Home » » ဦးဘရန်ရှောင် လွှတ်ပေးရန် ထပ်မံတောင်းဆိုချက်

ဦးဘရန်ရှောင် လွှတ်ပေးရန် ထပ်မံတောင်းဆိုချက်

 ဦးဘရန်ရှောင်အရေးသည် မြန်မာနိုင်ငံ၏ လူနည်းစုတိုင်းရင်းသားများ အပေါ် ထားရှိသော တရားရေး မဏ္ဍိုင် သဘောထား စမ်းသပ်မှုတခုဖြစ်သည်။ 

 ဒီသတင်းနဲ့ ပတ်သက်ပြီး မီဒီယာများလဲ အရေးတယူ သတင်းလိုက်ပြီး တင်ပြ ပေးခြင်းမျိုးမတွေ့ရပါ။ ၁၉၈၈ မတိုင်မှီ အချိန်ထိ တိုင်းရင်းသား ဒေသ တွေမှာ ဥပဒေမဲ့ လူသတ်နေသော အစိုးရ စစ်တပ်၏ လုပ်ဆောင်ချက်များ ကို ရေငုံနုတ်ပိတ်နေတတ်သော မြို့ကြီးသားများ၊ ရန်ကုန်မြို့ပေါ်မှာ ကျောင်းသားများကို ပစ်သတ်တော့မှ အံ့အားသင့်ခဲ့ဖူးသည်။ 

အခုကိစ္စသည်လဲ ကချင်လူမျိုးတယောက်အဖြစ်ပဲ မမြင်သင့်ပါ။ မြန်မာ နိုင်ငံသား တယောက် မတရားခံနေရတယ် ဆိုတဲ့ စိတ်ဓါတ်မျိုးထားရှိပြီး၊ လူမျိုးမတူလဲ အမှန်တရား အတွက်ရပ်တည် သင့်သည်လို့ မြင်ပါသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG