Home » » တိုင်းရင်းသား အခွင့်အရေး ဥပဒေ ပြဋ္ဌာန်းရေး အဆို အတည်ပြု

တိုင်းရင်းသား အခွင့်အရေး ဥပဒေ ပြဋ္ဌာန်းရေး အဆို အတည်ပြု

တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ ပြဋ္ဌာန်းရေး အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ကြောင်း သိရပါတယ်။

ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းတဲ့ ဒီအဆိုကို အတည်ပြုသင့်ပါကြောင်း လူဝင်မှု ကြီးကြပ်ရေး (လ.၀.က) ဒုတိယ ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးနဲ့   ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယ ရှေ့နေချုပ်တို့က ဒီကနေ့ ထောက်ခံ ဆွေးနွေးပြီးနောက်မှာ လွှတ်တော်က အတည်ပြုခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

ဒီအဆိုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ တိုင်းရင်းသား ဒေသတွေ တိုးတက် ဖွံ့ဖြိုးရေးတွေအတွက် ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေကြောင်း ထောက်ပြ ဆွေးနွေးကာ တန်းတူ ညီမျှရေး၊ အပြန်အလှန် လေးစား ယုံကြည်ရေးတို့ကို အခြေခံပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးကို ရည်သန်ကာ လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံး ဆွေးနွေး ညှိနှိုင်းပြီး တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးတွေ ကာကွယ်ရေးအတွက် ဥပဒေတွေကို လိုအပ်သလို ပြုပြင် ပြဋ္ဌာန်းဖို့ တိုက်တွန်းခဲ့ပါတယ်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG