Home » » ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံ သမိုင်းတွင်ထူးခြားသည့် ခရီးစဉ်အဖြစ် နိုင်ငံတကာမီဒီယာများ ဖော်ပြနေကြ

ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံ သမိုင်းတွင်ထူးခြားသည့် ခရီးစဉ်အဖြစ် နိုင်ငံတကာမီဒီယာများ ဖော်ပြနေကြ


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိ
ကန်ပြည်ထောင်စုသို့ စက်တင်ဘာလ
၂၄ရက်နေ့က စတင်ထွက်ခွာသွားခဲ့ပြီး
 ယခုခရီးစဉ်မှာ နိုင်ငံတော် အကြီးအကဲ
တစ်ဦးအနေဖြင့် နှစ်ပေါင်း ၄၆ နှစ်အတွင်း
အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံးသွား ရောက်မှု ဖြစ်ခဲ့ပါသည်။

၁၉၆၆ ခုနှစ်တွင် ထိုစဉ်က ၀န်ကြီးချုပ်ဦးနေ၀င်းမှာ အမေရိကန်သို့ သွားရောက်ခဲ့ပြီး
ယင်းနောက်တွင် ယခုနိုင်ငံတော် သမ္မတဦးသိန်းစိန်၏ ခရီးစဉ်မှာ နှစ်ပေါင်း ၄၆
 နှစ်ကြာပြီးနောက် တရားဝင်သွားရောက်ရသော နိုင်ငံတော် အကြီးအကဲတစ်ဦး၏ ခရီးစဉ်လည်း ဖြစ်ခဲ့ပါသည်။

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့
တွင်ကျင်းပမည့် (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက် ရန်သွားရောက်ခဲ့ခြင်းလည်းဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စက်တင်
ဘာလ ၂၇ ရက်နေ့၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် အမေရိကန်အစိုးရ တာဝန်ရှိသူများ၊ နိုင်ငံတကာမှ ခေါင်းဆောင်များ၊ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

 ထို့ပြင် နယူးယောက်မြို့ရှိ Asia Societyတွင်လည်း စက်တင် ဘာလ ၂၇ ရက်နေ့၌
မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်။

နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူးဦးဇော်ဌေးက''ကျွန်တော်တို့ကလည်းတစ်စိတ်
တစ်ပိုင်းအားဖြင့် နိုင်ငံနဲ့လူမျိုးအကျိုးကိုဒီခရီးစဉ်မှာ မြှင့်တင်နိုင်မယ်လို့ မျှော်
လင့်ထားပါတယ်။

 မျှော်လင့်ထားတယ်ဆိုတာ ဘယ်လိုလည်းဆိုတော့ ကျွန်တော် တို့သမ္မတကြီးက အသစ်ပြန်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ပေါင်းစည်းခြင်းပေါ့။

အသစ်ပြန်လည်ပေါင်းစည်းတဲ့သဘော သူသွားတာပါ။ သွားတဲ့အခါ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့
မူဝါဒတွေ၊ အ လားတူ နိုင်ငံတကာက အထင်မြင်လွဲမှားနေတဲ့ ရခိုင်ပြည်နယ်ကိစ္စတို့၊ ငြိမ်းချမ်းရေးကိစ္စတို့ကိုလည်း သူရှင်းမှာပါ။

အလားတူ သူကြုံတွေ့နေတဲ့ စိန်ခေါ်မှုတွေကိုလည်း နိုင်ငံတကာက ဘယ်လို
ကူညီပေးသလဲဆိုတာကို သူပြောမှာပါ''ဟု ပြောကြားခဲ့သည်။

''အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်နဲ့ တိုက်နေတဲ့အခါကျတော့ မီဒီယာတော်တော်များများက မေးတဲ့အခါမှာ အဲဒါရဲ့သဘောထားကတော့
သမ္မတကြီးရဲ့စကားအတိုင်းပေါ့။ အဲဒါကို အသိအမှတ်ပြုရမယ်။

အဲဒါကြောင့် ဦးအောင်မင်းကို အစိုးရကိုယ်စားတက်ပြီးတော့ ဂုဏ်ပြုပေးပါ။
ကိုယ့်နိုင်ငံက လူတစ်ယောက်ရတာ ဘာပဲပြောပြော ဂုဏ်ယူရမယ်။ ဒါဝမ်းမြောက်
ဝမ်းသာ ဖြစ်တယ်ပေါ့။ အဲဒီအတွက်လည်း သမ္မတကြီးအနေနဲ့ ဘယ်လိုမှ စနိုး
စနောင့် မဖြစ်တဲ့အပြင် ပိုပြီးတောင် ၀မ်းသာ ပါတယ်''ဟု  ဦးဇော်ဌေးက
ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံတကာမီဒီယာများကမူ နိုင်ငံတော်သမ္မတ၏ အမေရိကန်ခရီးစဉ်မှာ သမိုင်းတွင်
ထူးခြားသည့် ခရီးစဉ်တစ်ခုအဖြစ် ဖော်ပြနေကြပြီး မြန်မာနိုင်ငံအတွက် ရလဒ်ကောင်း
များကို သမ္မတအနေဖြင့် ရယူပေးနိုင်လိမ့်မည်ဟု သုံးသပ်မှုများလည်း
ရှိနေပါသည်။

နိုင်ငံတော်သမ္မတသည် အမေရိကန်ခရီးစဉ်အတွင်း စက်တင်ဘာလ ၂၅ ရက်နေ့က (ဒေသစံတော်ချိန်) ဒေါ်အောင်ဆန်းစုကြည်နှင့် တည်းခိုရာ The Mark ဟိုတယ်တွင်
၁၅ မိ နစ်ကြာ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင် မြန်မာလူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်
 ၁၇ ရက်ကြာမြင့်မည့် အမေရိကခရီးစဉ်အရ အမေရိကန်ပြည်ထောင်စုတွင် ရှိနေပြီး မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၃ ရက်နေ့တွင် ပြန်လည်ထွက်ခွာ
လာရန် စီစဉ် ထားသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း
ခံရသော သမ္မတဦးသိန်းစိန်သည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
လက်ထက်တွင် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၀၉ ခုနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့ဖူးသည်။ ထိုစဉ်က မြန်မာအစိုးရ ထိပ်တန်း
အရာရှိများအား ဗီဇာပိတ်ပင်ထားမှုကြောင့် ကုလသမဂ္ဂ ရုံးချုပ်အနီးတစ်ဝိုက်ဧရိယာ
တွင်သာ သွားရောက်ခွင့်ရရှိခဲ့သည်။

သို့ရာတွင် ပြီးခဲ့သော သြဂုတ်လအတွင်းက အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်မှုအား အသိအမှတ်ပြုသည့်အနေဖြင့် မြန်မာနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများအပေါ် ဗီဇာပိတ်ပင်ထားခြင်းအား ပယ်ဖျက်ပေးခဲ့သည်။

ထို့ပြင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့အား အမေရိကန်တွင် စီးပွားရေးလုပ်ကိုင်ခွင့်နှင့်
ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် တားမြစ်ခံရသူများစာရင်းမှ စက်တင်ဘာလ ၁၉ ရက်နေ့က
ပယ်ဖျက်ပေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီးများ
 ဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၊ ဦးစိုးသိန်း၊ ဦးခင်ရီ၊ ဒုတိယ၀န်ကြီး
ဒေါက်တာဝင်းမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါသွားကြပြီး အဖွဲ့ဝင်ဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝဏ္ဏမောင်လွင်သည် နယူးယောက်မြို့သို့ ကြိုတင်ထွက်ခွာသွား
ပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၁၅ မိနစ်ကြာတွေ့ဆုံခဲ့ကြပါသည်။

Eleven Media Group
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG