WUNPAWNG PHOTOS

နောက်ဆုံးရ သတင်းများ

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရန် တိုက်ပွဲများရပ်သင့်၊ လက်တွေ့တိုက်ပွဲများ ရပ်သကဲ့သို့ စိတ်တွင်းတိုက်ပွဲများလည်း ရပ်ရန် အရေးကြီး



“တစ်.. နေရာယူ၊
 နှစ်.. အဆင်သင့်၊
သုံး.. မောင်းချိန်၊
လေး.. ကျည်ဆံထည့်၊
ငါး.. ဝပ်၊
ခြောက်.. ပစ်နိုင်ပြီ၊ ပစ်… ”
ကျောင်းဝတ်စုံဟု မှတ်ခေါ်ရန် မသေချာတော့သည့် အင်္ကျီတချို့ ဝတ်ဆင်ထားသော စာသင်ခန်းဝင်အရွယ် ကလေးငယ်တချို့၏ အသံများကို ကြားလိုက်ရသည်။ သူတို့တွေ စစ် တိုက်တမ်းဆော့ ကစားနေကြခြင်း ဖြစ်သည်။ နေရာဌာနက အသစ်စက်စက် တူးထားသော ဗုံးခိုကျင်းများထဲတွင်ဖြစ်သည်။ ဗုံးခိုကျင်းက သူတို့အတွက် ခိုအောင်းရာ၊ ဗုံးခိုကျင်းက သူတို့အတွက် လုံခြုံရာဟု သဘောထားကာ နေရာအသီးသီးယူ ပြီး တိုက်ပွဲ တစ်ခုအသွင် ဆော့ကစား နေကြခြင်းဖြစ်သည်။ “ဒီကလေး တွေ ရဲ့ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာကို  သာ ပြုပြင်လို့ရကောင်းရမယ်။ သူတို့ရဲ့ စိတ်တွေကိုတော့ လွယ်လွယ်နဲ့ ပြင် လို့ရမှာမဟုတ်တော့ ဘူး။ သူတို့သွေးထဲမှာ စစ် ဆိုတာကြီးက ရှိနေပြီ။ ပြီးတော့ သေ နတ်သံတွေ၊ အမြောက်သံ တွေနဲ့ ယဉ်ပါးနေကြပြီ။ ဒါဟာ သူတို့ အနာဂတ်အတွက် ရင်လေးစရာတစ် ခုပဲ” ဟု ဒုက္ခသည် စခန်းများသို့ ကိုယ်တိုင်သွားရောက်ခဲ့သော လူမှု ကူညီရေး အရပ်ဘက်အဖွဲ့အစည်းဝင် တစ်ဦးက ဆိုသည်။ စစ်ဘေးဒုက္ခ သည်များနေထိုင်ရာ ဒုက္ခသည်စခန်း များ၏ ရှေ့တိုင်းလိုလိုတွင် ဗုံးခိုကျင်း များ အသီးသီးနေရာယူထားကြသည်။ တူးထားသည်မှာ မကြာသေးဟု တူး လက်စဗုံးခိုကျင်းများကိုကြည့်၍ သိနိုင်သည်။ ကချင်ပြည်နယ်အတွင်း စစ်ရှိန် တဖြည်းဖြည်းမြင့်လာ၍ ဒုက္ခသည်များက မိမိတို့၏ အသက် အန္တရာယ် လုံခြုံရေး အတွက် အားကိုးတကြီး တူးဆွ ထားခြင်းဖြစ်သည်။
မိမိတို့ တစ်ခါမှမမြင်ခဲ့ဖူးသော လူစိမ်းများရောက်ရှိလာသဖြင့် ခိုနားရာ တဲအိမ်များထဲမှ စစ်ဘေးဒုက္ခသည် တို့အသီးသီးထွက်ကြည့်ကြသည်။ ယင်းတို့၏ မျက်လုံးများထဲတွင် ထိတ် လန့်မှု၊ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုများ အထင်းသားပါဝင်နေကြောင်း မျက် မြင်ခံစားလိုက်ရသည်။ ကူညီဖေးမရန် စာနာမှုနှင့်အတူ လာရောက်ကြောင်း အချိန်ယူ ရှင်းပြလိုက်ကြသည်။ သူတို့ အတော်အတန် သဘောပေါက်သွား ကြသည်။ “နင်တို့မပြန်ကြပါနဲ့။ နင် တို့နေသမျှ ငါတို့အတိုက်မခံရဘူး” ဟု စစ်ဘေးဒုက္ခသည်တစ်ဦးဆီက ဆန္ဒပြု အသံထွက်ပေါ်လာသည်။ “ဘာလို့ လဲ၊ ဘာကြောင့် ဒီလိုခံစားနေရတာလဲ၊ ရှင်းပြပါဦး”ဟု စစ်ဘေးဒုက္ခသည် များကို ကူညီမှု၊ အားပေးမှုများ ပြုလုပ်ရန် ရောက်ရှိလာသော လူမှုကူညီရေး အရပ်ဘက်အဖွဲ့ဝင်တစ်ဦးက မေးမြန်းလိုက်သည်။ “နင်တို့မြို့ ပေါ်မှာ အဆန်းမဟုတ်ပေမယ့် ငါတို့ တွေဆီမှာတော့ မိုးချုပ်တာနဲ့ တံခါး ပိတ်ပြီး ပုန်းနေရတယ်။ မနက်မိုး လင်းရင်လည်း ကိုယ့်အထုပ်ကလေး ကိုယ်ပိုက်ပြီး ပြေးဖို့ပြင်နေရတယ်။ အခု နင်တို့လိုဧည့်သည်တွေ ရှိလို့ ဒီလို အေးအေးနေရတာ” ဟု ကချင်ဒေသ ခံဒုက္ခသည်တစ်ဦးက ရှင်းပြသည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွား ခဲ့သော တိုက်ပွဲများကြောင့် ပြည်သူ တစ်သောင်းကျော်မှာ ဒုက္ခသည်များ အဖြစ် စုဝေးနေထိုင်နေရခြင်းဖြစ်သည်။ ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားခဲ့သော ကချင်ပြည်နယ် တွင်  ၂ဝ၁၁ ခုနှစ်၊ ဇွန် ၉ ရက်မှ စတင်ကာ တိုက် ပွဲများဖြစ်ပွားခဲ့သည်။ စစ်၏အရှိန်သည် တဖြည်းဖြည်းမြင့်တက် လာခဲ့သည်။ စစ်ပွဲများဖြစ်ပွားနေစဉ် တစ်ပြိုင်နက် တည်းမှာပင် တွေ့ဆုံဆွေးနွေးညှိနှိုင်း မှုများလည့်း ပြုလုပ်ခဲ့ကြသည်။ တွေ့ ဆုံဆွေးနွေးမှုများ၏ ရလဒ်အဖြစ် တိုက်ပွဲကြီး၊ ငယ်များစွာပိုတိုးလာသည် ဟု လေ့လာသူတချို့က သုံးသပ်ကြ သည်။ တိုက်ပွဲတိုးလာသည်နှင့်အမျှ ဒုက္ခသည်များလည်း တိုးလာခဲ့သည်။ ထို့ပြင် ယင်းဒုက္ခသည်တို့၏ စိတ် ဒဏ်ရာလည်း လျော့နည်းမည်မဟုတ်။ “ဒုက္ခသည်စခန်းက ကချင်မလေးတစ် ယောက်ကို ဦးတို့နဲ့ လိုက်မလား မေးတော့၊ နင်တို့ကို ငါကြောက်တယ်လို့ ပြောတယ်။ နင်တို့ ဆိုတဲ့စကားက ဗမာတွေကို  ရည်ညွှန်းတာပါ။ သေချာတာက သူတို့ကြုံတွေ့ခဲ့ရတဲ့ ဗမာတွေဟာ ဒီမှာ အခုစုဝေးရောက်ရှိနေကြတဲ့ ဗမာတွေ မဟုတ်ကြပါဘူး” ဟု မအူပင် ပျိုးခင်းသစ် လူမှုကူညီရေး အဖွဲ့မှ ကိုထိုက်ထိုက်က သူ၏အတွေ့အကြုံကို အခမ်းအနားတစ်ခုတွင် ပြန်ပြော ပြသည်။
“တိုက်ပွဲတွေ ရပ်ဆိုင်းတော့မယ်လို့ကြားမိတယ်။ အပြင်က လက်တွေ့တိုက်ပွဲတွေ ရပ်ဆိုင်းတာက တကယ် တော့ သိပ်မခက်လှပါဘူး။ စိတ်ထဲမှာ စွဲမြဲနေတဲ့ တိုက်ပွဲအနိဋ္ဌာ ရုံတွေကို ပယ်ဖျက်ဖို့က ပိုအရေးကြီး ပါတယ်” ဟု ငြိမ်းချမ်းရေးအတွက် လေ့လာနေသူတစ်ဦးက သုံးသပ်သည်။
“စစ်ပွဲတွေကြားမှာ လူလား မြောက်လာတဲ့ ကလေးတွေရဲ့ အမုန်း တရားပြဿနာတွေ၊ နှစ်ဖက်တပ်တွေ မြှုပ် ထားတဲ့ မြေမြှုပ်မိုင်း အန္တရာယ် တွေကို ဘယ်လို ရှင်းလင်းကြမလဲ” ဟု လူမှုကူညီရေး အဖွဲ့ဝင် ကိုထိုက်ထိုက် က ဝေဖန်သုံးသပ်သည်။
တရားသော စစ်မရှိနိုင်၊ နောက်ကြောင်း ပြန်ဖော်ရန် မသင့်၊ အထက်အောက် တစ်ပြေးညီ ဖြစ်သင့်
လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ် သက်သည့် သတင်းထုတ်ပြန်ချက် တစ်စောင် ကို နိုင်ငံပိုင်ကြေးမုံသတင်းစာတွင် ဇန်နဝါရီ ၁၈ ရက်စွဲဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့၏ သတင်း ထုတ်ပြန်ချက်(၃/၂ဝ၁၃)ကို ဖော်ပြ ပါရှိခဲ့သည်။ အဆိုပါ သတင်းထုတ် ပြန်ချက် တွင် အချက်ပေါင်း ၈ ချက် ပါဝင်ခဲ့သည်။ ယင်းသတင်းထုတ်ပြန် ချက်ပါ အချက်များနှင့်စပ်လျဉ်းပြီး ကချင်ပြည်နယ် ငြိမ်းချမ်းရေးကို တက်ကြွစွာ ပါဝင်လှုပ်ရှားကြသူ တချို့နှင့် မြန်မာအင်ဒီပဲန်ဒင့်မှ တွေ့ဆုံမေးမြန်း ခဲ့သည်။ ထိုသို့ မေးမြန်းရာ၌ ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီ ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး ဦးဖော်လားကမ်ဖန်က “သတင်းထုတ်ပြန်ချက် အချက်  ၄ မှာပါတဲ့ လဂျားယန်ဒေသမှာ စစ်ဆင်ရေးရပ် ဆိုင်းမယ်ဆိုတဲ့အမိန့်ကို ကချင်ပြည်နယ် တစ်ခုလုံးကို သက်ရောက်စေချင်တယ်။ ကေအိုင်အေနဲ့ ကချင်လူထု က တောင်းဆိုနေတာက လက်ရှိကချင် ပြည်နယ်မှာရှိတဲ့ တပ်မတော်တပ် ဖွဲ့တွေကိုသာမက အောက်ပြည် အောက်ရွာကနေ ထိုးစစ်အနေနဲ့ တက်လာတဲ့ တပ်မတွေ၊ စစ်ကြောင်းတွေကို ဆုတ်ပေးဖို့ တောင်းဆိုတာပါ။ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ ဒါတွေဟာ အမှန်တကယ် ဆုတ်သင့်ပါတယ်။ တပ်မလည်း ထိုးထားတယ်။ ငြိမ်းချမ်းရေးလည်း ဆွေးနွေးဦးမယ် ဆိုရင် ဘယ်သူမှ အယုံအကြည် မရှိနိုင်ဘူး။ အစိုးရဘက်တပ်တွေကို ဆုတ်ပေးလိုက်မယ် ဆိုရင် ယုံကြည်မှု ပိုတည်ဆောက် နိုင်မှာပါ။ လဂျားယန် တစ်ခုတည်း ကွက်ပြောလို့တော့ အားရစရာ မရှိပါဘူး။
“နောက်တစ်ခုက အချက် ၅ မှာပါတဲ့ မိမိကိုယ်ကို ကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှု မပြုလုပ်ရန် ဆိုတဲ့ အချက်ကလည်း လဂျားယန်ဖြစ် ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် တပ်ထိုးထားရင် ရိက္ခာပို့ရတယ်။ အဲဒီလို ပို့တဲ့နေရာ မှာ ကေအိုင်အေကို ဖြတ်ရတယ်။ သူတို့နေရာကိုဖြတ်တော့ သူတို့က ကာကွယ်တဲ့ အနေနဲ့ ပစ်မှာပဲ။ ရိက္ခာ မပို့နိုင်အောင် လုပ်မှာပဲ။  အဲဒီတော့ တပ်မထိုးထားရင် ရိက္ခာလည်း ပို့စရာ မလိုတော့ဘူး။ စစ်လည်းဖြစ်မှာ မဟုတ်တော့ဘူး။ စစ်ဖြစ်ပြီဆိုမှတော့ လည်း ဘယ်သူမှ မတရားတော့ဘူးပေါ့။ အဲဒီတော့ တပ်တွေ ထိုးထားသရွေ့ ကိုယ့်ကိုယ်ကို ခုခံနေရဦးမှာပဲ။ ဒါ ကြောင့် သိသာထင်ရှားအောင် တပ်တွေဆုတ်ခွာသင့်တယ်။ ဒါဆိုရင် ဆွေးနွေးတဲ့ စားပွဲဝိုင်းကို ရောက်လာမှာပါ” ဟု သုံးသပ်ပြောကြားသည်။
IMG_0413ဆက်လက်ပြီး ယင်းက “ဒီနေ့ သတင်းစာမှာဖော်ပြသလို ၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လကုန်ခါနီးလောက်ကလည်း ကေအိုင်အေနဲ့ ကချင်ပြည်နယ်အစိုးရ၊ နယ်စပ်လုံခြုံရေးအဖွဲ့တွေ ပထမဦးဆုံး ညှိနှိုင်းပွဲ လဂျားယန်မှာ လုပ်တယ်။ အဲဒီတုန်းက လက်မှတ်ထိုးဖို့အဆင့်ထိ လုပ်ခဲ့တယ်။ ဒါပေမယ့် ညှိနှိုင်းပွဲမ တိုင်ခင် ၁ ရက် ၂ ရက်ကြိုလောက် က နိုင်ငံတော်ပြန်ကြားရေးက သတင်း စာရှင်းလင်းပွဲလုပ်တယ်။ အဲဒီမှာ အခုသတင်းစာမှာ ဖော်ပြသလိုမျိုး ပျက် စီးဆုံးရှုံးခဲ့တာတွေ ကို နောက်ကြောင်း ပြန်ဖော်ပြထားတာတွေ့ရတယ်။ အဲဒါ ကြောင့် လက်မှတ်ထိုးတာ ပျက်ခဲ့တယ်။ တစ်ဖက်က ငြိမ်းချမ်းရေးအတွက် အားပြုနေချိန်မှာ အရင်ကဖြစ်ပျက်တာ တွေကိုဖော်ပြနေတာဟာ ငြိမ်းချမ်းရေးကို လိုချင်သယောင်ယောင်နဲ့ ရန်စနေ သလိုဖြစ်တယ်လို့ ကျွန်တော်မြင်ပါ တယ်။ ဒါမျိုးတွေ မလုပ်သင့်ပါဘူး” ဟု သုံးသပ်ပြောကြားခဲ့သည်။
ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူကိုလည်း အဆိုပါ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မြန်မာ အင်ဒီပဲန်ဒင့်မှ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်။ ဒေါ်ဒွဲဘူသည် ယခု ကျင်းပဆဲဖြစ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်း အဝေး တတိယနေ့တွင် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရန် အတွက် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက် ရှိသော ကေအိုင်အို၊ ကေအိုင်အေ နှင့် အစိုးရတပ်များ အကြား ပစ်ခတ်တိုက်ခိုက်မှုများကို ချက်ချင်း ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံး စတင်ဆောင်ရွက်ကြရန် ပြည်သူ့ လွှတ်တော်မှ သက်ဆိုင်ရာတာဝန် ရှိအဖွဲ့အစည်းများနှင့် နိုင်ငံတော် အစိုးရကို တိုက်တွန်းကြောင်း အရေး ကြီးအဆိုကို တင်သွင်းထားသူဖြစ် သည်။ ယင်းအဆိုကို လွှတ်တော်က ဇန်နဝါရီ ၁၈ ရက်တွင် အတည်ပြုခဲ့ သည်။ ထိုသို့ ကချင်ပြည်နယ်အတွက် အရေးကြီး အဆို တင်သွင်းခဲ့သော ဒေါ်ဒွဲဘူက နိုင်ငံတော်သတင်း ထုတ်ပြန်ရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက် အချက် ၄ နှင့်ပတ်သက်ပြီး “လဂျားယန်စခန်း မှာရှိတဲ့ စစ်သည်တွေရဲ့လုံခြုံရေးနဲ့ မြစ်ကြီးနား-ဗန်းမော်ပြည်ထောင်စု လမ်းမကြီး လုံခြုံရေးအတွက် လိုအပ်တဲ့ ကန့်သတ်ချက် ရသွားလို့ စစ်ဆင်ရေးကို ရပ်ဆိုင်းမယ် ဆိုတော့ အရင်က မရသေးလို့ လုံခြုံရေး ရအောင် လေယာဉ်နဲ့ သွားတိုက်ရတယ် ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်။ လွှတ်တော်မှာ တင်ပြတဲ့ ပြည်သူလူထုရဲ့ ဆန္ဒအရ ရပ်ဆိုင်းတာ မဟုတ်ဘူး ဆိုတဲ့ အဓိပ္ပာယ် ဖြစ်နေတယ်။ သူတို့လုံခြုံရေးရလို့ ရပ်ဆိုင်းတယ်လို့ပဲ နားလည်မိတယ်။ အဲဒီတော့ သူတို့ရပ်ဆိုင်းတာက အရင်လား။ ကျွန်မတို့ လွှတ်တော်ကပဲ တင်ပြတာ နောက်ကျတာလား။ အဲဒါလည်း သုံး သပ်ဖို့ လိုတယ်။ ပြည်သူလူထုရဲ့ သဘောထားပေါ်မှာ သူတို့ ဘယ်လို သဘောထားလဲ ဆိုတာ ပြန်ထုတ်ပြန်ပေးဖို့ လိုတယ်။ ဒါပေမယ့် သူတို့ရပ်ဆိုင်းတာ ဘယ်လိုနည်းနဲ့ပဲ ရပ်ဆိုင်း ရပ်ဆိုင်း လူထုအတွက် ဝမ်းသာတယ်” ဟု သုံးသပ်ပြောကြားသည်။   သတင်းထုတ် ပြန်ချက်ပါ အချက် ၇ နှင့် ၈ ကို လည်း ကြိုဆိုကြောင်း ယင်းက ဆိုသည်။
ဆက်လက်ပြီး ဒေါ်ဒွဲဘူက “စစ်ဆိုရင် နှစ်ဖက်စလုံးက အမှားအယွင်း ရှိတာပါပဲ။ အထက်က မလုပ်နဲ့ ဆိုပေမယ့် အောက်ခြေက လုပ်တာတွေ ရှိတယ်။ အဲဒါတွေကို သင်ပုန်းချေပစ်ဖို့ လိုတယ်။ အခုအစိုးရက အရင်က ဖြစ်ခဲ့တာတွေကို ပြန်ဖော်ပြနေတယ်။ ဒါဟာ နောက်ကြောင်းပြန်ဖော်တာပဲ။ သူများရဲ့စိတ်ကို ထိုးဆွတာ။ ငြိမ်းချမ်းရေး မြန်မြန်ရဖို့ မဖြစ်နိုင်အောင် လုပ်တာပဲ။ ပြီးတော့ သောင်းကျန်းသူလို့ ပြောဆို သုံးနှုန်းတာတွေ လည်း မလုပ်သင့်ဘူး။ နှစ်ဖက်စလုံးက သူတို့ရည်ရွယ်ချက် တစ်ခုစီနဲ့ လုပ်နေတာလေ။ ဒါကြောင့် အပြစ်တွေ ပြန်မဖော်ဖို့ ရှေ့အနာဂတ်မှာ အရေးကြီးတယ်” ဟု ဆိုသည်။
သတင်းထုတ်ပြန်ချက်အချက် ၅ တွင်ပါရှိသော မိမိကိုယ်ကိုကာကွယ် ခြင်းမှအပ အပစ်အခတ်ရပ်စဲမည်ဆို သည့် အချက်နှင့်ပတ်သက်၍ “မိမိ ကိုယ်မိမိ ကာကွယ်တယ် ဆိုပြီး စစ်ပြန် မဖြစ်သင့်ဘူး။ ဒါလည်း သေးသေး လေးကနေ ကြီးကြီးမားမား ပြန်ဖြစ်နိုင်တယ်” ဟုဒေါ်ဒွဲဘူက သုံးသပ်ပြောကြားသည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေး အမှန်တကယ် မြန်ဆန်စွာရရှိနိုင်ရေး နှင့်ပတ်သက်ပြီးဒေါ်ဒွဲဘူက “သမ္မတ အနေနဲ့ ဘာကိုမှ မခွဲခြားဘဲနဲ့ ကချင် ပြည်သူလူထုအပေါ်မှာ သူ့ရဲ့ချစ်ခြင်း မေတ္တာကိုပြသပြီး ပြုမူဖို့လိုတယ်။ ဒါ့အပြင် အစိုးရကလည်း သူ့ရဲ့ စစ်တပ်ကိုနိုင်အောင်ထိန်း၊ စစ်တပ်အနေ နဲ့လည်း မလိမ်မညာဘဲ အမှန်အတိုင်း ဆောင်ရွက်ဖို့ လိုတယ်။ အောက်မှာ လုပ်တာတစ်မျိုး၊ အပေါ်မှာတင်ပြတာ တစ်မျိုးမဖြစ်သင့်ဘူး” ဟု အကြံပြု ပြောကြားခဲ့သည်။
မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး လှုပ်ရှားပါဝင်နေသူများ မှာ အရွယ်အသီးသီး၊ နယ်ပယ်အသီး သီးရှိကြသည်။ လူပုဂ္ဂိုလ်များသာမ က ရဟန်းတော် များလည်း ခေတ် အဆက်ဆက်ပါဝင်ခဲ့ကြသည်။ ထို့ ကြောင့် ယခုကချင်ပြည်နယ်ရှိစစ်ပွဲ များနှင့်ပတ်သက်၍လည်း ဆရာတော် တစ်ပါးနှင့် တွေ့ဆုံမေးမြန်းလျှောက် တင်ရန် မြန်မာအင်ဒီပဲန်ဒင့်မှ ကြိုးပမ်း ခဲ့သည်။ မကွေးဆရာတော်ဦးပါမော က္ခက ပြန်လည်၍ သုံးသပ်မိန့်ကြားခဲ့ သည်။ မကွေး ဆရာတော်က “ငြိမ်းချမ်းရေး ရဖို့ကြိုးစားကြတာကို ကြိုဆိုပါတယ်။ အပစ်အခတ်တွေရပ်စဲတာ ကိုလည်း ကြိုဆိုပါတယ်။ တစ်ခုရှိ တာက မိမိကိုယ်ကို ခုခံကာကွယ်တာ ကတကယ့်ကိုပဲ ခုခံကာကွယ်တာလား၊ မိမိဟာ အများကြားကောင်းရုံ လုပ်နေတာလား၊ အဲဒါတော့ စဉ်းစားဖို့လိုတယ်။ တကယ်ခုခံတာကိုတော့ ဘာမှ မပြောလိုဘူး” ဟု မိန့်ကြားခဲ့သည်။
သမ္မတ၏ မိန့်ကြားချက်က တစ်မျိုး၊ ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ရပ်ကတစ်မျိုး၊ အောက်ခြေက လုပ်ရပ်က တစ်မျိုး ဖြစ်နေမည်ကိုလည်း မလိုလားကြောင်း၊ ယုံကြည်မှု တည် ဆောက်ရာတွင် အပစ်အခတ်မရပ် စဲ၍ မဖြစ်ကြောင်း၊ ဆွေးနွေးပွဲများ ပြုလုပ်မည်ဆိုပါက တိုက်ပွဲများ အရင်ရပ်သင့်ကြောင်း ဆရာတော် ဦးပါမောက္ခက အကြံပြု မိန့်ခဲ့သည်။
နိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့မှ ထုတ်ပြန်ထားသောသတင်း တွင် အချက် ၈ ချက်ပါဝင်ပြီး ကချင် ပြည်နယ် အတွင်း တိုက်ပွဲများဖြစ်ပွား ရသည့် နောက်ခံ အကြောင်းရင်းများကို အများဆုံးဖော်ပြထားကြောင်း တွေ့ ရှိရသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ များပျက်ပြားရခြင်းအကြောင်းရင်းများ ကိုလည်း ထည့်သွင်းဖော်ပြ ထားသည်။ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်၊ နံနက် ၆ နာရီမှစကာ ကချင်ပြည်နယ် လဂျားယန်စခန်းနှင့် မြစ်ကြီးနား- ဗန်းမော်ပြည်ထောင်စု လမ်းမကြီး၏ လုံခြုံရေးအတွက် လိုအပ်သည့် ကန့် သတ်ရည်မှန်းချက်များ  ရရှိသဖြင့် စစ်ဆင်ရေး ရပ်ဆိုင်းမည်ဟုလည်း အချက်အမှတ် ၄ ၌ ဖော်ပြထားသည်။အချက် ၅ တွင် မိမိကိုယ်ကို ခုခံကာကွယ်ရန်မှအပ ပစ်ခတ် တိုက်ခိုက်မှုများ မပြုလုပ်ရန်ဟူသော အချက်ကိုလည်း ဖော်ပြထားသည်။
သတင်းထုတ်ပြန်ချက်မှ အချက် ၇ တွင် အပစ်အခတ်ရပ်စဲ ရေးမှတစ်ဆင့် ခိုင်မာသည့် နိုင်ငံရေးဆွေးနွေးမှု များကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ပါရှိသည်။ ထို့ပြင် အချက် ၈ ၌ နိုင်ငံတော် အစိုးရသည် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက် နိုင်ရန် အတွက် ကေအိုင်အို၊ ကေအိုင် အေအပါအဝင် တိုင်းရင်းသားပြည် သူအားလုံးနှင့် လက်တွဲဆောင်ရွက် သွားရန် အသင့်ရှိကြောင်း ထည့် သွင်းဖော်ပြထားသည်။
နယ်ပယ်အသီးသီးမှလည်း ကြေညာချက်များ ထုတ်ပြန်
လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော အခြေအနေများ အပေါ် အဖွဲ့အစည်းအသီးသီးကလည်း ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။ ယင်းထုတ်ပြန်ချက် များကြောင့် တင်းမာနေသော အခြေအနေများ ပြေလျော့နိုင်မည် ဟုတ် မဟုတ်ကိုမူ အတိအကျ မသိရှိရချေ။ သို့သော် သဘောထား ကြေညာချက်များ ကလည်း တဖွဲဖွဲ ထုတ်နေကြမြဲ ဖြစ်သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၏ သဘောထားကြေညာ ချက်တွင် အစိုးရနှင့် တိုင်းရင်းသား များအကြား ပဋိပက္ခဖြစ်ပွားရခြင်း မှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရှိရေးကို ကျင့်သုံးလိုက်နာမှုမရှိခဲ့ ခြင်းအပေါ် အခြေခံကြောင်း၊ နိုင်ငံ ရေးပြဿနာများကို နိုင်ငံရေးနည်း လမ်းဖြင့်သာ ငြိမ်းချမ်းစွာဖြေရှင်း ခြင်းသည် ပြေလည်မှုရစေမည့် နည်းလမ်းဖြစ်ကြောင်း ထည့်သွင်း ဖော်ပြ ထားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ယခုကာလသည် မိမိတို့၏ လိုလားချက်များကို လက်နက်ကိုင် တောင်းဆိုရမည့် ကာလမဟုတ်သကဲ့သို့ လက်နက်ကိုင် ပယ်ချရမည့် ကာလလည်း မဟုတ်တော့ကြောင်း၊ ကချင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများကို တွေ့ဆုံညှိနှိုင်းရေးနည်း မပါရှိဘဲ ဖြေရှင်းနိုင်မည် မဟုတ် ကြောင်း၊ စစ်ရေးအရှိန် တင်းမာနေ မှုများ လျှော့ချပြီး ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် ပြည် ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် ကေအိုင်အို/ ကေအိုင်အေ သို့ ပြည်သူ့လွှတ်တော် မှ တိုက်တွန်းကြောင်း တိုက်တွန်း ချက်တစ်ရပ် ကို ဇန်နဝါရီ ၁၇ ရက် က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ကလည်း ဇန်နဝါရီ ၁၈ ရက်နေ့စွဲဖြင့် ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် ပဋိပက္ခဒုက္ခသည် များထံသို့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီရောက်ရှိ ရေးနှင့် လုံခြုံချောမွေ့စွာ ပို့ဆောင် ရေးကို မည်သို့ တာဝန်ယူနိုင်မည် ဆိုသည့် ပြဿနာကို နှစ်ဖက်ငြိမ်း ချမ်းရေးဆွေးနွေးမှုတွင် အရေးကြီး သော ကိစ္စတစ်ရပ်အဖြစ် ကိုင်တွယ် ဖြေရှင်းကြရန် တိုက်တွန်းပါကြောင်း ထည့်သွင်းဖော်ပြထားသည်။
ကြေညာချက်များ ထုတ်ပြန်သော် လည်း တိုက်ပွဲများဖြစ်နေဆဲ
ဇန်နဝါရီ ၁၉ ရက်၊ နံနက် ၆ နာရီမှ စတင်ကာ ကချင်ပြည်နယ် လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး ကို ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း၊ ကြေးမုံ သတင်းစာတွင် အတိအလင်း ဖော်ပြထားသော်လည်း ယင်းဒေသတစ်ခွင်တွင် ဇန်နဝါရီ ၁၉၊ ၂ဝ၊ ၂၁ ရက်များတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
အဆိုပါ တိုက်ပွဲများဖြစ်ပွားမှု နှင့်ပတ်သက်၍ ကေအိုင်အေ အရာရှိ တစ်ဦးက “အစိုးရဘက်က ဒီနေ့ ၂ဝ ရက် ညကစပြီး ၂၄ နာရီ အတွင်း အပြီးသတ် ထိုးစစ်ဆင်သွား ဖို့ ညွှန်ကြားထားတာ ရှိတယ်လို့ သိရတယ်” ဟု ဆိုသည်။ အစိုးရ အနေဖြင့် လဂျားယန်ဒေသ ခယာဘွမ် (Hka Ya Bum) စခန်းကို ၂၄ နာရီ အတွင်း အပြီး သိမ်းပိုက် ရန် ညွှန်ကြားခြင်းဖြစ်ဖွယ် ရှိကြောင်း၊ ခယာဘွမ် ထိုးစစ်သည် ၁၉ ရက် မွန်းလွဲပိုင်း တွင် အကျအဆုံး များခဲ့ကြောင်း၊ ၂ဝ ရက် မနက် ၈ နာရီတွင် ခယာဘွမ် ၏ အရှေ့ဘက်ခြမ်းမှ ဝင်ရောက် တိုက်ခိုက်သော်လည်း အကျအဆုံး များရှိခဲ့ကြောင်း၊ နေ့လယ် ၁၂ နာရီ တွင်လည်း ခယာဘွမ်၏ အနောက်ဘက်နှင့် မြောက်ဘက် များမှ အစိုး ရတပ်မှ ထိုးစစ်ဆင်ခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့ကြောင်း၊ ညနေ ၆ နာရီခွဲတွင်လည်း လဂျားယန် တောင်ခြေရှိ လဝါယန်အနီးမှ အစိုးရတပ် ဖွဲ့သည် လိုင်ဇာဘက်သို့ ထိုးဖောက် ရန် ကြိုးစားစဉ် မိုင်းတွင်းထဲ ကျကာ ကေအိုင်အေတပ်ဖွဲ့များ၏ ချေမှုန်း ခြင်းကို ခံခဲ့ရကြောင်း၊ ဇန်နဝါရီ  ၂၁ ရက် မနက်မှ စတင်ကာ အစိုးရ  လက်နက်ကြီးတပ်ဖွဲ့သည် စိန်လုံ တောင်မှ မိုင်ဂျာယန်အနီးရှိ ဒေသ များသို့ ပစ်ခတ်မှုများရှိနေကြောင်း၊ ထို့အတူ မိုင်ဂျာယန်နှင့် ခါယာ တောင်ကျောကိုလည်း တောက်လျှောက် ပစ်ခတ်နေကြောင်း၊ ယင်းသို့ ၂၄ နာရီ စစ်ဆင်ရေးရည်မှန်းချက် အောင်မြင်ပါက သမ္မတ ဦးသိန်းစိန် မှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ကြောင်း ကြေညာရန် ရှိကြောင်း၊ ရွှေဟင်္သာ သတင်းဌာနက ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ဖော်ပြထားသည်။
ထိုသို့ တိုက်ပွဲများ ပြင်းထန် လာမှုကြောင့် ကေအိုင်အို ဗဟိုကော် မတီက ဇန်နဝါရီ ၂ဝ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေးလုပ်ငန်းကော်မတီထံသို့ အကြောင်းပြန်ကြားချက်တစ်ခုပို့ ဆောင်ခဲ့သည်။ အဆိုပါ အကြောင်း  ပြန်ကြားချက်တွင် မြန်မာနိုင်ငံ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်း ထုတ်ပြန်ချက်နှင့် ရှေ့တန်း စစ်မြေ ပြင်တွင် တိုက်ပွဲဖြစ်ပွားနေမှု များမှာ လုံးဝဆန့်ကျင်ကွဲပြားနေကြောင်း၊ ထိုသို့ ကေအိုင်အိုကို ကြည်းတပ်၊ လေတပ်၊ အမြောက်တပ် များဖြင့် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်ကာ စစ်ရေးအရ ဖိအားပေးမှု အခြေအနေ အောက်တွင် ပြည်ထောင် စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီနှင့် ကေအိုင်အို အဖွဲ့တို့ သာ သီးခြားတွေ့ဆုံဆွေးနွေးမှု မပြုလုပ်ဘဲ UNFC (ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်  ကောင်စီ)၏ ဆုံးဖြတ်ချက်အတိုင်း UNFC နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့ ဆွေးနွေးခြင်းကသာ ပိုမိုသင့် လျော်မည်ဖြစ်ကြောင်း ပြန်ကြား ထားသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီသည် ဇန်နဝါရီ ၁၁ ရက်က ယင်းကောင်စီ၏ နှစ်ပတ်လည် အစည်းအဝေးတွင် ကချင်ပြည်နယ် အတွင်း ထိုးစစ်ဆင် တိုက်ခိုက်နေမှု များကို ချက်ခြင်း ရပ်တန့်ပြီး လွတ်လပ်တန်းတူတရားမျှ တသော နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲအမြန်ခေါ်ယူကျင်းပရန် ပန်ကြား တောင်း ဆိုကြောင်း သတင်းထုတ် ပြန်ထားပြီးဖြစ်သည်။
တိုက်ပွဲများ အဘယ့်ကြောင့်ဖြစ်ပွား
ထိုသို့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရ ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဦးစောရွှေလင်းက “စီးပွားရေးအရ ကြည့်ရင် စားကျက်လုတာပေါ့။ နယ်မြေအရ ကြည့်မယ်ဆိုရင်တော့ ကိုယ့်နယ်မြေမှာကိုယ် လုံခြုံစွာ နေချင်တယ်ဆိုတဲ့အပေါ်မှာ မူတည် ပြီး တိုက်ပွဲတွေ ဖြစ်လာတယ်လို့ ထင်ပါတယ်” ဟု သုံးသပ်ပြောကြား  သည်။
ကချင်ပြည်နယ်လူထုအနေဖြင့် လည်း အစိုးရဘက်မှ တိုက်ပွဲများ ရပ်ရန် ဆန္ဒရှိပြီး ကေအိုင်အို/ ကေ အိုင်အေဘက်မှလည်း တိုက်ပွဲများ ရပ်တန့်ရန် ဆန္ဒရှိနေသော်လည်း အဘယ့်ကြောင့် တိုက်ပွဲများ ဆက် ဖြစ်နေသည်ကို အဖြေမထုတ်နိုင်၊ နားမလည်နိုင်ဖြစ်နေကြောင်း သိရ သည်။
“စစ်ပွဲတွေ ဘာကြောင့်ဖြစ် သလဲဆိုရင် သမိုင်းကြောင်းနဲ့ ချီ လာတဲ့ ပြဿနာတွေ၊ စစ်နာနာတိုက် ပေးမှ အကျိုးရှိမယ့် သူတွေရှိနေ တာကြောင့် ပြည်သူတွေဟာ စာနာ တရားနဲ့ ဘယ်လောက်ပဲ အော်အော်၊  မျက်ရည်နဲ့ မျက်ခွက် ဘယ်လောက် ပဲပြောပြော အရာမထင်တာပါ” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က သုံးသပ်ပြောကြားသည်။
အဲဒီတိုက်ပွဲတွေ ရပ်အောင် ဘယ်လို လုပ်သင့်သလဲ
အကြောင်းအရာ အချက်အလက် မျိုးစုံပေါင်းစုကာ တိုက်ပွဲများ ဖြစ် ပွားလာခဲ့ပြီ။ ထိုသို့ ဖြစ်ပွားနေသော တိုက်ပွဲများကို နည်းလမ်းများရှာဖွေ ကာရပ်တန့်အောင် လုပ်ကြရမည်မှာ အရေးကြီးသော အကြောင်းတစ်ရပ် ပင်ဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲ များ ရပ်တန့်ရေးအတွက် လုပ်ဆောင်  သင့်သော အချက်များ ကို ရွှေပါရမီ တောရ ဆရာတော် အရှင်ဆန္ဒာဓိက က “စစ်ပွဲဖြစ်တာ အကြောင်းတရား ရှိတယ်။ အဲဒီအကြောင်းတရားကို ရိုးရိုးသားသား၊ ဖြောင့်ဖြောင့်မတ် မတ်နဲ့ အမှန်အတိုင်း သိအောင် အဖြေ ရှာဖို့လိုတယ်။ သိအောင်ရှာပြီးမှ ပြေလည်သွားအောင် ဖြေရှင်းရမယ်။ ကိုယ့်ဘက်သူ့ဘက် ညီညွတ်မျှတ အောင် အပေးအယူ၊ အလျှော့ အတင်း  လေးနဲ့ ဖြေရှင်းရမယ်။ နှစ်ဖက် စလုံးကတော့ ကိုယ်မှန်တယ်ပြောမှာ ပဲ။ မှန်တယ် မမှန်ဘူးဆိုတာ ကိုယ် တစ်ယောက်တည်းအကျိုးစီးပွားနဲ့ မစဉ်းစားဘဲ တိုင်းသူပြည်သား အကျိုးစီးပွား လိုအင်ဆန္ဒတွေနဲ့ ကိုက်ညီမှု ရှိမရှိ ဆိုတာနဲ့ ချိန်ထိုးပြီး စဉ်းစားသင့်တယ်”ဟု မိန့်ကြား တော်မူသည်။
“တစ်ဖက်နဲ့ တစ်ဖက် အပြန် အလှန်လေးစားမှုတွေနဲ့ ရိုးရှင်းတဲ့ ဆွေးနွေးမှုမျိုးတွေ လုပ်ရင် တိုက်ပွဲ တွေ မရပ်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး”ဟု ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့မှ ကိုထွန်းမြင့်အောင်က သုံးသပ်ပြောကြားသည်။
တိုက်ပွဲများ ရပ်ဆိုင်းရန်အတွက်  ပြည်တွင်းငြိမ်းချမ်းရေးရရန်အတွက် ဟူသော ရည်ရွယ်ချက်များဖြင့် အစိုးရနှင့် ကေအိုင်အို /ကေအိုင်အေ တို့ကြားတွင် ဆွေးနွေးပွဲများ အကြိမ် ကြိမ်ပြုလုပ်ခဲ့သည်။ သို့သော် ဆွေး နွေးပွဲများ နှင့်အတူ တိုက်ပွဲများ၊ ကျဆုံးသူများ၊ သေဆုံးသူများ၊ စစ် ပြေးဒုက္ခသည် များသာ နေ့စဉ်တိုး ပွားလျက် ရှိနေသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် မင်းကိုနိုင်က “ဒီတိုက်ပွဲတွေ ဖြစ်တာကို ပစ်ထားသလို ဖြစ်ရင် သတင်းတွေက အမှောင်ကျသွားရော၊ အသံတိတ် သွားတဲ့အခါ တိုက်ပွဲတွေ ပြန်စတော့တာပဲ။ ဒါကြောင့် မီးမောင်း နာနာထိုးပေး၊ ဝိုင်းအော်ပေးရင် မဟုတ်တာလုပ်တဲ့ သူဟာ လက်ရုပ် သွားမယ်” ဟု သုံးသပ်ပြောကြား ခဲ့သည်။
တိုက်ပွဲများ ရပ်တန့်ရေးအတွက် ဆန္ဒများ ဖော်ထုတ်ကြ
ကချင်ပြည်နယ်တွင်း၌ ဖြစ်ပေါ် နေသော တိုက်ပွဲများ ရပ်တန့်ရေး အတွက် တောင်းဆိုသော ဆန္ဒဖော် ထုတ်ခြင်း များ ဒေသအသီးသီးတွင် ပြုလုပ်ခဲ့ကြသည်။ ဇန်နဝါရီ ၁ဝ ရက်တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ကချင်ဒေသ ခံပြည်သူများ က ကချင်ဒေသစစ်ပွဲများ ရပ်ဆိုင်း ပေးရေးဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ် ခဲ့သည်။
မုံရွာမြို့၌လည်း မုံရွာရဲစခန်း ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ကချင် စစ်ပွဲရပ်ဆိုင်းရေးအတွက် ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒထုတ်ဖော်ပွဲကို ဇန်နဝါရီ ၂ဝ ရက်တွင် လူ အင်အား ၁ဝဝ ခန့်ဖြင့် ပြုလုပ်ခဲ့ ကြောင်း သိရှိရ သည်။
ရန်ကုန်မှ ကချင်ပြည်နယ် လိုင်ဇာသို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒဖော်ထုတ်သည့် အဖွဲ့တစ်ခုလည်း ပေါ်ပေါက် ခဲ့သည်။ ယင်းအဖွဲ့တွင် အဖွဲ့ဝင်လူငယ် ၂၉ ဦးပါရှိပြီး မိုင်ပေါင်း ၇ဝဝ ကျော်ရှိ သော ခရီးကို ခြေလျင် လျှောက်ကာ ကချင်ပြည်နယ်ငြိမ်းချမ်းရေးရရန် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းမည် ဟု သိရသည်။ ယင်းတို့သည် ဇန်န ဝါရီ ၂၁ ရက် နံနက် ၇ နာရီမှ စတင်ကာ ရန်ကုန်မှ လိုင်ဇာသို့ ထွက်ခွာခဲ့ကြပြီး အချိန်တစ်လကျော် ခန့် ကြာမြင့်မည်ဟု ခန့်မှန်းထား ကြောင်း သိရသည်။
လက်ရှိတွင် ကချင်ဒေသခံ ပြည်သူလူထုမှာ ဆိုင်ကယ်စက်နှိုးသံ ကြားရရုံဖြင့် ဗုံးခိုကျင်းများထဲသို့  ပြေးဝင် ပုန်းတတ်သည့် အလေ့အထ ပင်ရှိနေကြောင်း သိရသည်။ ဒုက္ခ သည်စခန်းများ၏ ရှေ့တွင် ဗုံးခို ကျင်းတူး နေသော ဒုက္ခသည်များ၊ လူစိမ်းမြင်ပါက ကြောက်ရွံ့စွာ ကြည့်နေတတ်သော မျက်လုံးများက တိုက်ပွဲများ အမြန်ဆုံးရပ်ရန် တောင်းဆိုနေသည်ဟု မှတ်ယူနိုင်သည်။
တိုက်ပွဲများ မရပ်တန့်ပါက ယင်းပြည်သူလူထု၏ ရင်ထဲမှ ကြောက်ရွံ့စိတ်၊ ထိတ်လန့်စိတ်၊ စိုးရိမ်စိတ်များသည် မည်သို့မျှ ပျောက်ပျက်နိုင်မည်မဟုတ်။ ထို စိတ်များရှိနေသမျှလည်း စစ်မှန်သော  ဖက်ဒရယ် ပြည်ထောင်စု တစ်ခု ဖြစ် ပေါ်လာနိုင်မည်မဟုတ်။ ထို့ကြောင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရန်၊ ပြည်သူ လူထု၏ ဆန္ဒအမှန် ပြည့်ဝရန် ပြည်သူလူထု၏ စိတ်များ ငြိမ်းချမ်းရန် ဆိုသည်မှာ….။
မြန်မာအင်ဒီပဲန်ဒင့်
Continue Reading | comments

တုံ့ဆိုင်းနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက် ရှင် သန်ရေး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မ တီနှင့် ကေအိုင်အေ ဆွေးနွေး


ဆွေးနွေးပွဲ မြင်ကွင်း
ဆွေးနွေးပွဲ မြင်ကွင်းမြန်မာအစိုးရ အဖွဲ့သည် မြန်မာနိုင်ငံ၏ အထိအရှ အများပြားဆုံးသော တိုင်းရင်းသား ပဋိပက္ခ တစ်ရပ်ကို အဆုံးသတ်ရန်နှင့် တုံ့ဆိုင်းနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို ဆက်လက် ရှင်သန်စေရန် ကြိုးစားသည့် အနေဖြင့် ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) အဖွဲ့နှင့် ဖေဖော်ဝါရီ ၄ ရက်က တရုတ်နိုင်ငံ ရွှေလီမြို့ (Ruili) တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည် စတင်ကျင်းပခဲ့ပြီ ဖြစ်သည်။
ရွှေလီမြို့၊ ကျင်းချိန်ဟိုတယ်တွင် ကျင်းပခဲ့သော အဆိုပါဆွေးနွေးပွဲသို့ မြန်မာအစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သလို ကချင် လွတ်မြောက်ရေး (ကေအိုင်အို)ဘက်မှ အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်နှင့် အဖွဲ့ဝင် ၄ ဦး ပါ ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြသည်။ အောက်တိုဘာလ ဆွေးနွေးပွဲတွင် တက်ရောက်ခဲ့ခြင်း မရှိသော ကေအိုင်အေမှ ဗိုလ်ချုပ်ဂွမ်မော် တက်ရောက်လာခဲ့ခြင်း ကလည်း ထိုဆွေးနွေးပွဲ၏ ထူးခြားမှုတစ်ရပ် ဖြစ်သည်။
ဆွေးနွေးပွဲသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်မှ သံအမတ်ကြီး Mr. Luo Zhaohui တက်ရောက်ခဲ့ပြီး ထူးခြားမှု တစ်ရပ် အနေဖြင့် ထပ်မံတွေ့ရှိရသည်မှာ ကရင် အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ဗိုလ်မှူးချုပ် စိုင်းလူးတို့ ဦးဆောင်သော တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ် များလည်း သက်သေအဖြစ် တက်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
ဆွေးနွေးပွဲအပြီး နှစ်ဖက်ပူး တွဲထုတ်ပြန်သော ကြေညာချက်အရ နောက်တစ်ကြိမ်ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ အတွင်း ကျင်းပရန်၊ အစိုးရနှင့် ကေအိုင်အို အကြား နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပ သွားကြရန်နှင့် ပဋိပက္ခ ဖြစ်ပွား ရာ ဒေသများတွင် လေ့လာစောင့်ကြည့် စိစစ်ရေးစနစ်တစ်ရပ် ထားရှိရေး ဆွေးနွေးဆောင်ရွက် သွားရန် သဘောတူညီ ခဲ့ကြကြောင်း သိရှိရသည်။
ယနေ့ ကျင်းပသော ဆွေးနွေး ပွဲသည် ဆက်လက်ကျင်းပရန်ရှိ သည့် ညှိနှိုင်းမှုများအတွက် အခြေခံ ချမှတ်ရန် ရည်ရွယ် ထားဟန် ရှိပြီး နှစ်ဖက်ဆက်သွယ်ရေး လမ်းကြောင်းများ ထားရှိရေး၊ စစ်ရေး တင်းမာမှု လျှော့ချနိုင်ရေး၊ လာမည့်ဆွေးနွေးပွဲ များတွင် သက်သေအဖွဲ့အစည်းများ ထပ်မံဖိတ်ခေါ်နိုင်ရေး တို့ကို ဆွေးနွေး ခဲ့ကြသည်။
ဤဆွေးနွေးပွဲသည် နှစ်ဖက် အဖွဲ့အစည်း တို့အကြား တင်းမာမှု လျော့ကျစေကာ ယုံကြည်မှုအချို့ တည်ဆောက်နိုင် မည်ဖြစ်သော်လည်း အရှည်တည်တံ့သော အပစ်အခတ် ရပ်စဲမှု ရရှိရန်မှာမူ အဖွဲ့အစည်း တစ်ဖက်ဘက်မှ ပျော့ပြောင်းသော သဘောထား ရပ်တည်မှု ပြသရန် လိုအပ်မည် ဖြစ်ပေသည်။
အစိုးရဘက်မှ ရေရှည်နိုင်ငံရေး ဆွေးနွေးပွဲများ မစတင်မီ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးစေ လိုသော်လည်း မြန်မာစစ်တပ်အပေါ် ယုံကြည်မှု ဆိတ်သုဉ်းနေသည့် ကေအိုင်အေက အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးခြင်း မပြုမီ ခိုင်မာသော အဆို တင်သွင်းချက် တစ်ရပ်ကို ဦးစွာ ရယူလိုပေသည်။ နှစ်ဖက် အဖွဲ့အစည်းကြား ၁၁ ကြိမ် တိုင်တိုင် ပျက်ပြားခဲ့ရသော ငြိမ်းချမ်းရေး အားထုတ် ကြိုးပမ်းမှုတို့က ကြားဝင်ညှိနှိုင်းရန် ခဲယဉ်းသည့် အခြေအနေ တစ်ရပ်ကို မီးမောင်းထိုး ပြသနေပေသည်။
မည်သို့ပင်ဖြစ်စေ၊ ကေအိုင်အေတို့ နှင့် တွေ့ဆုံဆွေးနွေးခြင်းက သာ၍ ရှုပ်ထွေးဖွယ်ရှိသော နိုင်ငံရေး ညှိနှိုင်းမှု များကို အစိုးရ အနေဖြင့် စတင် ဆောင်ရွက် လာစေ မည်ဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ရေး ရလိုမှုအတွက် တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသား အစုအဖွဲ့တို့ကို  တစ်ခုတည်းသော နိုင်ငံရေးအုပ်စုအတွင်း သို့ စည်းရုံး သိမ်းသွင်းနိုင်ရန်၊ မည်သို့သော အာမခံချက်များနှင့် မည်သို့ သော မဲဆွယ်စည်းရုံးမှုများ ပြုလုပ်မည် ဆိုသည်ကိုမူ ညွှန်းဆိုဖော်ပြခြင်း အလျဉ်းမရှိသေးပေ။
Ref: Myanmar Starts Peace talks with top kachin leaders in China Reuters Feb 4,2013
ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့၏ အစည်းအဝေး မှတ်တမ်း
ပူးတွဲကြေညာချက်
Continue Reading | comments

မလေး ၊စင်ကာပူ ၊တရုတ်တို့က ကဏန်းပျော့ကို အဓိက၀ယ်ယူမှုရှိနေ

မြန်မာနိုင်ငံက ထုတ်လုပ် တင်ပို့ ရောင်းချလျှက် ရှိနေသော ကဏန်းပျော့များကို မလေးရှား၊ စင်္ကာပူနှင့် တရုတ်နိုင်ငံတို့က အဓိက ၀ယ်ယူလျှက်ရှိနေကြောင်း မြန်မာနိုင်ငံ ကဏန်းလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

“ မြန်မာနိုင်ငံက တင်ပို့နေတဲ့ ကဏန်းပျော့ကို မလေးရှား၊ စင်္ကာပူနဲ့ တရုတ်ဝယ်လက်တွေက အဓိက၀ယ်ယူ
နေပါတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ ဈေးကွက်သစ်တွေ ထပ်ရလာဖို့အတွက် အခုတလော စမ်းသပ်တင်ပို့ မှုတွေလည်း ရှိနေပါတယ် ” ဟုမြန်မာနိုင်ငံ ကဏန်းလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးနှင်းဦးက ပြောသည်။

မြန်မာကဏန်းပျော့ကို ၀ယ်ယူနေသည့် အခြားဝယ်လက်နိုင်ငံများမှ ထိုင်း၊ ဟောင်ကောင်၊ သြစတြေးလျ စသည့် နိုင်ငံတို့ ဖြစ်သည်။

“ကဏန်းပျော့ကို ပုံမှန်ကုန်သွယ်ရေးနဲ့ နယ်စပ်ကုန်သွယ်ရေး တို့ကနေ တင်ပို့ပါတယ်။ ကဏန်းပျော့ တင်ပို့မှု ကနေ ရရှိတဲ့ ၀င်ငွေက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ဧပြီ ၁ရက်ကနေ ဖေဖော်ဝါရီ ၃ရက်အထိ အမေရိကန်
ဒေါ်လာ၈.၃၀၈သန်း ရရှိထားပြီး ဖြစ်ပါတယ်” ဟု ငါးလုပ်ငန်း ဦးစီးဌာန FIQC ဌာနခွဲမှ တာဝန်ရှိသူ တဦးက
ပြောသည်။

ယင်းရရှိငွေများမှာ ပင်လယ်ရေကြောင်းဖြင့် တင်ပို့မှုက အမေရိကန်ဒေါ်လာ ၄.၃၈၁ သန်း၊ နယ်စပ် ကုန်သွယ်ရေး စခန်းများ ဖြစ်သည့် ကော့သောင်း နယ်စပ်ကုန်သွယ်ရေး စခန်းက အမေရိကန် ဒေါ်လာ ၀.၀၀၂ သန်း ၊ မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းက အမေရိကန် ဒေါ်လာ ၃.၉၈၈ သန်း တင်ပို့မှုရှိခဲ့သည်။

အဆောင်ကောင်း ကုမ္မဏီမှ တာဝန်ရှိသူတဦးဖြစ်သော ဦးမောင်စစ်က “မြန်မာကဏန်းပျော့က ပြည်ပ
နိုင်ငံတွေရဲ့ ဝယ်လိုအား ရှိနေပါတယ်။ အရင်နှစ်တွေက တလကို ပျှမ်းမျှ ကဏန်းပျော့ တန် ၃၀-၄၀ လောက်ပဲ တင်ပို့မှု ရှိခဲ့ပါတယ်။ အခုတော့ တလကို ပျှမ်းမျှ တန် ၅၀ လောက် တင်ပို့နေရပါတယ်” ဟု ရှင်းပြခဲ့သည်။

ယခုအခါ ကဏန်းပျော့များကို တနင်္သာရီ တိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ထုတ်လုပ်တင်ပို့လျှက် ရှိသည်။
Continue Reading | comments

ကချင်


Continue Reading | comments

ဖတ်ဖြင့်အောင်ဖတ်ကြပါ ။



ငြိမ်းချမ်းရေးရအောင် ဆက်ဆက်ဆောင်ရွက်ပြီး ကချင်ပြည်နယ် နဲ့ရှမ်းမြောက်ပိုင်းကို တပြေးညီတိုးတက်လာအောင် ထောက်ပံ့ နိုင်ဘို့ အရေးတကြီး လိုအပ်နေပါတယ်။ ဘာကြောင့်လည်းဆိုတော့...တရုပ် အနောက်တောင်ပိုင်းသားတွေ အတွက် မြန်မာပြည်ဘက်ကနေ ပင်လယ်ထွက်ပေါက် ရသွားရင် တစ်နေ့နေ့ တရုပ်ပြည်ကနေ ခွဲထွက်ကြလိမ့်မယ်။(သူတို့နိုင်ငံပြိုကွဲဖို့က ဒီနိုင်ငံထက် ပိုလွယ်တယ်)။အဲဒီအခါကျရင် ကချင်နဲ့ရှမ်းမြောက် ကို သူ့ဘက်(ဥပမာ-ယူနန်နယ်က)ပါအောင် အခုကတည်းက အကြိုက်ပေးပြီး စည်းရုံးရေး စတင်နေမှာသေချာတယ်။

Bottom of Form
ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်ကိုးရီုးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် ရွေးကောက်ခံထားရသူ ပက်ဂွန်ဟေး
ယခုတလော ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားခရီးစဉ်တွေမှာ တပ်မတော်နဲ့စပ်လျဉ်းပြီး ထူးခြားတဲ့ သံတမန်ရေးရာ စကားလုံးထိုးစစ်များကို မြင်ရ၊ ကြားနေရပါတယ်။ အဲဒါကတော့ တောင်ကိုးရီးယားနိုင်ငံကို သွားရောက်လည်ပတ်ခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် တပ်မတော်နှင့် လက်တွဲ လုပ်ဆောင်သွားမည်ဖြစ်ပြီး သတ္တိရှိသည့် တပ်မတော်သားများ လိုအပ်ကြောင်း၊ တပ်မတော်နှင့်လက်တွဲ ဆောင်ရွက်သွားမယ်လို့ ဆိုခဲ့ပါတယ်။ ဘီဘီစီ ရေဒီယို ၄ ရဲ့ Desert Island Discs ထုတ်လွှင့်တဲ့ ရေဒီယို အစီအစဉ်တစ်ခုမှာ တပ်မတော်ကို ဒေါ်စုက မေတ္တာထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်ဟာ တိုင်းပြည်အပေါ် အင်မတန် ဆိုးဝါးတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ခဲ့ပေမဲ့လည်း ဒီစစ်တပ်ဟာ သူ့ဖခင် တည်ထောင်ခဲ့တဲ့ တပ်မတော်အဖြစ် မှတ်ယူထားဆဲဖြစ်ပြီး စစ်တပ်အနေနဲ့ ပြန်လည် အဖတ်ဆယ်နိုင်လိမ့်မယ်လို့ သူမျှော်လင့်ထားကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့် စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် အယ်ဒီတာအဖွဲ့ အနေနဲ့ ၁၉၈၈ ခုနှစ်ကစပြီး ယနေ့တိုင် အချိန်ကာလအတွင်း တပ်မတော်အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မြင်ခဲ့တဲ့အမြင်များနဲ့ ယနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သံတမန်ရေးရာ စကားလုံးများအပေါ် တပ်မတော်သားများရဲ့ တုန့်ပြန်သံများအား အလျဉ်းသင့်သလို တင်ပြသွားပါမယ်။
၁၉၈၈ ခုနှစ် တပ်မတော်မှ အာဏာသိမ်းပြီးနောက် တပ်မတော်ရဲ့ထိပ်ပိုင်း ဗိုလ်ချုပ်တွေဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အသွင်ပြောင်း (တစည) ကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ NLD နှင့်အပြိုင် အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ကြီးစွာ ထင်မှတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ တပ်မတော်သား အများစုရှိရာ မဂ်လာဒုံမြို့နယ်လို ကိုကိုးကျွန်းမြို့နယ်တွေလိုမှာ NLD သာ အနိုင်ရတဲ့အပြင် စစ်တပ်က လုံးဝ ကြီးစိုးထားတဲ့ ဒဂုံမြို့နယ်ကို NLD ကပင် အရှုံးလို့ တွက်ထားပြီး အရည်အချင်း သာမန်သာရှိတဲ့ ရိုးရိုးဘွဲ့ရ လူငယ်လေး တစ်ယောက်ကို ရွေးကောက်ပွဲ ဝင်ခိုင်းခဲ့လိုက်ရာ သူကလည်း အနိုင်ရရှိသွားလို့ ဗိုလ်ချုပ်များ ထိတ်လန့်တုန်လှုပ် သွားခဲ့ရပါတယ်။ အဲဒီအချိန်က စပြီး စစ်တပ်ခေါင်းဆောင်တွေဟာ NLD ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အား ပစ်မှတ်ထားပြီး စိတ်ဓာတ်စစ်ဆင်ရေး စတင်လုပ်ဆောင် ပါတော့တယ်။ အစိုးရသတင်းစာတွေမှာ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့ PSO ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး ခင်မောင်စိုးက ဒေါ်အောင်ဆန်းစုကြည်ပုံ ကာတွန်းရုပ်ပြောင်များ ရေးဆွဲ၍ ဖော်ပြသလို ကက (ပြည်) မှလည်း စိတ်ဓာတ်စစ်ဆင်ရေး ဆက်တိုက် လုပ်ဆောင်ပါတော့တယ်။ ထိုစဉ်က နဝတ အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးဟာ ကာကွယ်ရေးဝန်ကြီးဌာန ခန်းမဆောင်ကြီးထဲမှာ စစ်ရုံးရှိ အရာရှိ အရာခံများကို ခေါ်ယူပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ စပ်လျဉ်းကာ ဝေဖန်တိုက်ခိုက်တဲ့ စကားမျိုး ပြောဆိုကြောင်း အရာရှိဟောင်း တစ်ယောက်က ဆိုပါတယ်။
http://www.photayokeking.org/images/photos2/guardian.co.uk.jpgဒေါ်စုလွှတ်တော် တက်နေပုံ
“ကျွန်တော်တို့ရုံးက စစ်ရုံးဆိုပေမယ့် ယခင် အမေရိကန် မျက်စိ၊ နား၊ နှာခေါင်း ဆေးရုံကို သိမ်းပိုက်ထားတဲ့ အဆောက်အဦးတွေမှာ ရုံးထိုင်ရတာဗျ။ (S-2) ကြီး ခေါ်တယ်ဆိုလို့ လုပ်လက်စဖိုင်တွဲကို ချပြီး ခန်းမဆောင်ကြီးကို ချီတက်ရတာပေါ့ဗျာ။ သူက ပြောရာမှာ ကုလားမယား (ဒေါ်အောင်ဆန်းစုကြည်ကိုရည်ရွယ်) ဟာ ကိုယ့်အဖေကိုသတ်တဲ့ ကုလားဖြူကို ပြန်ယူလို့ မျိုးချစ်စိတ်မရှိဘူး၊ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ဆယ်စုနှစ်ချီပြီး နေထိုင်ခြင်း မရှိဘဲ နိုင်ငံခြားမှာ နေလာခဲ့တာ ယခုတော့ ဘုမသိ၊ ဘမသိ ခေါင်းဆောင်လုပ်တော့မယ်။ တပ်မတော်ရဲ့ပြိုကွဲရေးကို သူနဲ့ NLD တို့က လုပ်နေတာကွ။ ဗမာ့နိုင်ငံရေးအကြောင်း မပြောနဲ့ တပ်မတော် အကြောင်းလည်း သိမှာမဟုတ်ဘူးလို့ ပစ်ပစ်ခါခါ ပြောတယ်ဗျာ။ နောက်ပြီး သူမဟာ အစိုးရဆန့်ကျင်ရေး ထိပ်တိုက်ရင်ဆိုင်ရေး မတရားပြောတာကိုလည်း မကြိုက်ဘူးလို့ ပြောပါတယ်”
တကယ်တမ်း တပ်မတော် ပြိုကွဲရေးဆိုတာကို သမိုင်းကြောင်း လေ့လာကြည့်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေမှာ မပါပဲ NLD ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးဟောင်း ကြည်မောင်ရဲ့ စကားဖြစ်ကြောင်း သိရပါတယ်။ သူက NLD အနိုင်ရရင် တပ်မတော်မှာရှိတဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အထက်မှာ ရှိတဲ့လူတွေကို မယူဘူး။ သမိုင်းကြောင်းမှာ တာဝန်ရှိတဲ့လူတွေကို နုရင်ဘတ် စစ်ခုံရုံးလိုမျိုးနဲ့ စစ်ဆေးရမယ်လို့ ပြောကြောင်းသိရပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်ကြီးတင်အေးဟာ တပ်မတော်က အာဏာမလွှဲရတဲ့ အကြောင်းရင်း တစ်ချက်ဟာ အဆိုပါ ခြိမ်းခြောက်တဲ့ စကားကြောင့် ဖြစ်တယ်လို့ ၂၀၁၂ ခုနှစ်တုန်းက ဆိုသွားပါတယ်။
ဆက်လက်ပြီး တပ်မတော်သား အရာရှိ အကြပ်တပ်သားများဟာ အထက်ဗိုလ်ချုပ်များရဲ့ သွေးထိုး သွေးခွဲမှုကို နားယောင်မိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ NLD အဖွဲ့အား မဲပေးခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့တပ်မတော်အပေါ် မေတ္တာထားဆဲလို့ ပြောလိုက်တဲ့ အချိန်မှာတော့ တပ်မတော်သား အများစုဟာ ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာသွားတယ်လို့ သိရှိရပါတယ်။ ဒါပေမဲ့ တပ်မတော် အရာရှိကြီး တစ်ဦးကတော့ အောက်ပါအတိုင်း ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်ကို လေလှိုင်းထဲမှာ စကားလုံးတွေ ပစ်သွင်းနေမဲ့အစား နယ်လှည့် ခရီးစဉ်တွေမှာ တပ်မတော်ရဲ့ အခြေခံ တပ်ရင်း ၊ တပ်ဖွဲ့တွေရဲ့ တပ်ရဲဂိတ်တွေမှာ ဖြစ်ဖြစ်၊ ဆေးရုံမှာဖြစ်ဖြစ်၊ ကျောင်းတွေမှာဖြစ်ဖြစ် ခရီးသွားဟန်လွှဲ တပ်မိသားစုများအား တွေ့ဆုံအားပေး ထောက်ပံ့ပေးသင့်တယ်။ အကြပ်တစ်ဦးရဲ့ ကလေးကို သကြားလုံးပေးရင်ပဲ ဖြစ်ဖြစ် ပါရာစီတမောဆေး ပေးရင်ပဲဖြစ်ဖြစ်၊ ဆန်တစ်အိတ် ပေးရင်ဖြစ်ဖြစ် အဲဒီဖြစ်စဉ်ကို အင်တာနက် မီဒီယာမှာ တင်လိုက်ရင် တပ်မတော် တစ်ခုလုံး တုန်ခါသွားမှာ သေချာတယ်ဗျ။”
အပိုင်း (၂) ကို နောက်အပတ်မှာ ဆက်လက် တင်ပြသွားပါမယ်။

Bottom of Form
http://www.photayokeking.org/images/photo3/kia-prepare-war-01.jpg.jpg

KIA ရဲ့စခန်းဖြစ်တဲ့ Hka Ya Bum တိုက်ပွဲ ရလဒ်နှင့် စစ်မြေပြင် နောက်ဆုံး အခြေအနေ သတင်းကို KIA နှင့် နီးစပ်သူများ ထံမှ စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်း ပေးပို့လာပါတယ်။ အဆိုပါ စခန်းကို တပ်မတော်မှ ခြေကုပ်ယူထားသော Bum Re Bum ၊ N pnt Bum ၊ Htun Pyen Bum နဲ့ Wai Maw Bum စတဲ့ နေရာ လေးနေရာ စလုံးမှ အမြောက်ကြီးများနှင့် ပိုက်စိပ်တိုက် ပစ်ခတ်ခဲ့ကြောင်း၊ တစ်ရက်ထဲမှာပင် အကြိမ်ပေါင်း ၁၀၀၀ ကျော်ရှိကြောင်း သိရှိရပါတယ်။ အမြောက်များ ပစ်ခတ်ပြီးတဲ့နောက် တပ်မတော်မှ အင်အား ၄၀၀၀ ကျော်ခန့်ဖြင့် ချေမှုန်းရေး ထိုးစစ် ဆင်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲမှာ KIA ရဲ့ ထိခိုက်ကျဆုံးမှု အနေနဲ့ အရာရှိနှစ်ဦး အပါအဝင် စစ်သည် ၃၀ ကျော် ကျဆုံးခဲ့ရကြောင်း၊ KIA မှ စစ်သည် နှစ်ဦးဟာ မိမိကိုယ်ပေါ်မိမိ ဗုံးများ ပတ်ပြီး ရဲရဲဝံ့ဝံ့ အသေခံ တိုက်ပွဲ ဝင်သွားခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ KIA ဘက်က ပြောဆိုသံကတော့ ရန်သူနဲ့ ထိပ်တိုက်တွေ့ ပါက မလိုလားအပ်ပဲ အကျအဆုံး များမှာကို ရှောင်ရှားချင်လို့ ခွာစစ် ဆင်ပေးလိုက်ရပြီး အခွင့်သာပါက တန်ပြန် တိုက်စစ်နှင့် လည်ကောင်း၊ ပျောက်ကြား စစ်နည်းဗျူဟာကို အသုံးပြုပြီး အမှဲ့ချွှေစနစ်ဖြင့် တိုက်ခိုက်မည် ဖြစ်ကြောင့် ပြည်သူလူထုအား အားပေးခဲ့တယ်လို့ ဆိုပါတယ်။ ယခုအခါ KIA လက်ကျန် စခန်းများ အနေနဲ့ Laisin Bum အပါအဝင် အမည်နာမ မပေးထားတဲ့ စခန်းများ ရှိသေးကြောင်း၊ တစ်ချို့စခန်းများမှာ တရုတ်နယ်စပ်နှင့် ခွထိုင်ထားကြောင့် တပ်မတော်မှ လက်နက်ကြီး ပစ်ရင် ပြဿနာ တက်လာနိုင်တာမို့ ဆက်လက် မတိုက်နိုင်တော့ကြောင်း၊ ၂၈-၂၉ ရက်နေ့ နှစ်ရက်လုံးမှာတော့ ထူးခြားစွာ စစ်မြေပြင်မှာ တိတ်ဆိတ်နေကြောင်း သတင်းများ ရရှိပါတယ်။
မတော်က KIA စစ်ဆင်ရေး စီမံချက်နဲ့ ငြိမ်းချမ်းရေး ကော်မတီက ဆွေးနွေးပွဲများ တပြိုင်နက် ဆောင်ရွက်လျှက်ရှိ
·         

·         KIA စစ်သည်ရဲဘော်များ
·         တပ်မတော်မှ ကစထမှူး/ တိုင်းမှူး/ တပ်မမှူးများ တက်ရောက်ကြတဲ့ ကက(ကြည်း) လေးလပတ် အစည်းအဝေးမှာ တပ်မတော်နဲ့ KIA တိုက်ပွဲများအပေါ် ခြုံငုံသုံးသပ် ခဲ့ကြ သလို KIA အား စစ်ဆင်ရေး စီမံချက်နဲ့ စပ်လျဉ်းပြီး သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း လည်း စစ်ရုံးနဲ့ နီးစပ်သူများထံမှ သတင်း ရရှိပါတယ်။
·         ကျင်းပပြီးစီးခဲ့တဲ့ လေးလပတ် အစည်းအဝေးမှာ ကစထမှူး ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက KIA နဲ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် စပ်လျဉ်းပြီး သုံးသပ်ချက် အစီရင်ခံစာ တင်ပြခဲ့တယ် လို့ ဆိုပါတယ်။ တိုင်းမှူး/ တပ်မမှူး အချို့က မြန်မာနှင့်တရုတ် နယ်စပ် တည်ငြိမ်ရေး ရှိဖို့ရန် စစ်ရေး မဟာဗျူဟာအရ KIA ရဲ့ အဓိက အခြေပြုရာ လိုင်ဇာအား သိမ်းပိုက်ဖို့ မလွှဲမသွေ လိုအပ်တယ်လို့ တင်ပြကြပါတယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဧရိယာအ တွင်း တပ်မ (၃၃) ဟာ မြစ်ကြီးနား ပူတာအို လမ်းကြောင်း တလျှောက် တာဝန်ယူထား ပါတယ်။ တပ်မ (၈၈)၊ (၁၀၁)၊ စကခ (၃)၊ (၂၁) နဲ့ တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တိုင်းတပ်တွေဟာ KIA စစ်ကြောင်းများနှင့် လက်ရှိ စစ်ရေး ချိန်ခွင်ညှာ သဘောအရ အသာစီး ရယူထားပြီးသား ဖြစ်နေလို့ လိုင်ဇာကို သိမ်းပိုက်ဖို့ အသင့်တော်ဆုံး အချိန် ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။
·         လိုင်ဇာမြို့ရဲ့ အဓိက ၀င်ပေါက်ဖြစ်တဲ့ ပွိုင့် (၇၇၁) တောင်ကုန်း စခန်းအား သိမ်းပိုက်ပြီးဖြစ် တဲ့အပြင် စစ်နည်းဗျူဟာအရ အချက်အချာမြေဖြစ်တဲ့ အမြင့်ဆုံး Hka Ya Bum တောင်ကုန်း စခန်းအား ဆက်လက် သိမ်းယူပြီး ဖြစ်နေတာမို့ လိုင်ဇာနဲ့ လက်တကမ်း အလိုကို ရောက်ရှိ နေကြပြီလို့ ဆိုကြပါတယ်။ စစ်မဟာဗျူဟာ သဘောအရ စခန်းဌာနချုပ် သို့မ ဟုတ် မြို့ကို သိမ်းမှ အောင်မြင်မှု ပန်းတိုင်ရောက်တယ်လို့ ယူဆကြသလို ထိပ်ပိုင်းက ဗိုလ်ချုပ်တွေရဲ့ ကြံဖန်ဂုဏ်ယူတတ်တဲ့ ဗီဇအရ ပန်ဆိုင်းကြူကုတ် မြို့သိမ်းတိုက်ပွဲ များ နှင့် မာနယ်ပလော ဌာနချုပ်များကို တပ်မတော်က သိမ်းပိုက်ခဲ့စဉ်က ထိပ်ပိုင်းက ဗိုလ် ချုပ်များ တကူးတက အောင်မြေသွားနင်းတဲ့ အစဉ်အလာလည်း ရှိခဲ့ပါတယ်။
·         http://www.photayokeking.org/images/photo3/lai%20za.jpgလိုင်ဇာမြို့
·         ဒါ့အပြင် ရှေ့တန်း တပ်မမှူး/ ဗျူဟာမှူးများ အနေဖြင့် လက်ရှိနေရာများမှ လိုင်ဇာအား ခြိမ်းခြောက် နေတာထက် အနည်းငယ်မျှ ရှေ့တိုးတိုက်ခိုက် လိုက်ပါက အလွယ်တကူ သိမ်းပိုက် လိုက်နိုင်မည့် အခြေအနေကို လက်လွတ်ခံချင်ပုံ မရကြကြောင်း သိရှိရပါ တယ်။ အပစ်အခတ် ရပ်စဲရေး မလုပ်ချင်တဲ့ KIA အား လိုင်ဇာကို သိမ်းပိုက် လိုက်ခြင်း ဖြင့်သာ အလဲထိုး အနိုင်ယူမယ်လို့ ယူဆလျှက် ရှိနေပါတယ်။ ရှေ့တန်းတွင် စစ်ပန်းနေ ကြတဲ့ တစ်နှစ်ကျော် တာဝန်ထမ်းဆောင် နေရသော တပ်မ (၈၈) တပ်မမျိုးကို အလှည့်ကျ အနားပေးဖို့ ရှိနေရာ နယ်မြေ ကျွမ်းကျင်သော ထိုတပ်မဟောင်းများ ရှိတုန်း ဆက်လက် တိုက်ခိုက်နေချင် ကြပါတယ်။ တကယ်တမ်း KIO ဌာနချုပ်ဟာလည်း လိုင်ဇာမြို့တွင် အခြေစိုက်ရန် မသင့်တော်တော့ပဲ စစ်နည်းဗျူဟာအရ ပြောင်းရွေ့ရမည့် အခြေအနေတွေ ရှိနေပါတယ်။
·          
 ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေး ဆွေးနွေးရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကေအိုင်အို၊ ကေအိုင်အေဘက်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ပါဝင်သော ကိုယ်စားလှယ် အဖွဲ့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ယနေ့ နံနက် ၉နာရီ မှ စတင်ကာ Jing Cheng ဟိုတယ်တွင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးနေကြစဉ် (ဓာတ်ပုံ - 7 Days News)
·         ဒါပေမဲ့ အစိုးရနဲ့ တပ်မတော်တို့မှ တရားဝင် ထုတ်ပြန်ချက်များအရ တဖက်သတ် အပစ် အခတ် ရပ်စဲရေးအပြင် လိုင်ဇာကိုသိမ်းမည် မဟုတ်ကြောင်း ထပ်ခါတလဲလဲ ပြောဆို ထားပါတယ်။ လောလောဆယ် နိုင်ငံရေး အခင်းအကျင်းအပေါ် စောင့်ကြည့်ရမည့် သဘော ဆွေးနွေး ကြပါတယ်။ ဆွေးနွေးပွဲ မတိုင်ခင်မှာဖြစ်ဖြစ်၊ ဆွေးနွေးပွဲ ကျင်းပပြီးစီးချိန်မှာ ဖြစ်ဖြစ်၊ နိုင်ငံရေးအရ မပြေလည်လို့ အခွင့်အခါ ပေးတဲ့အခြေအနေမျိုး ဖန်တီးလာခဲ့ရင် လိုင်ဇာ ကို အချိန်မရွေး တက်သိမ်းမယ့် အခြေအနေမျိုး ရှိရန် ပြင်ဆင်ထား နိုင်ကြောင်း စစ်ဖက် နီးစပ်သူများက ခန့်မှန်း နေကြပါတယ်။
·         ကေအိုင်အို/ ကေအိုင်အေ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဦးဆမ်လွတ်ဂမ်၊ ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး (အလယ်) နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ကို တရုတ်နိုင်ငံ ရွှေလီမြို့ ဆွေးနွေးပွဲတွင် အတူတကွ တွေ့ရစဉ်။ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ဦးဆွမ်လွတ်ဂမ်နဲ့ ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ KIO၊ KIA အဖွဲ့ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့၌ ယနေ့ဖေဖေါ်ဝါရီလ ၄ ရက်နေ့ မှာပင် ဆွေးနွေးကြကြောင်း သတင်း ၀င်လာပါတယ်။ စစ်ဖက်နီးစပ်သူများက သုံးသပ် ကြရာမှာ တရုတ်နိုင်ငံ အနေနဲ့ နိုင်ငံရေးအရ အမြတ်ထုတ်လိုလို့ ဖိအားပေး လာတာဖြစ် ပြီး ဆွေးနွေးပွဲ ကျင်းပဖြစ်တာကို လူတိုင်းက အံ့သြနေကြကြောင်း၊ အရင်ဆွေးနွေးပွဲများ နဲ့မတူဘဲ ထူးခြားချက်တွေကတော့ တရုတ်နိုင်ငံမှ သံအမတ်ကြီးအဆင့် ပါဝင်လာသလို KNU ဥက္ကဌနဲ့အဖွဲ့၊ RCSS/ SSA အဖွဲ့တို့အပြင် ဦးဟန်ညောင်ဝေတို့ ပါလာကြောင်း၊ အကြိုဆွေးနွေးပွဲနဲ့ အလွတ်သဘော ဆွေးနွေးပွဲလို့ ဆိုနိုင်ကြောင်း၊ KIA မှ ဗိုလ်ချုပ် ဂွမ် မော် ပါလာသော်လည်း တပ်မတော်မှ ကစထမှူး ဒုဗိုလ်ချုပ်ကြီးမြင့်စိုး တက်ရောက် လာခြင်း မရှိသည်မှာ ထူးခြားကြောင်း သုံးသပ်ကြပါတယ်။
·         ယခုတလော မြန်မာ့နိုင်ငံရေးနဲ့ စစ်ရေး အခင်းအကျင်းမှာ အချိန်နာရီနှင့်အမျှ ဒီရေ အလား ပြောင်းလဲမှု မြန်ဆန်နေကြောင်း၊ စစ်ဖက်နီးစပ်သူများ ခန့်မှန်းသည်မှာ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနေချိန်မှာ တပ်မတော်က ရှေ့တန်း စစ်ကြောင်းနဲ့ စခန်းများထံ ရိက္ခာနဲ့ လက်နက်ခဲယမ်းများ ပို့ဆောင် ဖြည့်တင်းခြင်း၊တောင်းကုန်း စခန်းများအား ခံစစ်စခန်းအဖြစ် အခိုင်အမာ တည်ဆောက်ခြင်း၊ အနားပေးလိုသည့် တပ်မများ လဲလှယ်ခြင်း၊ ပဋိပက္ခ ဖြစ်ပွါးသော နေရာများကို လေ့လာစောင့်ကြည့် စီစစ်ရေးစနစ်အတွက် ကြိုတင်ပြင်ဆင်ခြင်း စတာ တွေကို ပြုလုပ်မည်ဖြစ်ကြောင်း သတင်းပေးပို့သွားပါတယ်။
တိုင်းမှူး/ တပ်မမှူး လေးလပတ် အစည်းအဝေး ပြုလုပ်ခဲ့တုန်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စင်္ကာပူနှင့် မလေးရှား နိုင်ငံခြား ခရီးစဉ် ရှိ၍ လွှတ်တော်မှ တိုက်ပွဲ အခြေအနေအား တောင်းဆိုလာမည့် အသံနှင့် ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး တပ်အသစ် ထပ်ထည့်ခြင်း၊ တပ်လဲလှယ်ခြင်း ဆက်လက် ပြုလုပ်သွားရန် မှတ်ချက်ပေးခဲ့ကြောင်း စစ်ရုံးနဲ့ နီးစပ်သူများက သတင်းပေးပို့လာပါသည်။ KIA နှင့် တပ်မတော် ရင်ဆိုင် တိုက်ပွဲများတွင် စစ်မျက်နှာ အခင်းအကျဉ်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(၁) ကချင်ပြည်နယ် အိမ်ရှင်တပ်မများဖြစ်သော မိုးကောင်းအခြေစိုက် အမှတ် (၃) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ဗန်းမော်အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းလက်အောက်ရှိ တပ်ရင်း ၄၆ ရင်းအပြင် စစ်ကိုင်း -ရွာထောင် အခြေစိုက် အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ်၊ မကွေးတိုင်းဒေသကြီး မကွေး အခြေစိုက် အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ်၊ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာအခြေစိုက် အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်၊ မကွေးတိုင်းဒေသကြီး ပခုက္ကူအခြေစိုက် အမှတ် (၁ဝ၁) ခြေမြန်တပ်မ ဌာနချုပ်များနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းလက်အောက်ခံ တပ်ရင်း ၁ဝ ရင်း (ဖားကန့်ဒေသ စိုးမိုး လှုပ်ရှားနေသည်။) အပါအဝင် ခြေလျင်ခြေမြန်တပ်ရင်း စုစုပေါင်း ၉၆ ရင်းဖြင့် ကေအိုင်အေအား ထိုးစစ်ဆင်တိုက်ခိုက်နေလျက်သည်။ မြစ်ကြီးနား လေတပ်စခန်း ဌာနချုပ်မှ တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ကုန်းကြောင်း၊ လေကြောင်းမှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည့် အပြင် အမြောက်တပ်မ ဌာနချုပ်များမှလည်း ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်ကြီးများနှင့် ၁၂၀ မမ စိန်ပြောင်းကြီးများ တို့ဖြင့် ပိုက်စပ်တိုက် ပစ်ခတ်လျက် ရှိပါသည်။

(၂) မြန်မာနိုင်ငံ အခြား စစ်မျက်နှာများရှိ တပ်ဖြန့်ထားသော အခင်းအကျဉ်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
  • (က) အိန္ဒိယနယ်စပ်တလျှောက် ပြည်ပရန်ကာကွယ်ရန် အရန်တပ်မအင်အား မထားဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖြတ်တောက် ပိတ်ဆို့စစ်ဆင်ရန် စကခ (၁ဝ) ကို ကိုးကန့် - လောက်ကိုင်ဒေသသို့ စေလွှတ် ပို့ဆောင်ထားသည်။ မြန်မာပြည် အလယ်ပိုင်း ဧရာဝတီနှင့် ချင်းတွင်း တကြောအထိ အရန်တပ်မ မရှိ ဖြစ်နေသည်။
  • (ခ) ရန်ကုန်တိုင်းဒေသကြီးအတွင်း အရန်တပ်မ အဖြစ်ထားလေ့ရှိသော တမခ (၁၁) အား အရန်တပ်မ အဖြစ်မထားနိုင်တော့ဘဲ ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေး တာဝန် ထမ်းဆောင်နေသည့် တမခ (၆၆) ဖြင့် လဲလှယ်ရန် စီစဉ်နေသည်။
  • (ဂ) ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးဝင်နေသည့် တမခ (၇၇) နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်ဒေသအတွင်း စစ်ဆင်ရေး ဝင်နေသည့် စကခ (၁ဝ) အား အနားပေး လဲလှယ်အစားထိုးရန် အရန် တပ်မ မရှိ ဖြစ်နေသည်။
(၃) ကချင်ပြည်နယ် စစ်ဆင်ရေးသို့ အစားထိုး လဲလှယ်နိုင်သော တပ်မများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
  • (က) ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီအရေးအခင်း တည်ငြိမ်မှုမရှိသေးသော်လည်း အရန် တပ်မမရှိ၍ ကျောက်တော် အခြေစိုက် စကခ (၉) အား ကချင်ပြည်နယ် စစ်ဆင်ရေးသို့ စေလွှတ်ရန် ပြင်ဆင်နေသည်။
  • (ခ) ကယားပြည်နယ်တွင် ရှိနေတဲ့ တပ်မ (၅၅) နှင့် စကခ (၇) တပ်မ (၂) ခု ရှိရာ မူလက တပ်မ (၅၅) ကို ကချင်ပြည်နယ် ထွက်ဖို့ လျာထားရာမှ စကခ (၇) ပြောင်းလဲပြီး ကချင် - ဖားကန့် ဒေသသို့ စေလွှတ်လိုက်ပြီး ဖြစ်သည်။
  • (ဂ) ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော တမခ (၈၈) သည် တနှစ်ကျော်နေပြီး တမခ (၉၉) သည် နှစ်နှစ်ရှိနေသော်လည်း အနားပေး အစားထိုး လဲလှယ်ရန် အရန်တပ်မ မရှိဖြစ်နေသည်။
ကချင် ပြည်
(၄) မပခ တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်မှ တပ်မ (၈၈) အား KIA စခန်းကုန်းများ သတ်မှတ်ပြီး ၄င်းစခန်းများ ရမှ တပ်မ (၁၀၁) နှင့် လဲလှယ်ပေးပြီး နောက်တန်း မကွေးကို ပြန်ခိုင်းမည်ဟု ပြောသောကြောင့် တပ်မ (၈၈) မှာ ထိခိုက်ဒဏ်ရာ အကျအဆုံး များစွာဖြင့် စစ်တိုက် နေရကြောင်း သိရှိရပါသည်။
(၅) တပ်မ (၉၉) သည်လည်း စစ်ဆင်ရေး ထွက်နေသည်မှာ (၂) နှစ်နီးပါး ရှိသော်လည်း တခြား တပ်မများနှင့် မတူဘဲ (၂) ဗျူဟာ စစ်ဆင်ရေး ၀င်ပြီး (၁) ဗျူဟာ နားသည့် စနစ် ကျင့်သုံးနေပါသည်။ တပ်မ (၉၉) သည် မူလကတည်းက အကြံအဖန် ဂွင်ကောင်းသည့် ပုံသေ စစ်ဆင်ရေး နေရာကို ရထားသည့် အားလျော်စွာ အခြား တပ်မများက အသေအကြေ တိုက်နေသော်လည်း တန်းတူ အခွင့်အရေး မရသည့်အပေါ် ကျေနပ်မှု မရှိကြကြောင်း သိရှိရပါသည်။
(၆) စစ်ဆင်ရေး (၁) နှစ်ပြည့် ပြီးသော တပ်မများ အောက်ပါအတိုင်း ဖြစ်ပါသည် -
  • (က) တမခ (၄၄)/ (၆၆)/ (၇၇) - ကရင်ပြည်နယ် (ခ) တမခ (၈၈)/ (၉၉) - ကချင်ပြည်နယ် (ဂ) စကခ (၁၀) - ရှမ်းမြောက် ကိုးကန့်ဒေသ
(၇) အရံ ရှိနေသော တပ်မများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
  • (က) စကခ (၆) (နေပြည်တော် အရံ မသုံးပါ)
  • (ခ) တမခ (၁၁) (ရန်ကုန်တိုင်း အရံ - ဖြစ်သော်လည်း စစ်ဆင်ရေး သွားရန် အသင့် အနေအထားဖြင့် အမိန့်စောင့်နေရပါသည်။ ရခိုင်ပြည်နယ်သို့ စေလွှတ်ထားသော တပ်မ ဆေးအဖွဲ့ များကိုလည်း ပြန်လည် ခေါ်ယူထားပြီး တပ်အားလုံးအသင့် ပြုလုပ်ရန် ညွှန်ကြားထားပါ သည်။)
  • (ဂ) ရခိုင်ပြည်တွင် မြို့တွင်း လုံခြုံရေး - စကခ (၅)၊ ဖြစ်ပြီး စကခ (၉) / (၁၅) တို့သည် နယ်စပ် ဘင်္ဂလားဒေ့ရှ် လုံခြုံရေး ယူထားသော်လည်း ၄င်းတို့အထဲမှ စကခ (၁) ခုအား ဆွဲထုတ်ကာ စစ်ဆင်ရေး သွားခိုင်းမည်ဟု သိရပါသည်။
  • (ဃ) တမခ (၂၂) ဘားအံတွင် အသင့်ရှိ။
(၈) တပ်မ (၆၆) နှင့် (၇၇) တို့ လစာပေးအဖွဲ့ ရှေ့တန်းသို့ တက်သွားကြောင်း ထပ်မံ သိရသဖြင့် ၂၀၁၃ ဇန်န၀ါရီလ အတွင်း နောက်တန်းသို့ ပြန်လည် အနားယူရန် မဖြစ်နိုင်တော့ကြောင်း စစ်ရေး လေ့လာသူများက သုံးသပ် ပါသည်။
(၉) ပုံမှန် အနေအထားအရ ဆိုလျှင် တမခ (၁၁) (၂၂) နှင့် စကခ (၉) တို့သည် ကရင်ပြည်နယ်ထဲရှိ တမခ (၄၄) (၆၆) (၇၇) တို့အား လဲလှယ်ရမည် ဖြစ်သော်လည်း ယခုအထိ စစ်ဆင်ရေး အမိန့်မလာဘဲ Stand By သာ ထားသောကြောင့် လိုအပ်လျှင် ကရင်ပြည်နယ်သို့ မသွားနိုင်ဘဲ ကချင်ပြည်နယ် KIA စစ်မျက်နှာသို့ စေလွှတ်ရန် ရည်ရွယ်သည်ဟု ယူဆရပါသည်။
(၁၀) သို့သော်လည်း ကရင်ပြည်နယ်ရှိ တပ်မ (၃) ခုမှာလည်း (၁) နှစ် ပြည့်၍ လဲလှယ်ရမည် ဖြစ်ရာ ကချင်သို့ ကြားဖြတ်ခိုင်းရန် တပ်ချုပ်အနေဖြင့် အခက်အခဲ ဖြစ်နိုင်သည်ဟု ယူဆပါသည်။
(၁၁) ထွက်ပေါက်တခု ရှိနိုင်သည်မှာ ရှမ်းမြောက်မှ စကခ (၁၆) မှ တပ်များမှ ထုတ်နှုတ်ပြီး ကချင်သို့လည်း စေလွှတ်ရနိုင် သည်ဟု ယူဆပါသည်။ ထို့အပြင် တချို့ ဒကစများမှာ တပ်မအသွင် စစ်ဆင်ရေး လှုပ်ရှားခဲ့ဖူးသဖြင့် နယ်မြေ အေးချမ်းတည်ငြိမ်ပါက နီးစပ်ရာ တပ်မ ဌာနချုပ်များနှင့် ဧရိယာ ပြောင်းလဲခြင်းသော်လည်းကောင်း၊ တိုက်ရိုက် ကချင်ပြည်နယ်သို့ လည်းကောင်း စေလွှတ်နိုင်သည်ဟု ယူဆပါသည်။
(၁၂) စကခ (၁၀) အား လဲရန် တပ်မအား စီစစ် ဖေါ်ထုတ်ဆဲ ဖြစ်ပါသည်။
(၁၃) ကရင်ပြည်နယ် ဖာပွန် စစ်ဆင်ရေးမှ ကျွံဝင်လာသော တမခ (၄၄) ၏ ရိက္ခာများအား KNU မှ ဖျက်ဆီးထားနိုင်သဖြင့် ၄င်းတို့သည် ကရင်ပြည်နယ်ရှိ တပ်မများကို ထုတ်နှုတ်ပြီး ကချင်သို့ စေခိုင်းရန် မဖြစ်နိုင်တော့ကြောင်း သုံးသပ်ပါသည်။
http://www.photayokeking.org/images/photo3/dsc_0473.jpgတရုတ် ပြည်သူ့ သမ္မတ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး Madam Fu Ying ဦးဆောင်သော အထူး ကိုယ်စားလှယ်အဖွဲ့အား သမ္မတ ဦးသိန်းစိန်မှ လက်ခံ တွေ့ဆုံ (ဓာတ်ပုံ - သမ္မတရုံး ၀က်ဘ်ဆိုဒ်)
(၁၄) တပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီ မင်းအောင်လှိုင် အနေဖြင့် တပ်မတော်၏ မူဝါဒ သဖွယ် ဖြစ်သော တပ်မများကို (၁) နှစ်ကျော်သည်အထိ တာဝန်ပေး ခိုင်းစေခြင်း မပြုရ ဟူသော ညွှန်ကြားချက်ကို သွေဖီပြီး မျက်စိမှိတ် ခိုင်းနေသည့် သဘော ဖြစ်နေပါသည်။ ကချင် ပြည်နယ် တွင် KIA နှင့် ဖြစ်ပွားနေသည့် စစ်ဆင်ရေး ကနဦးပိုင်းမှာ တပ်မတော်မှ ဦးကျိုးနေသဖြင့် ဂုဏ်သိက္ခာကျဆင်းလျက် ရှိရာ ယခုအခါ လေတပ် အမြောက်တပ် အင်အားများကိုပါ သုံးစွဲပြီး ကျားနာခဲလျက် ရှိပါသည်။ သို့ရာတွင် လွှတ်တော်မှ ပြင်းထန်သည့် တောင်းဆိုချက်/ လေသံများ ပေါ်ထွက်လာသကဲ့သို့ တရုတ်နိုင်ငံမှလည်း သံတမန် အသုံးအနှုန်း မောက်မာသည့် စကားလုံးများ မကြုံစဖူး ထွက်ပေါ်လာပါသည်။ အထူးသဖြင့် တရုတ် နယ်စပ်ထဲသို့ အမြောက်ကျည်များ ကျရောက်နေခြင်းနှင့် KIA နှင့် အမျိုးအနွယ် နီးစပ်သည့် ယူနန်ပြည်နယ်မှ တရုတ်လူမျိုးများ၏ အကျိုးစီးပွား ထိခိုက်နေခြင်းအပေါ် တရုတ်အစိုးရက ဒေါသတကြီး ဖြစ်နေပုံ ရပါသည်။ မကြာသေးခင်က အထူးသံတမန် တရုတ် ဒုနိုင်ငံခြားရေး ၀န်ကြီး သမ္မတ ဦးသိန်းစိန် သို့ လာရောက် တွေ့ဆုံခဲ့သည့်အပေါ် သမ္မတနှင့် တပ်ချုပ် မျက်နှာပျက်ရမည့် အနေအထားမျိုး ကြုံတွေ့နိုင်ပါသည်။ ပိုပြီး ဆိုးဝါးသည်မှာ လိုင်ဇာမြို့ထဲသို့ အမြောက်ကျည်ကျ၍ အရပ်သားများ သေဆုံးခြင်းအပေါ် နိုင်ငံတကာမှ ကန့်ကွက်သည့် လေသံများ ထွက်ပေါ်လာပါသည်။ အစိုးရမှ တရားဝင် အပစ်ရပ်ခိုင်းသည့်အပေါ် တပ်မတော်မှ ဆက်လက် တိုက်ခိုက်နေခြင်းသည်လည်း သမ္မတ အမိန့်အပေါ် တပ်ချုပ်က အပြည့်အ၀ လေးစား လိုက်နာခြင်း မရှိသည့် အသွင်သဏ္ဍာန် မျိုး ပေါ်ထွက်နေပါသည်။ ထို့ကြောင့် တပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် လွှတ်တော်နှင့် သမ္မတတို့၏ ငြိုငြင်ခြင်းကို ခံရဖွယ် ရှိပြီး ထွက်ပေါက်အနေဖြင့် KIA ကသာ ဇန်န၀ါရီလတွင် ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာမှသာ ရှိနိုင်ကြောင်း၊ KIO သည် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တစ်ဖွဲ့ တည်းမဆွေးနွေးဘဲ UNFC ဆုံးဖြတ်ချက် အတိုင်း UNFC တွင်သာ ဆွေးနွေးလိုကြောင်း ပြန်ကြားချက်သည် ကာချုပ် မင်းအောင်လှိုင်အတွက် အခက် တွေ့စေကြောင်း စစ်ဘက်နီးစပ်သူများက လေ့လာ သုံးသပ် တင်ပြ သွားပါသည်။

Continue Reading | comments
 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG