WUNPAWNG PHOTOS

နောက်ဆုံးရ သတင်းများ

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

ဦးဘရန်ရှောင်၏ ဖြောင့်ချက်ယူခဲ့သူ ဒုတရားသူကြီးအား စစ်ဆေးရန် တင်ပြချက် ပယ်ချခံရ


ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဟု စွတ်စွဲ၍ မြစ်ကြီးနားထောင်တွင် ဖမ်းဆီးခံနေရသူ ဦးလထော်
ဘရန်ရှောင်ထံမှ ဖြောင့်ချက် ရယူခဲ့သူ မြို့နယ် တရားသူကြီး ဦးဇော်မင်း အား စစ်မေးခွင့်ပြုရန် လျှောက်ထားချက်ကို ပယ်ချလိုက်သည်ဟု ရှေ့နေ ဦးဂျီမာခါး က ပြောသည်။

ဦးဇော်မင်းအား စစ်ဆေးခွင့်ပြုရန် တရားခံ ရှေ့နေ ဦးမာခါးက ယခင်ရက်သတ္တပတ်က တင်ပြခဲ့သည်ကို အင်္ဂါနေ့ မြို့နယ်တရားရုံးတွင် မြို့နယ်တရားသူကြီး ဦးမြင့်ထူး က ပယ်ချလိုက်ခြင်း ဖြစ်သည်။

“ဦးဇော်မင်းကို စစ်ဆေးဖို့ ခေါ်ထားတာ။ မြို့နယ်တရားသူကြီးက မလိုအပ်ဘူးဆိုပြီး ပယ်လိုက်တယ်။ မစစ်ဆေးခိုင်း
စေချင်လို့ နေမှာ ကျနော်တို့က အဲဒါကို ပြန်စစ်ချင်တယ်။

အမှန်တရား ပေါ်လာမှာ ကြောင့်လို့ပဲ။ တရားခံတွေဘက်က အရမ်းနစ်နာတယ်။ ကျနော်တို့အတွက် အရေးကြီးတဲ့ သက်သေပဲ” ဟု ဦးဂျီမာခါး က မဇ္စျိမကို ပြောသည်။

၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က ဒု မြို့နယ်တရားသူကြီး ဦးဇော်မင်းက ဖြောင့်ချက်ယူနေစဉ် ဦးဘရန်ရှောင်၏ မျက်နှာတွင် ဒဏ်ရာများ ရနေခြင်းနှင့် ဗိုက်တွင် အသံဖမ်းစက် ကပ်ပေးထားမှုကို စစ်ဆေးတွေ့ရှိသဖြင့် တရားသူကြီး ဦးမြင့်ထူးက ထိုနေ့မှာပင် ရုပ်သိမ်းလိုက်သည်။

လာမည့် မတ်လ ၁၈ ရက်နေ့တွင် လျှောက်လဲချက်ပေးရန် တရားသူကြီး ဦးမြင့်ထူးက ပြောဆိုလာသော်လည်း
 လျှောက်လဲချက် မပေးဘဲ တရားသူကြီး ဦးဇော်မင်းအား စစ်ဆေးခွင့်ပြုရန်သာ ပြည်နယ်တရားလွှတ်တော်သို့ ထပ်မံ တင်ပြသွားမည် ဖြစ်ကြောင်း ဦးဂျီမာခါး က ဆိုသည်။ ဦးဘရန်ရှောင်မှာ ကျန်းမာရေး ကောင်းမွန်နေသည်ဟုလည်း
 ပြောသည်။

ဦးဘရန်ရှောင်အား ယမန်နှစ် ဇွန်လ ၁၂ ရက်နေ့က ဖောက်ခွဲရေးဆိုင်ရာ ပုဒ်မ ၃ ဖြင့် အမှတ်(၁) ရဲစခန်းမှ ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့ ဒု-ရဲအုပ် ကျော်မျိုးနိုင်နှင့်အဖွဲ့က ဖမ်းဆီးခဲ့ပြီး မြစ်ကြီးနား စရဖ ထံ လွှဲပြောင်းပေးခဲ့သည်။ ထို့နောက် မတရားအသင်း ပုဒ်မ ၁၇(၁) ဖြင့် ပြန်လည် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ဦးဘရန်ရှောင်သည် KIO ဝန်ထမ်းဖြစ်သည်ဟု တရားခံဘက်မှ ထွက်ဆိုချက်များမှာ စစ်ကြောရေးအတွင်း ညှဉ်းပန်း
နှိပ်စက်မှုဖြင့်သာ ရရှိလာသည့် ထွက်ဆိုချက်များ ဖြစ်၍ ခိုင်လုံသည့် အခြားအထောက်အထား မရှိကြောင်း ရှေ့နေ
ဦးဂျီမာခါးက ပြောဆိုထားသည်။ 

အစိုးရတပ်နှင့် KIO တပ်များအကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ချိန်မှစ၍ မြစ်ကြီးနားမြို့နယ်နှင့် ရှမ်းပြည်နယ် အတွင်းရှိ ဒေသခံများ အနည်းဆုံး လူ ၇၀ ကျော်မှာ မတရားသင်းဥပဒေဖြင့် ဖမ်းဆီး ထိန်းသိမ်းခံထားရကြောင်း သိရသည်။
Continue Reading | comments

ကချင် ငြိမ်းချမ်းရေး လမ်းလျှောက်သူများကို KIO မှ ကြိုဆိုမည်

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက်လာသူများအား ကြိုဆိုရန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ကော်မတီအဖွဲ့တခုကို ယနေ့ သောကြာနေ့တွင် ဖွဲ့စည်းလိုက်သည် ဟု ကော်မတီခေါင်းဆောင်တဦးဖြစ်သူ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

၎င်းကော်မတီအဖွဲ့ကို KIO စစ်ပြေးဒုက္ခသည်များ အကူအညီပေးရေး တာဝန်ခံ ဦးဒွဲပီဆားနှင့် ဗိုလ်မှူးကြီး အင်ဘန်ဘွမ်ဆင်ဝါးတို့ နှစ်ဦးအား ခေါင်းဆောင်အဖြစ် တာဝန်ယူ၍ အဖွဲ့ဝင်ပေါင်း ၃၀ ကျော်ဖြင့် ဖွဲ့စည်းထားခြင်း
ဖြစ်သည်။

“အစည်းအဝေးက သူတို့ ရောက်ခဲ့တယ်ဆိုရင် အဆင်သင့် လုပ်ထားတဲ့ သဘောပါ။ ကော်မတီ ဖွဲ့ထားတယ်။ သူတို့
ရောက်လာရင် ကြိုဆိုမယ်။ လက်ခံစကားပြောမယ်။ တည်းခိုမဲ့နေရာ ပြမယ်။ တခြားတော့ သူတို့ ဖြစ်ချင်တာတွေ ဆက်လုပ်သွားမယ်။ အလုပ်ခွဲဝေထားတာပါဘဲ”ဟု ဦးဒွဲပီဆားက ပြောသည်။

KIO အနေဖြင့် အိမ်ရှင်အနေဖြင့် ဧည့်သည်အား ကြိုဆိုရန် တာဝန်ရှိသဖြင့် လက်ခံ ကြိုဆိုမည် ဖြစ်ကြောင်း သူက  ပြောသည်။

 “ကျနော်တို့ကတော့ လမ်းလျှောက်လာပြီဆိုတော့ ရောက်မယ်လို့ မျှော်လင့်တယ်။ ဒါပေမဲ့ မြန်မာအစိုးရစစ်တပ်က လမ်းတွေ ပိတ်ထား၊ မိုင်းတွေ ထောင်ထားတယ်ဆိုတော့ သူတို့ ဘယ်လို ဖြေရှင်းနိုင်မလဲ ဆိုတာကိုတော့ မသိဘူး။ ဒါပေမဲ့ သူတို့ ရောက်ရင် လိုအပ်တဲ့ အစားအသောက်တွေ အဆင်သင့် ပြင်ဆင်ထားတယ်”ဟု သူက ပြောသည်။

ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် ရောက်ရှိနေသော မန္တလေးနှင့် မြင်းခြံတို့မှ လမ်းလျှောက်လာသူ လူငယ်အဖွဲ့သည် မနက်ဖြန် ညနေပိုင်းတွင် လိုင်ဇာမြို့သို့ ရောက်ရှိမည် ဖြစ်ကြောင်း လမ်းလျှောက်သူများမှ
ခေါင်းဆောင်ဖြစ်သူ ကိုသန့်ဇင်က ပြောသည်။

ယမန်နေ့က ဒေါ့ဖုန်းယန်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးလင်းက လမ်းလျှောက်အဖွဲ့ခေါင်းဆောင် ကိုသန့်ဇင်အား ခေါ်ယူ၍ လိုင်ဇာလမ်းတလျှောက် လုံခြုံရေးအခြေအနေများကို ရှင်းပြပြောဆိုခဲ့သည်ဟု ကိုသန့်ဇင်က
ပြောသည်။

“ဗျူဟာမှူးက လမ်းအခြေအနေ ရှင်းပြခိုင်းလို့ပါ ဆိုပြီးတော့ ကျနော်ကိုခေါ်တွေ့တယ်။ လမ်းမိုင်း အနေအထားတွေနဲ့ လုံခြုံမှု အားနည်းတယ်ဆိုတဲ့အကြောင်းတွေ ရှင်းပြတယ်။ ကျနော်တို့ တားတာ မဟုတ်ပါဘူး။ လမ်းက နယ်မြေ အနေအထားအရ လုံခြုံမှု အားနည်းတယ်။ သူ့ဘက် ကိုယ့်ဘက် ထောင်ထားတဲ့ မိုင်းတွေ ရှိတယ်။ အဲဒါလေးတွေ ရှင်းပြတာပါ။ မသွားပါနဲ့လို့လည်း မတားဘူးလို့ ပြောတယ်”ဟု ကိုသန့်ဇင်က ပြောသည်။

ငြိမ်းချမ်းရေး ရလိုကြောင်း ပြသလိုခြင်း ဖြစ်၍  မိုင်းရှိသော်လည်း မနက်ဖြန်တွင် လိုင်ဇာမြို့သို့ ထွက်ခွာမည်
ဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။ ထိုအဖွဲ့တွင် သံဃာ ၉ ပါးနှင့် လူ ပေါင်း ၄၅ ဦးရှိ လိုက်ပါလာသည်ဟု သိရသည်။

၎င်းတို့အဖွဲ့သည် KIO တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မိမိတို့ လိုလားသော ငြိမ်းချမ်းရေးသဘောထားကို ရှင်းပြပြီး KIO ၏ သဘောထားများကို နားထောင်သွားမည် ဖြစ်ကြောင်း ကိုသန့်ဇင်က ပြောသည်။

ထို့ပြင် လိုင်ဇာမြို့သို့ ရောက်ရှိပါက စစ်ပြေးဒုက္ခသည်စခန်း တာဝန်ရှိသူနှင့် တွေ့ဆုံ၍ စစ်ပြေး ဒုက္ခသည်များ အတွက် လမ်းတလျှောက် ပြည်သူများ လှူဒါန်းခဲ့သော် အလှူငွေ ၁၄၈ သိန်းကျော်အား ပေးအပ်လှူဒါန်းသွား မည် ဖြစ်ကြောင်း ကိုသန့်ဇင်က ပြောသည်။

ယင်းအဖွဲ့သည် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်းရှိ ကက်သလစ်ဘုရားကျောင်းတွင် တည်းခိုနေပြီး ယင်းဒေသရှိ ပြည်သူ များသည်လည်း စစ်ပြေးဒုက္ခစခန်းတွင် မနေရသော်လည်း စစ်ပြေးဒဏ်ကို ခံစားနေရသည်ကို တွေ့ရသည်ဟု သူက ဆက်ပြောသည်။

လတ်တလော ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ ဆေးရုံတွင် တာဝန်ကျ ဆရာဝန် မရှိခြင်းကြောင့် လူနာများ မရှိသဖြင့်  အစိုးရ စစ်တပ်ဖွဲ့များက ဆေးရုံဝင်းအတွင်း အခြေချ နေထိုင်နေသည်ဟု ဒေသခံများထံမှ သိရသည်ဟု ဆိုသည်။

ထို့ပြင် ယမန်နှစ် အောင်တိုဘာလမှ စတင်၍ ဒေါ့ဖုန်းယန်မြို့ အထက်တန်းကျောင်းတွင် တောင်ကျချောင်းတခုမှ သွယ်တန်းယူထားသော ပိုက်လိုင်းတွင် ရေမလာတော့သဖြင့် သောက်သုံးရေ ပြတ်လတ်မှုများ ကြုံတွေ့နေရသည်
မှာ ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ ပြန်လည် ပြင်ဆင်မည်ဟုဆိုသော်လည်း မိုင်းကွင်းများ ရှိသည်ဟုဆိုသဖြင့်
ရေပိုက်လိုင်း ပြင်ဆင်ရန် မဖြစ်နိုင်ဘဲ ဖြစ်နေသည်ဟု ဆိုသည်။

ထို့ပြင် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက်လာသူ လူ ၁၀၀ ကျော်ပါ အဖွဲ့က ယနေ့ သောကြာနေ့တွင် မရန်းကျေးရွာတွင် ရောက်ရှိနေပြီ ဖြစ်ပြီး မနက်ဖြန် စနေနေ့တွင် ရှဒေါင်ကျေးရွာတွင် ရပ်နားမည် ဖြစ်သလို၊ တနင်္ဂနွေနေ့တွင် ပမ္မတီးကျေးရွာတွင် ရောက်ရှိကြမည် ဖြစ်ကြောင်း လမ်းလျှောက်အဖွဲ့မှ ကိုဝင်းချိုက ပြောသည်။

လာမည့် မတ်လ ၁၂ ရက်နေ့တွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိမည် ဖြစ်ပြီး ထိုမှ နှစ်ဖက် အာဏာပိုင် အဖွဲ့အစည်း များနှင့် ညှိနှိုင်းမှုများ လိုင်ဇာမြို့သို့ ဆက်လက် ဆက်သွားမည် ဖြစ်ကြောင်း သူက  ပြောသည်။
Continue Reading | comments

ခွင့်ပြုချက် မရသေး၍ ကုလ အကူအညီများ ဖားကန့်သို့ မရောက်ခဲ့

 ကမ္ဘာ့ကုလသမဂ္ဂ က ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ပထမဆုံး
အကြိမ် စားနပ်ရိက္ခာများ စတင်ပို့ဆောင်မည်ဟု သိရသော်လည်း ဗုဒ္ဓဟူးနေ့က သွားရောက်နိုင်ခြင်း မရှိခဲ့ခြင်းမှာ
နိုင်ငံခြားသား နှစ်ဦး ပါဝင်နေခြင်းကြောင့် အာဏာပိုင်များ ဆိုင်းငံ့ထားသည်ဟု သိရကြောင်း ကချင်လွတ်လပ်ရေး
အဖွဲ့ KIO က ဆိုသည်။

ကုလမှ စားနပ်ရိက္ခာ သယ်ဆောင်လာသော ဆယ်ဘီးကား ၇ စီးမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၈ နာရီတွင်
မြစ်ကြီးနားမြို့မှ ဖားကန့်မြို့သို့ ရောက်ရှိလာမည်ဟု ဆိုသဖြင့် KIA တပ်ဖွဲ့များအား လုံခြုံရေး တာဝန်ယူရန် ညွန်ကြားထားသည်ဟု KIA တပ်ရင်းမှူး ဒု-ဗိုလ်မှူးဇော်ဒွဲက ပြောသည်။

“ဒီနေ့ မနက် ၈ နာရီကျော်လောက်ကနေ ထွက်လာမယ်။ ကား ၇ စီး ရောက်လာမယ်လို့ သိရတယ်။ ကျနော်တို့က တက်လာပြီဆိုပြီး နားလည်ထားတာ။ ကျနော်တို့လည်း ဝမ်းသာတယ်။ ကျနော်တို့ လုံခြုံရေး ယူပေးမယ်ဆိုပြီး
ရှေ့တန်းတပ်ဖွဲ့တွေကို ညွန်ကြားထားတယ်” ဟု မဇ္ဈိမကို ပြောသည်။

နိုင်ငံခြားသား နှစ်ဦး သွားရောက်ခွင့် ရှိမရှိကို နေပြည်တော် ဗဟိုအစိုးရထံ တင်ပြထားသည်ဟု သိရကြောင်းလည်း သူက ဆိုသည်။

“နိုင်ငံခြားသား နှစ်ဦးပါလို့ နေပြည်တော်ကို မေးထားတယ်။ သူတို့ကို မသွားခိုင်းဘူး။ မနက်ဖြန်မှ သေချာမယ်ထင်
တယ်။ နဂိုက နိုင်ငံခြားသား ပါမယ်ဆိုတာ မသိလို့ထင်တယ်။ ဒီနေ့တော့ မလာနိုင်ဘူးလို့ ပြောတယ်” ဟု ဆက်ပြော
သည်။

မြန်မာအစိုးရတပ်နှင့် KIO တို့အကြား တိုက်ပွဲ တနှစ်ကျော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် ကုလ အကူအညီအား ပထမဆုံး
အကြိမ်အဖြစ် ရရှိမည်ဖစ်၍ ကြိုဆိုကြောင်း သူက ဆက်ပြောသည်။

သို့သော် မြစ်ကြီးနားမြို့ရှိ ကုလသမဂ္ဂ အဖွဲ့မှ ဒေါက်တာစည်သူကမူ “ကျနော်တို့ ဒီနေ့တော့ မထွက်လာသေးပါဘူး။ ကျနော်တို့ဘက်က လုပ်စရာလေးတွေ ရှိနေသေးလို့ပါ ”ဟု မဇ္စျိမကို ပြောသည်။ မည်သည့် အကြောင်းအရင်း
ကြောင့် အသွားရောက်နိုင်သည်ကိုမူ ပြောဆိုခြင်း မရှိပေ။

ဖားကန့်မြို့သို့ စစ်ပြေးဒုက္ခသည်များအား သွားရောက် လှူဒါန်းမည်ဟု သိရသော်လည်း ခွင့်ပြုချက်မရသေးသဖြင့် ဗုဒ္ဓဟူးနေ့တွင် သွားရောက်နိုင်ခြင်း မရှိသေးကြောင်း ကုလသမဂ္ဂအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုခဲ့သည်ဟု ဖားကန့်
နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရ ဆရာဘောင် တူးဂျာ က “ခွင့်မပြုလို့ မနက်ဖြန်၊ သဖက်ခါ သူတို့ ကြိုးစား
ကြည့်မယ်လို့ ပြောတယ်” ဟု ပြောသည်။ မည်သူက ခွင့်မပြုကြောင်းကိုမူ မသိရဟု ဆိုသည်။

ဖားကန့်မြို့ပေါ် ငှက်ပျော်တော၊ လုံးခင်း၊ ဆိုင်းတောင်၊ မှော်စီဆာ စသည့် ရပ်ကွက်များရှိ ခရစ်ယာန် ဘုရားကျောင်းများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ အတွင်းရှိ စစ်ပြေးဒုက္ခသည် စခန်း ၃၆ ခုတွင် ဒုက္ခသည် ၇,၀၀၀ ကျော်ရှိနေသည်ဟု သိက္ခတော်ရ ဆရာဘောင်တူးဂျာက ပြောသည်။

အစိုးရ စစ်ကြောင်းများ လှုပ်ရှားနေသဖြင့် လုံခြုံရေး စိတ်မချရ၍ စစ်ပြေး ဒုက္ခသည်များက မိမိနေရပ်သို့ မပြန်ရဲဘဲ
ဖြစ်နေကြသည်ဟု ဆိုသည်။

ငှက်ပျော်တော ကက်သလစ်ဘုရားကျောင်းတွင် ဒုက္ခသည်ပေါင်း ၁,၇၀၀ ကျော် ခိုလှုံနေပြီး အများအားဖြင့် စိတ်ပိုင်းဆိုင်ရာ ခံစားနေချိန်အတွင်း ကုလသမဂ္ဂမှ ကူညီမည်ဟုသိရသဖြင့် ကြိုဆိုကြောင်း ဒုက္ခသည်များအား ကူညီပေးနေသော ဦးနော်ဂျာ က ပြောသည်။

“အကူအညီပေးတယ်ဆိုတော့ ကြိုဆိုရမှာပေါ့။ လူတွေက စိတ်ပိုင်းဆိုင်ရာ ဒုက္ခရောက်တဲ့လူ ပိုများလာတယ်။ စိတ်ဆင်းရဲ တာတွေ၊ သူတို့ ကိုယ်ကာယ စိတ်ဆင်းရဲ အစစအရာရာ ဒုက္ခရောက်နေတဲ့ အချိန်မှာ ကူညီတယ် ဆိုတာတော့ ကြိုဆိုရမှာပါ” ဟု မဇ္စျိမကို ပြောသည်။
Continue Reading | comments

“အစိုးရနှင့် ကေအိုင်အေ လိုလားမှုမရှိဘဲ ငြိမ်းချမ်းရေးဝင်လုပ်မည်ဆိုက မိမိကိုယ်ကို အထင်ကြီးရာရောက်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော”




အစိုးရနှင့်ကေအိုင်အေ လိုလားမှုမရှိဘဲ ငြိမ်းချမ်းရေးအတွက် ဝင်လုပ်မည် ဆိုက မိမိကိုယ်ကိုအထင်ကြီးရာရောက်နိုင်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

''ကျွန်မကိုဆိုလို့ရှိရင် ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် ထဲမှာ မပါဝင်ဘူးလားဆိုပြီး မေးမြန်းကြ၊ ဝေဖန်ကြတာတွေရှိပါ တယ်။ ကျွန်မအမြဲပါဝင်ချင်ပါတယ်။ အချိန်မရွေးလိုလားတယ်ဆိုရင် ပါဝင်ဖို့ အဆင်သင့်ရှိတယ်လို့ ထုတ်ဖော်ပြီးသားပါ။ ဘာလို့မပါလဲဆိုရင် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အောင်အောင်မြင်မြင် ပါဝင်နိုင်ဖို့ဆိုတာ ကာယကံရှင်တွေက လိုလားမှဖြစ်မှာပါ။ ဒီနိုင်ငံရဲ့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျွန်မကို ပါဝင်ဖို့ ကာယကံရှင်များ က လိုလားတယ်၊ ဖိတ်ဆိုတယ်ဆိုရင် ကျွန်မဘယ်တော့မှငြင်းမှာ မဟုတ်ပါဘူး''ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၏ (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန် မြို့ တော်ဝင်နှင်းဆီ၌ ကျင်းပသောပွဲ သို့ပေးပို့သော ဗွီဒီယိုသဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''မျှဝေခံစားမှုဆိုတာ ကျွန်မတို့နိုင်ငံမှာ တိုးတက်လာပြီလို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီတစ် နှစ်အတွင်းမှာ ကချင်ပြည်နယ် ရခိုင်ပြည် နယ်တွေမှာ ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကချင်၊ ရခိုင်မှာမနေတဲ့ အဲဒီ့နယ်မြေနဲ့ ပတ်သက်မှုလည်း မရှိတဲ့ နိုင်ငံသူ နိုင်ငံသားများဟာ အာရုံစူးစိုက်ပြီး စိတ်ပူပြီး ကောင်းတဲ့ဘက်ကို သွားစေချင်တဲ့ စိတ်ဆန္ဒတွေ ပေါ်လာတယ်ဆိုတာ မြင်ရပါတယ်။ ပူပန်ရုံ စိုးရိမ်ရုံတင် မကဘူး ထိထိရောက် ရောက်ကူညီတဲ့ အဖွဲ့တွေလည်း ပေါ်လာတယ်။ ဥပမာ ကချင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာဖို့ တချို့အနုပညာရှင်တွေက လှုပ်ရှားတာ၊ ကြိုးပမ်းတာ၊ ဒီလိုကိစ္စတွေဟာ ကျွန်မတို့နိုင်ငံမှာ မျှ ဝေခံစားချင်တဲ့ စိတ်ဓာတ်တွေ တဖြည်းဖြည်း အားသာ လာတယ်လို့ ကျွန်မဒီလိုပဲ မြင်ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာတွင် ထည့်သွင်းပြောသည်။

လက်ရှိ မျှဝေခံစားမှု အခြေ အနေသည်လုံလောက်သည့် အတိုင်း အတာထိ မရောက်ရှိသေးသော် လည်း မျှော်လင့်ချက်ရှိသည့် အတိုင်းအတာ ရှိသည် ဟု ဒေါ် အောင်ဆန်းစုကြည်က ဆက်လက် ပြောသည်။
ယင်းအပြင် လွှတ်တော်သို့ တက်ရောက်နေသော ဒေါ်အောင်ဆန်းစုကြည် အား ဇန်နဝါရီလအတွင်းက ကချင်ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မေးမြန်းရာ ''လုပ်ပိုင်ခွင့် ဆိုတာထက် လေ့လာပြီးတော့ ပါဝင်ဖို့ ကိုယ့်မှာအကြောင်း ပါလာလို့ ရှိရင် ကော်မတီမှာ လုပ်ရမှာပေါ့။ ဒါပေမဲ့ အစိုးရရဲ့ဆွေးနွေး ပွဲတွေမှာ ပါဝင်ဖို့ဆိုတာကတော့ မဖိတ်ခေါ်ဘဲနဲ့ ဝင်ပါလို့မရဘူးပေါ့'' ဟု ပြန် လည်ဖြေကြားခဲ့သည်။

ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာသည် ဒီမိုကရေစီပြဿနာ ဖြစ်ပြီး မျိုးနွယ်စုများအကြား အမြစ်တွယ်နေသည့် ကျဉ်းမြောင်းသော လူမျိုးရေး ဝါဒနှင့်လူမျိုးကြီး ဝါဒခံ စားမှုများကို လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ စစ်မှန်သောကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် များဖြင့်သာ ကုစားနိုင်မည်ဟု (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ ကြေညာချက်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂ဝ၁၃ ခုနှစ် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ပေးပို့သော သဝဏ် လွှာတွင် မြန်မာနိုင်ငံသည် လက်ရှိ အခြေအနေတွင် ဒီမိုကရေစီစနစ် ဆက်လက် ရှင်သန်ဖွံ့ဖြိုးရန်အတွက် နိုင်ငံရေးတည်ငြိမ်မှုနှင့် လက်နက် ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိရန်မှာ အဓိက လိုအပ် ချက် ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်တွင် နိုင်ငံသား အားလုံးပါဝင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အစိုးရသစ်အနေဖြင့် နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရန် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ နိုင်ငံတော်ကာကွယ်ရေးအင်အား တောင့်တင်းရန် လိုအပ်သည် ဟု ခံယူထားကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန် ပေး ပို့သော သဝဏ်လွှာအရ သိရသည်။

ဝေမာထွန်း

Continue Reading | comments

နိုင်ငံခြား သတင်းထောက်များအတွက် ကာလရှည်ဗီဇာများ ထုတ်ပေးတော့မည်၊ သတင်းထောက်များ အနေဖြင့် ခရီးသွားဗီဇာ သို့မဟုတ် အမည်ဝှက်ဖြင့် ဝင်ရောက်လာရန် မလိုတော့



သတင်းစာ လွတ်လပ်ခွင့်ကို ကျယ်ကျယ်ပြန့်ပြန့်ပေးရန် ရည်ရွယ် ၍ စည်းမျဉ်းဥပဒေသစ်များ ပြဋ္ဌာန်းပြီးနောက် တွင် နိုင်ငံခြား သတင်းထောက်များကို ကာလတို၊ ကာလရှည် ဂျာနယ်လစ်ဗီဇာများဖြင့် တစ်နှစ်ကြာ အတိုင်း အတာ အထိ မြန်မာနိုင်ငံတွင် နေထိုင်အလုပ် လုပ်နိုင်ရန် ခွင့်ပြုတော့မည် ဖြစ်ကြောင်း သိရှိရသည်။
စည်းမျဉ်း ဥပဒေသစ်များမှာ ပြည်တွင်း၊ ပြည်ပသတင်းထောက် များကို အစိုးရအရာရှိများနှင့် ထိ တွေ့ခွင့် ပိုမို ရရှိရန် ရည်ရွယ်ခြင်း ဖြစ်ပြီး လာမည့် ဧပြီလ လယ်လောက် တွင် စတင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီး နှင့် သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ဂါးဒီးယန်း သတင်းစာသို့ ပြောကြား ခဲ့သည်။

“အတိတ်ကာလ တုန်းကတော့ အစိုးရက ဂျာနယ်လစ်တွေရဲ့ လှုပ် ရှားမှုတွေကို ထိန်းချုပ်ဖို့ကြိုးစားတဲ့ အနေနဲ့ ဂျာနယ်လစ် ဗီဇာတွေ ထုတ်ပေးခဲ့တာ။ အခုတော့ ဝန်ကြီးဌာနတွေဆီ ဂျာနယ်လစ်တွေ ရောက်နိုင်ဖို့ ကျွန်တော်တို့က ဗီဇာထုတ်ပေးမှာ။ တကယ်လို့ သူက အစိုးရ အရာရှိတစ်ဦးနဲ့ အင်တာဗျူး လုပ်ချင်တယ်။ ဒါပေမယ့် သူ့မှာ ဂျာနယ်လစ် ဗီဇာမရှိရင် သူတွေ့ခွင့် ရနိုင်မှာ မဟုတ်ဘူး” ဟု သူက ဆိုပါသည်။

ဤလုပ်ဆောင်ချက်က သတင်းထောက်များ အနေဖြင့် ခရီးသွားဗီဇာ သို့မဟုတ် အမည်ဝှက်ဖြင့် ဝင်ရောက် လာရန် မလိုတော့ဟု အဓိပ္ပာယ်ရပြီး မြန်မာနိုင်ငံ၏ စာပေဆင်ဆာ ဥပဒေများ အားလုံး မဟုတ်သည့်တိုင် အချို့ကို ဖျက်သိမ်း ကာ နိုင်ငံခြား သတင်းသမား အများစုကို အမည်မည်း စာရင်းမှ ဖယ်ရှားပေးခဲ့ရာမှ ဆက် လက်ပေါ်ပေါက် လာခြင်း ဖြစ်သည်။

ထို့ပြင် အစိုးရအရာရှိများကို သတင်းစာနှင့် ဆက်ဆံတတ်အောင် ရည်ရွယ်၍ ယူနက်စကိုနှင့်ဒေသခံ မီဒီယာများ ကြီးကြပ်သည့် သင်တန်းများလည်း ပို့ချခဲ့ကြောင်း ဦးရဲထွဋ် က ပြောသည်။ “ဟိုတုန်းကတော့ ဂျာနယ်လစ် တော်တော် များများဟာ တိုးရစ်ဗီဇာနဲ့ မြန်မာနိုင်ငံကို ဝင်လာကြတယ်။ အစိုးရ အရာရှိတွေက သူတို့နဲ့ ပြောတဲ့ ဆိုတဲ့ နေရာမှာ အမှားပါသွားရင် သူတို့ အလုပ်ပြုတ်မှာ။ ဒီတော့ သူတို့က အထူးသတိ ထားရတယ်။  တစ်ခါတလေ ဆို နိုင်ငံခြား ဂျာနယ်လစ်တွေနဲ့ စကားပြောရမှာ ဝန်လေးကြတယ်” ဟု သူ က ရှင်းလင်း ပြောပြ သည်။

ယခုအခါ သမ္မတ ဦးသိန်းစိန် ၏ ညွှန်ကြားချက်ဖြင့် ဝန်ကြီးဌာနတိုင်းတွင် မီဒီယာမေးမြန်းမှုများကို ဖြေကြားရန် ကိုယ်ပိုင် ပြောရေးဆိုခွင့် ရှိသူများ ထားရှိသည်ဟု သိရသည်။ မီဒီယာစည်းမျဉ်း ဥပဒေသစ်များအရ ဂျာနယ်လစ် များသည် တရားဝင် အသိအမှတ်ပြုမှု ရရှိရန် CV ဖောင် နှင့် မိမိတို့ သတင်းဌာနမှ ထောက်ခံစာ လိုအပ်မည် ဖြစ်သည်။ ခွင့်ပြုချက် ရရှိပါက ထိုသတင်းထောက်များကို Free Press Card နှင့် မြန်မာနိုင်ငံတွင် လုပ်ငန်း လုပ်ဆောင်မည့် အချိန် ကာလအတွက် ဗီဇာများထုတ်ပေးမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင်း ဝင်ထွက် သွားလာမည့် သတင်းသမား များကို ၃ လမှ ၆ လကြား ကြူအင-နညအမပ ဗီဇာများခွင့်ပြုမည် ဖြစ်ပြီး နိုင်ငံခြား သတင်းဌာန ဖွင့်လှစ်ရန် ရည်ရွယ်သူများကို ၁ နှစ်အထိ ဗီဇာ များ ထုတ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးက  ပြောကြားသည်။ စည်းမျဉ်း ဥပဒေသစ်များ ပြီးစီးလျှင် တိုး ရစ်ဗီဇာဖြင့် မြန်မာနိုင်ငံသို့ ဝင်လာပြီး သတင်း ရေးသား ပေးပို့သူ သတင်း သမားများကို တရားမဝင် သတ်မှတ်မည် ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုပါသည်။ ပြည်တွင်း သတင်းသမား များကိုလည်း ဧပြီလပတ်ဝန်းကျင် တွင် လွတ်လပ်သော စာနယ်ဇင်းကောင်စီမှ စာနယ်ဇင်းကတ်များ ထုတ်ပေးသွားမည်ဟု သူက ဖြည့်စွက် ပြောကြားခဲ့သည်။ အခွင့်အရေး လှုပ်ရှားသူ အဖွဲ့များကမူ ဤသတင်းကို သတိဖြင့် ကြိုဆိုလိုက်ပြီး ဗီဇာကို မည်သည့် အချက်များပေါ်တွင် မူတည် အကဲဖြတ်မည်၊ အစိုးရအပေါ် ဝေဖန် ခွင့်ပြုမည်၊ လွတ်လပ်စွာ သတင်း ရေးသားခွင့် ပြုမည်၊ မပြုမည်ကို မသိ ရသေးကြောင်း သတိပေး ပြောဆိုကြသည်။


Ref: kate Hodal;guardian.co.uk
Continue Reading | comments
 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG