Home » » KIA KIO နဲ့ သိန်းစိန် အစိုးရစစ်တပ် တိုက်ပွဲပြင်းထန်

KIA KIO နဲ့ သိန်းစိန် အစိုးရစစ်တပ် တိုက်ပွဲပြင်းထန်

သတင်း ။ ။ ၀န်ပေါင်
               ၃၀ ၈ ၂၀၁၂

 မြန်မာအစိုးရတပ်တွေက KIA တပ်ဖွဲ့တွေကို အခုရက်ပိုင်းအတွင်း ဆက်တိုက် ထိုးစစ်တွေဆင်နွှဲနေရာမှာ အင်္ဂါနေ့ညက ဖားကန့်မြို့နယ်အတွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲက အတော်လေးပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

အစိုးရဘက်က လက်နက်ကြီးအပါအ၀င် လေကြောင်းအကူတွေပါ အသုံးပြုနေပါသည်။ သတင်းများအရ ယမန်နေ့  KIA တပ်ရင်း (၆) မှ ပြည့်သူစစ်တပ်နဲ့  အစိုးရတပ် တိုက်ပွဲမှာတော့ အစိုးရတပ်ဘက်မှ ၅၀ ခန့်ကျဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိကြောင်း သိရသည်။ လက်နက် ၅၇ လက် ကေအိုင်အေမှ သိမ်းဆည်းရမိတယ်လို့ ကေအိုင်အေဘက်မှ ပြောသည်။ ယင်းစစ်ပွဲမှာ ကျဆုံးသည့်အထဲတွင် မုံရွာအခြေစိုက် ခလရ ၁၆ တပ်ရင်းမှူး ချစ်ကိုကိုအပါအ၀င် စစ်ဗိုလ် နှစ်ဦးပါဝင်ကြောင်း သိရသည် ။

 ယမန်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဖားကန့်ဒေသို့ တပ်မ ၃၃ စစ်ကူနှင့် လေတပ် ၊ အမြှောက်တပ်ပါ ပူးပေါင်းပါဝင်နေပြီလို့ သိရသည်။ ဒဏ်ရာရရှိသည့် အစိုးရစစ်တပ်မှ စစ်ဗိုလ်အဆင့်များကို မြောက်ပိုင်းတိုင်းဆေးရုံနှင့် မြစ်ကြီးနား ဆေးရုံတွေမှာ ကုသမူပေးနေကြောင်း သိရသည်။

 “ဖားကန့်မှာကတော့ နေ့တိုင်းပဲ။ ဒီမနက်လည်း အစောကြီးကတည်းက တိုက်ပွဲတွေ ဖြစ်နေလို့ ဒီမနက် လုံး ည သန်းခေါင်ကနေ ရွာသားတွေက ထွက်ပြေးနေကြတာ။ တဒုံးဒုံး တဒိုင်းဒိုင်း ဖြစ်နေတယ်။ အခု ဖားကန့်ဘက်မှာကျတော့ တောက် လျှောက်လိုဖြစ်နေတာ။ ည ၁ နာရီ ၂ နာရီကနေ ဖြစ်နေတာ မနက် ၉ နာရီ ၁၀ နာရီလောက်အထိ မပြီးသေးဘူး။ လေယာဉ်တွေနဲ့ပါ စစ်တပ်ဘက်က လာကူပေး တယ်။ လာကူတယ်ဆိုတာက လက်နက်တွေ လာချပေးတယ်။ လက်နက်တွေ ကျည်ဆံတွေ လာချပေး တယ်။ ပြီးလို့ရှိရင် အပြန်ကျတော့လည်း ဒီဒဏ်ရာရတဲ့သူတွေကိုလည်း လေယာဉ်နဲ့ပဲ သယ်သွားတာပေါ့။ လိုင်ဇာဘက်မှာလည်း နေ့တိုင်း တိုက်ပွဲတွေဖြစ်နေတယ်။” VOA သတင်းဌာနမှာ ဖားကန့် မြို့ခံ တဦးပြောပြမှုကို ဖော်ပြထားသည်။

 ဆက်ပြီးသူက “မနေ့ညကတော့ အကြီးအကျယ်ဖြစ်တယ်။ ဒါကြောင့် မနက်မလင်းခင် ၂ နာရီလောက်ကတည်း ကပေါ့နော် စစ်ပြေးဒုက္ခသည်တွေ ဖားကန့်မှော်ထဲဘက် ထွက်ပြေးကြတာ အကုန်ပဲ။ အခု ညနေ ပိုင်းမှာလည်း --နားက ကုမ္ပဏီရှိတဲ့ဘက်မှာ မီးခိုးလုံးတွေ ထနေတာ အခုထိကို မငြိမ်းသေးဘူး။ အဲ့ဒီ မီးခိုးလုံးတွေကတော့ မြင်နေရတာပေါ့။ ကျမတို့ ကြိုးတံတားကနေ ကြည့်နေရတာကိုး။”

 ဖားကန့် ဒေသစစ်ပြေးဒုက္ခသည် ထွက်ပြေးသူဦးရေ ထောင်ဂဏန်းရှိပြီလို့၊ အကူညီများ လိုအပ်နေတယ်လို့  လူမှုရေးအဖွဲ့များက ပြောပြပါတယ်။ တရုတ်နိုင်ငံဘက်က သူ့နိုင်ငံတွင်း ၀န်ပေါင်စစ်ပြေးဒုက္ခသည်များ မ၀င်နိုင်အောင် နယ်စပ်ကို ပိတ်ဆို့ထားတယ်လို့ သိရသည်။ ဖားကန့်မြို့တွင် တရုတ်လူမျိုးများ သုံးပုံတပုံခန့် စီးပွားရှာ နေထိုင်နေကြသည်။

 ယခု စစ်ပွဲဖြစ်နေသည့် ဒေသတွေမှာ ကချင်လူထုများ၊ အောက်ပိုင်းအညာဒေသမှ ဗမာလူမျိုးများ ၊ ရှမ်း ၊ တရုတ်၊ ပြည်သူလူထုပေါင်းမြောက်များစွာ စားဝတ်နေရေး ဖြေရှင်းပေး နေသည့် ဒေသဖြစ်သည်။

 တရုတ်နယ်စပ်ကို ထွက်ပြေးကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို တရုတ်အစိုးရအနေနဲ့ မောင်းမထုတ်ဘဲ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ကိုလည်း ၀န်ပေါင်တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့က တောင်းဆိုထားသည် ။ ၀န်ပေါင်ပြည်နယ်တွင် ဖြစ်ပွားနေတဲ့ စစ်မက်ပဋိပက္ခတွေကို အမြန်ဆုံး ရပ်ဆိုင်းပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ကို ပြည်ပအခြေစိုက် ၀န်ပေါင် တိုင်းရင်းသား ၁၁ ဖွဲ့ကနေ သြဂုတ်လ ၂၉ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး သမ္မတဦးသိန်းစိန် အစိုးရကို တောင်းဆိုထားသည်။

 “အဓိကအချက်ကတော့ အခု လက်ရှိ ထိုးစစ်ကို ချက်ခြင်း ရပ်တန့်စေချင်တယ်ပေါ့။ ဘာဖြစ်လို့လဲဆို ဒီ ထိုးစစ်ကြောင့် ဒုက္ခသည်လည်း ပိုပို များလာတယ်လေ။ ဒီထိုးစစ်ကို ရပ်ပြီးမှ ဒုက္ခသည်တွေကို အမြန်ဆုံး ကူညီ စောင့်ရှောက်ပေးဖို့ဟာကို အဓိကထားပြီး ပြောစေချင်တယ်ပေါ့။ အဓိက ကတော့ နိုင်ငံရေးအရ တန်းတူ ရည်တူ တွေ့ဆုံဆွေးနွေးမှပဲ တတိုင်းတပြည်လုံး ငြိမ်းချမ်းနိုင်မယ့် အနေအထားဖြစ်တာပေါ့။ အားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးရေးပေါ့နော်- တိုင်းရင်းသားတွေနဲ့ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ရင် တိုင်းပြည်တခုလုံး အေးချမ်းသွားမယ်လို့ အဲလိုပဲ ယုံကြည်တယ်။” ကချင်ကျောင်းသား လူငယ်သမဂ္ဂ (AKSYU) အထွေထွေအတွင်းရေးမှူး ကိုနော်ဆိုင်းက VOA သတင်းဌာနကို အခုလို ပြောထားးသည်။

 KIO ၊ KIA မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေးပြီး ပျက်ပြယ်ပြီးနောက်ပိုင်း ၂၀၁၁ ခုနှစ် ဇွန်လကုန်မှာကတည်းက KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲတွေ စ ဖြစ်ခဲ့တာပါ။ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ ရပ်စဲရေး နှစ်ဘက် အပြန်အလှန် အကြိမ်ကြိမ်ဆွေးနွေး ခဲ့ကြပေမဲ့ အခုထိ ပြေလည်မူမရရှိဘဲ တိုက်ပွဲများ ပိုပြီး ပြင်းထန်နေတယ်လို့ သိရသည်။

 တနှစ်ကျော်ကြာလာပြီဖြစ်တဲ့ ဒီတိုက်ပွဲတွေအကြောင့် ထွက်ပြေးကြရတဲ့ ၀န်ပေါင် စစ်ပြေး ဒုက္ခသည် အရေအတွက်ဆိုရင်လည်း တစ်သိန်း နီးပါးရှိပြီလို့  လူမူအဖွဲ့ များက ပြောသည် ။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG