Home » » ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် ထပ်မံတွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် ထပ်မံတွေ့ဆုံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ဟာ နေပြည်တော်မှာယမန်နေ့ သြဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်းက ထပ်မံတွေ့ဆုံကြပါတယ်။ ဒါဟာ တပတ်အတွင်း ဒုတိယ အကြိမ် လည်းဖြစ်ပါတယ်။ထူးခြားတာကတော့ လွှတ်တော်နဲ့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရတို့အကြား အခြေခံ ဥပဒေခုံရုံးနှင့် ပတ်သက်ပြီး အားပြိုင်မှု ဖြစ်နေချိန်မှာအခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တွေ့ဆုံမှုဟာ ခပ်စိပ်စိပ်ဖြစ်လာတာ သတိထားမိပါတယ်။

သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်
အခုလို နောက် ထပ်တွေ့တာကို အတည်ပြု ပြောပေမယ့် အသေးစိပ်ကိုတော့ ပြောဆိုဖို့ ငြင်းခဲ့တာကို အမေရိကန်သတင်းစာ တစောင်ဖြစ်တဲ့ ၀ါရှင်တန်ပို့စ် အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ ၂ ဦးလုံးဟာ ရာစု နှစ်ဝက်ကျော် စစ်အာဏာရှင်အုပ်စိုး မှုတွေနောက်ပိုင်း မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းရေးမှာ အဓိကကျတဲ့ နိုင်ငံရေး ဦးဆောင်သူများ လည်းဖြစ်ပါတယ်။

နောက်ဆုံး တွေ့ခဲ့ကြတာက လွန်ခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က ဖြစ်ပြီး စုစုပေါင်း ယခင်က ၃ ကြိမ် တွေ့ ဆုံပြီးဖြစ်ပေမယ့် တွေ့ဆုံဆွေးနွေးမှု အသေးစိပ်ကို ၂ ဘက်လုံးက မထုတ်ပြန်ကြပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ အခု လောလောဆယ်တော့ ပါလီမန်မှာ အဓိက အတိုက်အခံ အုပ်စုကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပါလီမန်ဟာ ယခင် စစ်အုပ်စု အသွင်ပြောင်းနဲ့ မဟာမိတ် များဖြစ်ကြတဲ့ ကြံ့ခိုင်ရေးပါတီက လွှမ်းမိုး ထားတာတာပါ။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG