကျောင်း တို့အရပ်မှာအမြောက်အများရှိနေနိုင်သေးကြောင်း သုံးသပ်ကြသည်။

ကချင်ပြည်နယ်လူမှုရေးဝန်ကြီးက စာရင်းအတိအကျသိရှိနိုင်ရန် အနှစ်ချုပ် အစီအရင်ခံစာ တင်ခိုင်းထားပြီး ဖြစ်ရာ စာရင်းပေါ် အခြေခံကာ ကူညီမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောသည်။
ရခိုင်အရေးကြောင့် ပညာသင်ယူခွင့် အခွင့်အလမ်းဆုံးရှုံးခဲ့ရသော် လည်းလပိုင်းအတွင်းပင် ကျော်လွှားနိုင်ခဲ့ကြောင်း၊ ကချင်မှာမူ ထိုသို့မဟုတ်ဘဲ နှစ်ချီကာ ကလေးသူ ငယ်တို့ ပညာသင်ယူခွင့် ဆုံးရုံးနေရ သည်ဟု အခြေခံပညာအသိုင်းအ ဝိုင်းက ထောက်ပြကြသည်။

http://popularmyanmar.com/mpaper
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG